ကိုယ်စကား နားမထောင်တဲ့ ဂိုးသမားကိုပဲ ခေါ်ယူချင်တဲ့ လာဇီယိုနည်းပြဆာရီ

လာဇီယိုအသင်းနည်းပြဆာရီဟာ ချယ်လ်ဆီးအသင်းနည်းပြအဖြစ်

ဆောင်ရွက်ခဲ့ချိန်တုန်းက ပြဿနာတက်ခဲ့ဖူးတဲ့ ဂိုးသမားကီပါကို

လာဇီယိုအသင်းဆီခေါ်ယူသွားဖို့ မျက်စိကျနေပါတယ်။ ဆာရီဟာ

၂၀၁၈-၁၉ ရာသီက ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တစ်ရာသီသာကိုင်တွယ်ခဲ့ဖူးပြီး

မန်စီးတီးနဲ့ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ဆာရီက ဂိုးသမားကီပါကို

လူစားလဲဖို့ပြင်ဆင်ခဲ့ပေမယ့် ကီပါက ငြင်းဆန်ပြီးတော့

ပွဲကို ဆက်လက်ကစားခဲ့တာကြောင့် ဆာရီတစ်ယောက်

အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့တာပါ။

အခုအချိန်မှာတော့ နှစ်ယောက်စလုံးအတွက် ဒီအဖြစ်အပျက်က အတိတ်မှာကျန်ခဲ့ပြီဖြစ်ပြီး

ဆာရီဟာ အသင်းရဲ့ဂိုးသမားပြဿနာကိုဖြေရှင်းဖို့ ကီပါကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

အခုလောလောဆယ် လာဇီယိုအသင်းရဲ့ဂိုးသမားနှစ်ဦးဖြစ်တဲ့

စတရာကိုရှာနဲ့ရီနာတို့ရဲ့စာချုပ်က ၂၀၂၂ ခုနှစ်ကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး

စပိန်ဝါရင့်ဂိုးသမားကြီးရီနာကလည်း အသက်(၄၀)ပြည့်တော့မှာဖြစ်လို့

စာချုပ်သက်တမ်းပြည့်ရင် အသင်းနဲ့လမ်းခွဲဖို့ရှိနေပါတယ်။

အဲဒါကြောင့် ဆာရီဟာ ကီပါကိုခေါ်ယူပြီးတော့ အသင်းရဲ့ဂိုးသမားပြဿနာကို

ပြေလည်အောင်ဖြေရှင်းချင်နေတာဖြစ်ပြီး အငှားနဲ့အရင်ဆုံးခေါ်ယူနိုင်အောင်

ကြိုးပမ်းသွားဖို့ရှိနေပါပြီ။ ဆာရီဟာ ချယ်လ်ဆီးအသင်းကို,ကိုင်တွယ်ခဲ့ချိန်က

ဘီလ်ဘာအိုအသင်းဆီကနေ ကီပါကို ဂိုးသမားတစ်ဦးအတွက်

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၈၀)နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး

ကီပါဟာ ဆာရီမရှိတော့တဲ့နောက်ပိုင်း မန်ဒီရဲ့နောက်မှာ

ဒုတိယဦးစားပေးအဖြစ်သာ ပါဝင်ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။

zawgyi

ကိုယ္စကား နားမေထာင္တဲ့ ဂိုးသမားကိုပဲ ေခၚယူခ်င္တဲ့ လာဇီယိုနည္းျပဆာရီ

လာဇီယိုအသင္းနည္းျပဆာရီဟာ ခ်ယ္လ္ဆီးအသင္းနည္းျပအျဖစ္

ေဆာင္႐ြက္ခဲ့ခ်ိန္တုန္းက ျပႆနာတက္ခဲ့ဖူးတဲ့ ဂိုးသမားကီပါကို

လာဇီယိုအသင္းဆီေခၚယူသြားဖို႔ မ်က္စိက်ေနပါတယ္။ ဆာရီဟာ

၂၀၁၈-၁၉ ရာသီက ခ်ယ္လ္ဆီးအသင္းနည္းျပအျဖစ္ တစ္ရာသီသာကိုင္တြယ္ခဲ့ဖူးၿပီး

မန္စီးတီးနဲ႔ကစားခဲ့တဲ့ လိဂ္ဖလားဗိုလ္လုပြဲမွာ ဆာရီက ဂိုးသမားကီပါကို

လူစားလဲဖို႔ျပင္ဆင္ခဲ့ေပမယ့္ ကီပါက ျငင္းဆန္ၿပီးေတာ့

ပြဲကို ဆက္လက္ကစားခဲ့တာေၾကာင့္ ဆာရီတစ္ေယာက္

အႀကီးအက်ယ္ေဒါသေပါက္ကြဲခဲ့တာပါ။ အခုအခ်ိန္မွာေတာ့

ႏွစ္ေယာက္စလုံးအတြက္ ဒီအျဖစ္အပ်က္က အတိတ္မွာက်န္ခဲ့ၿပီျဖစ္ၿပီး

ဆာရီဟာ အသင္းရဲ႕ဂိုးသမားျပႆနာကိုေျဖရွင္းဖို႔ ကီပါကိုေခၚယူလိုေနတာျဖစ္ပါတယ္။

အခုေလာေလာဆယ္ လာဇီယိုအသင္းရဲ႕ဂိုးသမားႏွစ္ဦးျဖစ္တဲ့

စတရာကိုရွာနဲ႔ရီနာတို႔ရဲ႕စာခ်ဳပ္က ၂၀၂၂ ခုႏွစ္က်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး

စပိန္ဝါရင့္ဂိုးသမားႀကီးရီနာကလည္း အသက္(၄၀)ျပည့္ေတာ့မွာျဖစ္လို႔

စာခ်ဳပ္သက္တမ္းျပည့္ရင္ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနပါတယ္။

အဲဒါေၾကာင့္ ဆာရီဟာ ကီပါကိုေခၚယူၿပီးေတာ့ အသင္းရဲ႕ဂိုးသမားျပႆနာကို

ေျပလည္ေအာင္ေျဖရွင္းခ်င္ေနတာျဖစ္ၿပီး အငွားနဲ႔အရင္ဆုံးေခၚယူႏိုင္ေအာင္

ႀကိဳးပမ္းသြားဖို႔ရွိေနပါၿပီ။ ဆာရီဟာ ခ်ယ္လ္ဆီးအသင္းကို,ကိုင္တြယ္ခဲ့ခ်ိန္က

ဘီလ္ဘာအိုအသင္းဆီကေန ကီပါကို ဂိုးသမားတစ္ဦးအတြက္

ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း(၈၀)နဲ႔ေခၚယူခဲ့တာျဖစ္ၿပီး

ကီပါဟာ ဆာရီမရွိေတာ့တဲ့ေနာက္ပိုင္း မန္ဒီရဲ႕ေနာက္မွာ

ဒုတိယဦးစားေပးအျဖစ္သာ ပါဝင္ကစားခြင့္ရရွိေနတာျဖစ္ပါတယ္။