ကိုယ့်ဟာကိုယ် တစ်ယောက်တည်း နေလို့မရဘူးလားဟဆိုတဲ့ ဂရီလစ်ရှ်

ဘောလုံးသမားတစ်ယောက်ကို အသင်းတစ်သင်းက ပေါင်သန်း ၁၀၀ ပေး ပြီး ခေါ်ထားမိပြီဆိုရင်တော့ အဲဒီကစားသမားနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေက မျက်လုံး

ဒေါက်ထောက်ပြီး ကြည့်နေကြတာက သဘာဝပါ။ ဒါကြောင့် မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ရောက်လာတဲ့ ဂရီလစ်ရှ်ကိုလည်း ဝေဖန်ရေး ဆရာတွေက အလွတ်မပေးပါဘူး။

အထူးသဖြင့် ဝေဖန်ရေးဂုရုကြီး လုပ်နေတဲ့ ဂရေမီဆောင်းနက်စ်ပေါ့လေ။ နယူးကာဆယ် နည်းပြဟောင်းဟာ ဂရီလစ်ရှ်နဲ့ ပတ်သက်လာရင် အမြဲလိုလို ဝေဖန်ပြောဆိုလေ့ရှိတဲ့သူဖြစ်တာကြောင့်

လက် ရှိမှာတော့ ဒီအင်္ဂလန်သားက ဆောင်းနက်စ်အပါအဝင် သူ့ကို ဝေဖန်နေကြတဲ့ သူတွေကို ခပ်တင်းတင်းပဲ တုံ့ပြန်လိုက်ပါတယ်။ ပြောင်းရွှေ့ကြေးအရ အင် မတန်ကို မြင့်မားမှုရှိပေမယ့်

မန်စီးတီးအတွက် ၅၁ ပွဲကစားပြီး ၇ ဂိုးသွင်း၊ ဖန်တီးမှု ၄ ကြိမ်သာ လုပ်ပေးထားနိုင်တဲ့အတွက်ကြောင့် ဝေဖန်သူတွေရဲ့ ပစ်မှတ်ဖြစ်နေခဲ့တဲ့ ဂရီလစ်ရှ်က ‘’တခြားကစားသမားတွေလိုပဲ

ကျွန်တော်လည်း အတူတူပဲ လုပ်နေတာလု့ိ တွေးမိတာပါပဲ။ ဒါပေမဲ့ ကျွန်တော်လုပ်တဲ့ဟာတွေ ကြောင့် သူတို့တွေက ပြောနေကြတာ။ ကျွန်တော်ပြောတဲ့ဟာက ဆောင်းနက်စ်နဲ့ အတိအလင်းကို

ပတ်သက်ပါတယ်။ သူ့မှာ ကျွန်တော့်အတွက် ပြော ဖို့ တစ်ခုခုကတော့ အမြဲတမ်း ရှိနေတယ်။ ကျွန်တော့်အပေါ် ဝေဖန်စရာ မဟုတ်တဲ့ဟာမျိုးကိုလည်း သူပြောတာပဲ။ ဒီကနေ့လို

အချိန်မှာ ကျွန်တော်တို့ ဘောလုံးသမားတွေဟာ ဝေဖန်မှုတစ်ခုကို တုံ့ပြန်လိုက်မယ်ဆိုရင် အဲဒီက စားသမားကို ဝေဖန်မှုအပေါ် မခံမရပ်နိုင် ဖြစ်နေတဲ့လူမျိုးအဖြစ် ပုံဖော်တော့တာပဲ။

တစ်ခါတလေမှာတော့ အင်္ဂလိပ်မီဒီယာတွေကို ကျွန်တော် ပြောချင်တယ်ဗျာ။ ကျွန်တော်တစ်ယောက်တည်း ခဏလောက် နေပါရစေ။ ကျွန်တော့် ရဲ့ ပွဲစဉ်တွေအပေါ် အာရုံစိုက်နိုင်ဖို့အတွက်

တစ်ယောက်ယောက်အပေါ် ပစ်မှတ်ထားပေးကြပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်နဲ့ပတ်သက်ပြီး အမြဲတမ်းကို ဆူညံ ပွက်လောရိုက်နေတာပဲ။ ဆောင်းပါးတွေကို လှိမ့်ထုတ်ရေးနေ

ပြီး တခြားဟာတွေလည်း ပြောနေတယ်။ ဒါက ကျွန်တော်ဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတစ်သင်းမှာ ကစားနေတာရယ် နောက်ပြီး ကျွန်တော့်ရဲ့ ကစားပုံရယ်က သံသယဖြစ်စရာ

မဟုတ်တဲ့ ဆက်နွှယ်မှုမျိုးပါပဲ’’ လို့ ဂရီလစ်ရှ်က ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ကိုယ့္ဟာကိုယ္ တစ္ေယာက္တည္း ေနလို႔မရဘူးလားဟဆိုတဲ့ ဂရီလစ္ရွ္

ေဘာလုံးသမားတစ္ေယာက္ကို အသင္းတစ္သင္းက ေပါင္သန္း ၁၀၀ ေပး ၿပီး ေခၚထားမိၿပီဆိုရင္ေတာ့ အဲဒီကစားသမားနဲ႔ပတ္သက္ၿပီး ေဝဖန္ေရးသမား

ေတြက မ်က္လုံး ေဒါက္ေထာက္ၿပီး ၾကည့္ေနၾကတာက သဘာဝပါ။ ဒါေၾကာင့္ မန္စီးတီးကို ေပါင္သန္း ၁၀၀ နဲ႔ ေရာက္လာတဲ့ ဂရီလစ္ရွ္ကိုလည္း ေဝဖန္ေရး ဆရာေတြက

အလြတ္မေပးပါဘူး။ အထူးသျဖင့္ ေဝဖန္ေရးဂု႐ုႀကီး လုပ္ေနတဲ့ ဂေရမီေဆာင္းနက္စ္ေပါ့ေလ။ နယူးကာဆယ္ နည္းျပေဟာင္းဟာ ဂရီလစ္ရွ္နဲ႔ ပတ္သက္လာရင္ အၿမဲလိုလို

ေဝဖန္ေျပာဆိုေလ့ရွိတဲ့သူျဖစ္တာေၾကာင့္ လက္ ရွိမွာေတာ့ ဒီအဂၤလန္သားက ေဆာင္းနက္စ္အပါအဝင္ သူ႔ကို ေဝဖန္ေနၾကတဲ့ သူေတြကို ခပ္တင္းတင္းပဲ တုံ႔ျပန္လိုက္ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးအရ အင္ မတန္ကို ျမင့္မားမႈရွိေပမယ့္ မန္စီးတီးအတြက္ ၅၁ ပြဲကစားၿပီး ၇ ဂိုးသြင္း၊ ဖန္တီးမႈ ၄ ႀကိမ္သာ လုပ္ေပးထားႏိုင္တဲ့အတြက္ေၾကာင့္ ေဝဖန္သူေတြရဲ႕

ပစ္ မွတ္ျဖစ္ေနခဲ့တဲ့ ဂရီလစ္ရွ္က ‘’တျခားကစားသမားေတြလိုပဲ ကြၽန္ေတာ္လည္း အတူတူပဲ လုပ္ေနတာလု႔ိ ေတြးမိတာပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ္လုပ္တဲ့ဟာေတြ ေၾကာင့္

သူတို႔ေတြက ေျပာေနၾကတာ။ ကြၽန္ေတာ္ေျပာတဲ့ဟာက ေဆာင္း နက္စ္နဲ႔ အတိအလင္းကို ပတ္သက္ပါတယ္။ သူ႔မွာ ကြၽန္ေတာ့္အတြက္ ေျပာ ဖို႔ တစ္ခုခုကေတာ့

အၿမဲတမ္း ရွိေနတယ္။ ကြၽန္ေတာ့္အေပၚ ေဝဖန္စရာ မဟုတ္တဲ့ဟာမ်ိဳးကိုလည္း သူေျပာတာပဲ။ ဒီကေန႔လို အခ်ိန္မွာ ကြၽန္ေတာ္ တို႔ ေဘာလုံးသမားေတြဟာ

ေဝဖန္မႈတစ္ခုကို တုံ႔ျပန္လိုက္မယ္ဆိုရင္ အဲဒီက စားသမားကို ေဝဖန္မႈအေပၚ မခံမရပ္ႏိုင္ ျဖစ္ေနတဲ့လူမ်ိဳးအျဖစ္ ပုံေဖာ္ေတာ့ တာပဲ။ တစ္ခါတေလမွာေတာ့

အဂၤလိပ္မီဒီယာေတြကို ကြၽန္ေတာ္ ေျပာခ်င္ တယ္ဗ်ာ။ ကြၽန္ေတာ္တစ္ေယာက္တည္း ခဏေလာက္ ေနပါရေစ။ ကြၽန္ေတာ့္ ရဲ႕ ပြဲစဥ္ေတြအေပၚ

အာ႐ုံစိုက္ႏိုင္ဖို႔အတြက္ တစ္ေယာက္ေယာက္အေပၚ ပစ္ မွတ္ထားေပးၾကပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး အၿမဲ တမ္းကို ဆူညံ

ပြက္ေလာ႐ိုက္ေနတာပဲ။ ေဆာင္းပါးေတြကို လွိမ့္ထုတ္ေရးေန ၿပီး တျခားဟာေတြလည္း ေျပာေနတယ္။ ဒါက ကြၽန္ေတာ္ဟာ ကမာၻေပၚက

အေကာင္းဆုံး အသင္းတစ္သင္းမွာ ကစားေနတာရယ္ ေနာက္ၿပီး ကြၽန္ေတာ့္ ရဲ႕ ကစားပုံရယ္က သံသယျဖစ္စရာ မဟုတ္တဲ့ ဆက္ႏႊယ္မႈမ်ိဳးပါပဲ’’ လို႔ ဂရီ လစ္ရွ္က ေျပာဆိုခဲ့ပါတယ္။