ကိုယ့်အသင်း ချန်ပီယံလိဂ် ပြုတ်ချိန်မှာ ဘိုင်ယန် အဝတ်လဲခန်းထဲသွားပြီး ဘော်ဒါတွေနဲ့ဧည့်ခံကောင်းလို့ ဝေဖန်ခံနေရတဲ့ လီဝန်ဒေါစကီး

ဘာစီလိုနာ ဝ-၃ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာတော့ လီဝန်ဒေါစကီးက သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ရှိရာ

ဘိုင်ယန်မြူးနစ်ရဲ့ အဝတ်လဲခန်းထဲကို သွားရောက်ပြီး ဘိုင်ယန်မြူးနစ်ကအသင်းဖော်ဟောင်းတွေနဲ့ နှုတ်ဆက်ရင်း စကားလက်ဆုံကျခဲ့ပါတယ်။

ဒီပိုလန်သားအတွက်တော့ သူနှစ်အတော်ကြာအောင် ကစားခဲ့တဲ့ အသင်းဟောင်းရဲ့ ကစားဖော်တွေက

ညီအစ်ကိုလို သူငယ်ချင်းအရင်းကြီးတွေ ဖြစ်နေတာကမဆန်းကြယ်ပါဘူး။

သောမတ်စ် မူလာဆိုရင်လည်း ဘာစီလိုနာနဲ့ မကစားခင် ခရီးစဉ်မှာကတည်းက လီဝန်ဒေါစကီးကို နာမည်တပ်ပြီး

ငါတိုတွေလာနေပြီနော် ဆိုပြီး စနောက်ခဲ့တာဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။

ဂိုးပြတ်ရှုံးသွားတော့လည်း တစ်ဘက်ခံရတဲ့ အသင်းပရိသတ်တွေကတော့ ဒေါသထွက်တာပေါ့။

ဒါကြောင့်လည်း ဘာစီလိုနာ ပရိသတ်တွေဟာ ကိုယ့် အသင်းက ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရချိန်မှာ

တစ်ဖက်အသင်းရဲ့ အဝတ်လဲခန်းထဲ သွားပြီး လေပန်းနေခဲ့တဲ့ လီဝန်ဒေါစကီးဆီကို ဒေါသတွေပုံကျသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ဒီနှစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားရတော့မှာဖြစ်ပါတယ်။

ဒါဟာ သူ့အတွက်တော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ဒီပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဆင်းသက်ရမှာလည်းဖြစ်ပါတယ်။

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဘာစီလိုနာနဲ့အတူ

၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ပရိသတ်တွေက “သူ့ရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် အခုလို ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကိုတောင် ကိုယ့်အပြစ်ကိုယ် မသိသေးတဲ့ကောင်” ၊

“ဒီကောင်က ငါတို့အသင်းဆီ စပိုင်လုပ်ဖို့ ရောက်လာတာများလား” ၊

“အဲကောင်လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်ဆီ ပြန်သွားချင်နေတာလား ၊ ဒီလိုကောင်မျိုးတွေကို အစောကြီးထဲက မလိုချင်ခဲ့ဘူး” ၊

“လီဝန်ဒေါစကီးကလျှာနှစ်ခွနဲ့ကောင်အသင်းကနေ ထွက်သွား ” စသဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

zawgyi

ကိုယ့္အသင္း ခ်န္ပီယံလိဂ္ ျပဳတ္ခ်ိန္မွာ ဘိုင္ယန္ အဝတ္လဲခန္းထဲသြားၿပီး ေဘာ္ဒါေတြနဲ႔ဧည့္ခံေကာင္းလို႔ ေဝဖန္ခံေနရတဲ့ လီဝန္ေဒါစကီး

ဘာစီလိုနာ ဝ-၃ ဘိုင္ယန္ျမဴးနစ္ ပြဲအၿပီးမွာေတာ့ လီဝန္ေဒါစကီးက သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းေတြ ရွိရာ

ဘိုင္ယန္ျမဴးနစ္ရဲ႕ အဝတ္လဲခန္းထဲကို သြားေရာက္ၿပီး ဘိုင္ယန္ျမဴးနစ္ကအသင္းေဖာ္ေဟာင္းေတြနဲ႔ ႏႈတ္ဆက္ရင္း စကားလက္ဆုံက်ခဲ့ပါတယ္။

ဒီပိုလန္သားအတြက္ေတာ့ သူႏွစ္အေတာ္ၾကာေအာင္ ကစားခဲ့တဲ့ အသင္းေဟာင္းရဲ႕ ကစားေဖာ္ေတြက

ညီအစ္ကိုလို သူငယ္ခ်င္းအရင္းႀကီးေတြ ျဖစ္ေနတာကမဆန္းၾကယ္ပါဘူး။

ေသာမတ္စ္ မူလာဆိုရင္လည္း ဘာစီလိုနာနဲ႔ မကစားခင္ ခရီးစဥ္မွာကတည္းက လီဝန္ေဒါစကီးကို နာမည္တပ္ၿပီး

ငါတိုေတြလာေနၿပီေနာ္ ဆိုၿပီး စေနာက္ခဲ့တာဟာလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ပါေသးတယ္။

ဂိုးျပတ္ရႈံးသြားေတာ့လည္း တစ္ဘက္ခံရတဲ့ အသင္းပရိသတ္ေတြကေတာ့ ေဒါသထြက္တာေပါ့။

ဒါေၾကာင့္လည္း ဘာစီလိုနာ ပရိသတ္ေတြဟာ ကိုယ့္ အသင္းက ဂိုးျပတ္ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ကေန ထြက္ခြာခဲ့ရခ်ိန္မွာ

တစ္ဖက္အသင္းရဲ႕ အဝတ္လဲခန္းထဲ သြားၿပီး ေလပန္းေနခဲ့တဲ့ လီဝန္ေဒါစကီးဆီကို ေဒါသေတြပုံက်သြားခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာတိုက္စစ္မႉး လီဝန္ေဒါစကီးကေတာ့ ဒီႏွစ္မွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို ကစားရေတာ့မွာျဖစ္ပါတယ္။

ဒါဟာ သူ႔အတြက္ေတာ့ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွာ ဒီၿပိဳင္ပြဲဆီကို ပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္ဆင္းသက္ရမွာလည္းျဖစ္ပါတယ္။

လီဝန္ေဒါစကီးက ဘိုင္ယန္ျမဴးနစ္ ကေန ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ဘာစီလိုနာနဲ႔အတူ

၂၀၂၇ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ ကာလရွည္ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုထားသူလည္း ျဖစ္ပါတယ္။

ဘာစီလိုနာ ပရိသတ္ေတြက “သူ႔ရဲ႕ အဆုံးသတ္ မေသခ်ာမႈေတြေၾကာင့္ အခုလို ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာကိုေတာင္ ကိုယ့္အျပစ္ကိုယ္ မသိေသးတဲ့ေကာင္” ၊

“ဒီေကာင္က ငါတို႔အသင္းဆီ စပိုင္လုပ္ဖို႔ ေရာက္လာတာမ်ားလား” ၊

“အဲေကာင္လီဝန္ေဒါစကီးက ဘိုင္ယန္ျမဴးနစ္ဆီ ျပန္သြားခ်င္ေနတာလား ၊ ဒီလိုေကာင္မ်ိဳးေတြကို အေစာႀကီးထဲက မလိုခ်င္ခဲ့ဘူး” ၊

“လီဝန္ေဒါစကီးကလွ်ာႏွစ္ခြနဲ႔ေကာင္အသင္းကေန ထြက္သြား ” စသျဖင့္ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကပါတယ္။