ကိုယ့်ရှေ့မှာလာပိတ်နေတဲ့ ကောင်တွေ အကုန်ကြိတ်ရမှာပဲဆိုတဲ့ နည်းပြ အင်းနရစ်

ကမ္ဘာ့ဖလားချန်ပီယံဆုကိုရဖို့နဲ့ စပိန်အသင်းရဲ့ သမိုင်းစာအုပ်ထဲမှာ မှတ်တမ်း သစ်တစ်ခု ရေးထိုးဖို့အတွက်ဆိုရင် ကိုယ့်ရှေ့မှာလာပြီး အတားအဆီးလုပ်နေတဲ့ အသင်းတွေအကုန်လုံးကို

ကျော်ဖြတ်သွားရမှာ ဖြစ်တယ်လို့ စပိန် နည်းပြ လူးဝစ်အင်းနရစ်က ပြောဆိုလိုက်ပါတယ်။ စပိန်ဟာ အခုညမှာ ဂျပန် နဲ့ အဆုံးအဖြတ်ပွဲစဉ် ကစားရတော့မှာ ဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့အတွက်ဆိုရင် ဒီပွဲမှာ

အနည်းဆုံး သရေတစ်မှတ်ရဖို့ လိုအပ်နေပြီး တစ်ဖက်မှာ အုပ်စု ပထမနေရာကနေပြီး နောက်တစ်ဆင့်တက်လာမယ့် ဘရာဇီးကို ၁၆ သင်းအဆင့်မှာ ရှောင်ရှားချင်တယ်ဆိုရင်တော့ အုပ်စုပထမနေရာကို အရယူဖို့အတွက်

ဂျပန်ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့လည်း စပိန်ဟာ ဂျပန်တစ်သင်းတည်းကိုတင် အနိုင်ကစားဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ဘဲ ပြိုင်ဘက်တစ်လျှောက်လုံးရဲ့ လက်ကျန်ပွဲစဉ်အကုန်လုံးကို အနိုင်ယူဖို့

ကြိုးစားမှာ ဖြစ်တယ်လို့ ဘာစီလိုနာ နည်းပြဟောင်းက ဆိုပါတယ်။ ‘’ဘရာဇီးကို ရှောင်ရှားလိုတဲ့ အတွေးစတစ်ခု ကျွန်တော်တို့မှာ ရှိထားပါတယ်။ အဲဒါကို ကျွန်တော်တို့ အလေးအနက် စဉ်းစားဆင်ခြင်သွားမှာပါ။

ဟုတ်ပါတယ်။ ဒုတိယ နေရာလည်း ပိုကောင်းမှာပါလေ။ ဒါပေမဲ့ နှစ်ပွဲစလုံးကရော ဂိုးမရှိ သရေကျတာမျိုး ဖြစ်မှာတဲ့လား။ ဂျပန်နဲ့ ကော်စတာရီကာက တစ်ဂိုးစီ သွင်းလိုက်တာနဲ့ ကျွန်တော်တို့က ထွက်သွားရပြီလေ။

၇ ပွဲစလုံး အနိုင် ကစားဖို့အတွက် ကျွန်တော်တို့ ဒီကို လာခဲ့တာပါဗျ။ အုပ်စု ပထမနေရာ လည်း ကျွန်တော်တို့ လိုချင်တယ်။ အဲဒါက ကျွန်တော်တို့အသင်းဟာ အုပ်စု (F) က ဒုတိယရတဲ့အသင်းနဲ့ ကစားရမယ်လို့

ပြောချင်တာမျိုးပေါ့။ ဘာလို့လဲ။ ဒါက အကောင်းဆုံးလေ။ သီအိုရီက ဘယ်လိုပဲရှိရှိ ဘရာဇီးဆိုရင်လည်း ရတယ်။ ဘရာဇီးနဲ့ ကြိတ်ကြတာပေါ့။ ဘောလုံးမှာ လွယ်ကူတယ်ရယ်လို့မှ မရှိတာဗျ။

ကမ္ဘာ့ဖလားကို ရဖို့ဆိုရင် ကိုယ့်လမ်းကို လာပိတ်တဲ့ကောင်မှန်သမျှ အကုန် ကြိတ်ရမှာပဲ’’ လို့ အင်းနရစ်က ဂျပန်နဲ့ ကစားမယ့် ပွဲစဉ်အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။

(Zawgyi)

ကိုယ့္ေရွ႕မွာလာပိတ္ေနတဲ့ ေကာင္ေတြ အကုန္ႀကိတ္ရမွာပဲဆိုတဲ့ နည္းျပ အင္းနရစ္

ကမာၻ႔ဖလားခ်န္ပီယံဆုကိုရဖို႔နဲ႔ စပိန္အသင္းရဲ႕ သမိုင္းစာအုပ္ထဲမွာ မွတ္တမ္း သစ္တစ္ခု ေရးထိုးဖို႔အတြက္ဆိုရင္ ကိုယ့္ေရွ႕မွာ လာၿပီး အတားအဆီး လုပ္ ေနတဲ့ အသင္းေတြအကုန္လုံးကို

ေက်ာ္ျဖတ္သြားရမွာ ျဖစ္တယ္လို႔ စပိန္ နည္းျပ လူးဝစ္အင္းနရစ္က ေျပာဆိုလိုက္ပါတယ္။ စပိန္ဟာ အခုညမွာ ဂ်ပန္ နဲ႔ အဆုံးအျဖတ္ပြဲစဥ္ ကစားရေတာ့မွာ ျဖစ္ၿပီး ေနာက္တစ္ဆင့္ တက္ဖို႔အ တြက္ဆိုရင္ ဒီပြဲမွ

ာ အနည္းဆုံး သေရတစ္မွတ္ရဖို႔ လိုအပ္ေနၿပီး တစ္ဖက္မွာ အုပ္စု ပထမေနရာကေနၿပီး ေနာက္တစ္ဆင့္တက္လာမယ့္ ဘရာဇီးကို ၁၆ သင္းအဆင့္မွာ ေရွာင္ရွားခ်င္တယ္ဆိုရင္ေတာ့ အုပ္စုပထမေနရာကို အရယူ ဖို႔

အတြက္ ဂ်ပန္ကို အႏိုင္ကစားဖို႔ လိုအပ္ေနပါတယ္။ ဒါေပမဲ့လည္း စပိန္ဟာ ဂ်ပန္တစ္သင္းတည္းကိုတင္ အႏိုင္ကစားဖို႔ ရည္႐ြယ္ထားတာမ်ိဳး မဟုတ္ဘဲ ၿပိဳင္ဘက္တစ္ေလွ်ာက္လုံးရဲ႕ လက္က်န္ပြဲစဥ္အကုန္လုံးကို အႏိုင္ယူဖို႔ ႀကိဳး စားမွာ

ျဖစ္တယ္လို႔ ဘာစီလိုနာ နည္းျပေဟာင္းက ဆိုပါတယ္။ ‘’ဘရာဇီးကို ေရွာင္ရွားလိုတဲ့ အေတြးစတစ္ခု ကြၽန္ေတာ္တို႔မွာ ရွိထားပါတယ္။ အဲဒါကို ကြၽန္ေတာ္တို႔

အေလးအနက္ စဥ္းစားဆင္ျခင္သြားမွာပါ။ ဟုတ္ပါတယ္။ ဒုတိယ ေနရာလည္း ပိုေကာင္းမွာပါေလ။ ဒါေပမဲ့ ႏွစ္ပြဲစလုံးကေရာ ဂိုးမရွိ သေရက်တာမ်ိဳး ျဖစ္မွာတဲ့လား။

ဂ်ပန္နဲ႔ ေကာ္စတာရီကာက တစ္ဂိုးစီ သြင္းလိုက္တာနဲ႔ ကြၽန္ေတာ္တို႔က ထြက္သြားရၿပီေလ။ ၇ ပြဲစလုံး အႏိုင္ ကစားဖို႔အတြက္ ကြၽန္ေတာ္တို႔ ဒီကို လာခဲ့တာပါဗ်။

အုပ္စု ပထမေနရာ လည္း ကြၽန္ေတာ္တို႔ လိုခ်င္တယ္။ အဲဒါက ကြၽန္ေတာ္တို႔အသင္းဟာ အုပ္စု (F) က ဒုတိယရတဲ့အသင္းနဲ႔ ကစားရမယ္ဆို႔ ေျပာခ်င္တာမ်ိဳးေပါ့။ ဘာလို႔လဲ။

ဒါက အေကာင္းဆုံးေလ။ သီအိုရီက ဘယ္လိုပဲရွိရွိ ဘရာဇီးဆိုရင္လည္း ရတယ္။ ဘရာဇီးနဲ႔ ႀကိတ္ၾကတာေပါ့။ ေဘာလုံးမွာ လြယ္ကူတယ္ရယ္လို႔မွ မရွိတာဗ်။ ကမာၻ႔ဖလားကို ရဖို႔ဆိုရင္

ကိုယ့္လမ္းကို လာပိတ္တဲ့ေကာင္မွန္သမွ် အကုန္ ႀကိတ္ရမွာပဲ’’ လို႔ အင္းနရစ္က ဂ်ပန္နဲ႔ ကစားမယ့္ ပြဲစဥ္အတြက္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာပဲ ျဖစ္ပါတယ္။