ကိုယ့်အသင်းဘက်ကို ပြိုင်ဘက်က ဂိုးပေါက်ခြိမ်းခြောက်မှု မလုပ်နိုင်တဲ့ပွဲတွေကစားရတာ ပျင်းစရာတယ်လို့ အီဒါဆင် ပြောကြား

မန်စီးတီးအသင်းဂိုးသမားအီဒါဆင်က ပြီးခဲ့တဲ့မန်ချက်စတာဒါဘီပွဲလိုမျိုး

ကိုယ့်အသင်းဘက်ကို ပြိုင်ဘက်က ဂိုးပေါက်ခြိမ်းခြောက်မှု

မလုပ်နိုင်တဲ့ပွဲတွေကစားရတာ ပျင်းစရာကောင်းပြီး

အဲဒီလိုပွဲတွေမှာ အာရုံစိုက်ကစားဖို့ခက်တယ်လို့

ဝန်ခံပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းက မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို

(၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်း

ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မှမရှိခဲ့တာကြောင့်

အီဒါဆင်တစ်ယောက် ဘာမှမလုပ်လိုက်ရဘဲ

ကွင်းလယ်စည်းအထိ တက်ပြီးတော့ ပွဲထိုင်ကြည့်နေတဲ့ဓာတ်ပုံကို

ပရိသတ်တွေက အွန်လိုင်းပေါ်မှာ Troll လုပ်နေကြပါတယ်။

အီဒါဆင်က မန်စီးတီးအသင်း တိုက်စစ်ဆင်ကစားတဲ့အခါ

ပြိုင်ဘက်အသင်းက ခံစစ်မှာပဲ အချိန်ကုန်နေရတာက

မထူးဆန်းပေမယ့် အဲဒီလိုပွဲမျိုးကစားရတာကို

ငြီးငွေ့လာပြီလို့ဆိုခဲ့ပါတယ်။

အီဒါဆင်က “ပွဲတစ်ပွဲမှာ ဂိုးပေါက်ကာကွယ်မှုတွေ

မလုပ်ရရင် အာရုံစိုက်ကစားဖို့ခက်ပါတယ်။

ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပွဲချိန်အတွင်း အသင်းဖော်တွေနဲ့

အမြဲတမ်း နားလည်မှုရှိရှိကစားနိုင်အောင်ကြိုးစားပါတယ်။

ပွဲတစ်ပွဲကစားပြီးရင် ကျွန်တော့်အသင်းဖော်တွေကို

‘ဒီလိုမျိုးကစားရတာ ပျင်းစရာကြီးကွာ’လို့

မကြာခဏပြောလေ့ရှိပြီး ဂိုးပေါက်ကာကွယ်မှုတွေ

မလုပ်ရတဲ့အခါ စိတ်ညစ်မိသလို

အဲဒါက ခန္ဓာကိုယ်ပင်ပန်းတာထက် ပိုဆိုးပါတယ်။

အဲဒီလိုပွဲမျိုးမှာ မိနစ်(၉၀)လုံး အာရုံစိုက်နိုင်ဖို့

ခက်ခဲပါတယ်”လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်(၂၈)ပွဲကစားပြီးချိန်မှာ

(၁၈)ဂိုးသာပေးထားရပြီး ချယ်လ်ဆီးနဲ့အတူ

ပေးဂိုးအနည်းဆုံးအသင်းဖြစ်နေသလို အီဒါဆင်ကလည်း

Clean Sheets ပွဲပေါင်း(၁၅)ပွဲရယူပြီး Golden Glove ဆု

ဆွတ်ခူးနိုင်ဖို့အတွက် တစ်နိုင်ငံတည်းသား

လီဗာပူးလ်ဂိုးသမားအယ်လစ်ဆင်(၁၄ပွဲ)နဲ့အပြိုင်ဖြစ်နေတာပါ။

zawgyi

ကိုယ့္အသင္းဘက္ကို ၿပိဳင္ဘက္က ဂိုးေပါက္ၿခိမ္းေျခာက္မႈ မလုပ္ႏိုင္တဲ့ပြဲေတြကစားရတာ ပ်င္းစရာတယ္လို႔ အီဒါဆင္ ေျပာၾကား

မန္စီးတီးအသင္းဂိုးသမားအီဒါဆင္က ၿပီးခဲ့တဲ့မန္ခ်က္စတာဒါဘီပြဲလိုမ်ိဳး

ကိုယ့္အသင္းဘက္ကို ၿပိဳင္ဘက္က ဂိုးေပါက္ၿခိမ္းေျခာက္မႈ

မလုပ္ႏိုင္တဲ့ပြဲေတြကစားရတာ ပ်င္းစရာေကာင္းၿပီး

အဲဒီလိုပြဲေတြမွာ အာ႐ုံစိုက္ကစားဖို႔ခက္တယ္လို႔

ဝန္ခံေျပာဆိုလိုက္ပါတယ္။

မန္စီးတီးအသင္းက ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ကို

(၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲ ဒုတိယပိုင္းမွာ ယူႏိုက္တက္အသင္း

ဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္မွမရွိခဲ့တာေၾကာင့္

အီဒါဆင္တစ္ေယာက္ ဘာမွမလုပ္လိုက္ရဘဲ

ကြင္းလယ္စည္းအထိ တက္ၿပီးေတာ့ ပြဲထိုင္ၾကည့္ေနတဲ့ဓာတ္ပုံကို

ပရိသတ္ေတြက အြန္လိုင္းေပၚမွာ Troll လုပ္ေနၾကပါတယ္။

အီဒါဆင္က မန္စီးတီးအသင္း တိုက္စစ္ဆင္ကစားတဲ့အခါ

ၿပိဳင္ဘက္အသင္းက ခံစစ္မွာပဲ အခ်ိန္ကုန္ေနရတာက

မထူးဆန္းေပမယ့္ အဲဒီလိုပြဲမ်ိဳးကစားရတာကို

ၿငီးေငြ႕လာၿပီလို႔ဆိုခဲ့ပါတယ္။

အီဒါဆင္က “ပြဲတစ္ပြဲမွာ ဂိုးေပါက္ကာကြယ္မႈေတြ

မလုပ္ရရင္ အာ႐ုံစိုက္ကစားဖို႔ခက္ပါတယ္။

ဒါေပမဲ့ ကြၽန္ေတာ့္အေနနဲ႔ ပြဲခ်ိန္အတြင္း အသင္းေဖာ္ေတြနဲ႔

အၿမဲတမ္း နားလည္မႈရွိရွိကစားႏိုင္ေအာင္ႀကိဳးစားပါတယ္။

ပြဲတစ္ပြဲကစားၿပီးရင္ ကြၽန္ေတာ့္အသင္းေဖာ္ေတြကို

‘ဒီလိုမ်ိဳးကစားရတာ ပ်င္းစရာႀကီးကြာ’လို႔

မၾကာခဏေျပာေလ့ရွိၿပီး ဂိုးေပါက္ကာကြယ္မႈေတြ

မလုပ္ရတဲ့အခါ စိတ္ညစ္မိသလို

အဲဒါက ခႏၶာကိုယ္ပင္ပန္းတာထက္ ပိုဆိုးပါတယ္။

အဲဒီလိုပြဲမ်ိဳးမွာ မိနစ္(၉၀)လုံး အာ႐ုံစိုက္ႏိုင္ဖို႔

ခက္ခဲပါတယ္”လို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္(၂၈)ပြဲကစားၿပီးခ်ိန္မွာ

(၁၈)ဂိုးသာေပးထားရၿပီး ခ်ယ္လ္ဆီးနဲ႔အတူ

ေပးဂိုးအနည္းဆုံးအသင္းျဖစ္ေနသလို အီဒါဆင္ကလည္း

Clean Sheets ပြဲေပါင္း(၁၅)ပြဲရယူၿပီး Golden Glove ဆု

ဆြတ္ခူးႏိုင္ဖို႔အတြက္ တစ္ႏိုင္ငံတည္းသား

လီဗာပူးလ္ဂိုးသမားအယ္လစ္ဆင္(၁၄ပြဲ)နဲ႔အၿပိဳင္ျဖစ္ေနတာပါ။