
ရော်နယ်ဒင်ဟိုရဲ့ကစားဖော်ဟောင်းတစ်ဦးကဘရာဇီးဂန္ထဝင်မှာ
ဘဏ်ကနေငွေဘယ်လိုထုတ်ရမလဲမသိကြောင်းဖွင့်ချလာပါတယ်။
ဒါဘီကောင်တီတိုက်စစ်မှူးဟောင်းအီမန်နူရယ်ဗီလာက
ဘာစီလိုနာနှင့်မီလန်စတားဟောင်းမှာကိုယ့်ဘဏ်အကောင့်ကနေ
ငွေဘယ်လိုထုတ်ရမလဲဆိုတာမသိတာကြောင့်ကလပ်ရဲ့
စာရင်းကိုင်ထံမှငွေထုတ်ယူရလေ့ရှိကြောင်းဆိုလာပါတယ်။
ယခုအခါအသက်၄၁နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ရော်နယ်ဒင်ဟိုဟာ
ထိုစဉ်တုန်းကမက္ကဆီကိုဘဏ် Multiva ရဲ့ကြော်ငြာတွင်
ဘောလုံးကျွမ်းကျင်မှုပြကာ ပါဝင်ခဲ့သူဖြစ်ပြီး
ယင်းကြော်ငြာထဲတွင်”ငါကအနိုင်ရတာကြိုက်တယ်။
ငွေတွေပွားလာတာကိုလည်းကြိုက်တယ်။ဒါကြောင့်ကျွန်တော့်ရဲ့ဘဏ်က
Multi ပါ”လို့တောင်ပြောကြားထားသေးတယ်။
ဗီလာဟာကွီရဲတာရိုတွင် ၂၀၀၅ခုနှစ် Ballon d’Or ဆုရှင်နှင့်အတူ
တွဲကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။
၎င်းက “မက္ကဆီမှာတုန်းကသူ့အစ်ကိုကအမြဲရှိနေတယ်။
တခါတလေမီယာမီသို့ခရီးတိုလေးသွားပြီဆိုရင်
ရော်နယ်ဒင်ဟိုဟာငွေလိုပါတော့တယ်။လေ့ကျင့်ရေးပြီးသွားရင်
ကလပ်စာရင်းကိုင်ဆီသွားပြီး ပေါင်တစ်ထောင်လောက်ချေးလို့ရမလားဆိုပြီး
ယူလေ့ရှိပါတယ်။စာရင်းကိုင်ကလည်းဘာကြောင့်ချေးရတာလဲလို့အမြဲမေးတယ်။
သူကလည်းသူ့အစ်ကိုမြို့ကထွက်သွားလို့လို့ဖြေပါတယ်။
သူလိုချင်တာဝယ်ဖို့ငွေမရှိဘူးလို့ပြောပါတယ်။
ကလပ်ဝန်ထမ်းကလည်းသူ့ကိုပျော်ပျော်ဘဲကူညီပါတယ်။
သူ့ကို သူကြော်ငြာနေတဲ့ Multiva ဘဏ်သို့ခေါ်ဆောင်သွားမယ်လို့တောင်ပြောသေးတယ်။
အကောင့်က မင်းအကောင့်ထဲမှာငါတို့လစာတွေထည့်ပေးထားတယ်။
မင်းလိုချင်ရင်ကြိုက်သလောက်ထုတ်လို့ရတယ်လို့ပြောပါတယ်။
အဲဒီအခါရော်နယ်ဒင်ဟိုက ‘အဲဒီသွားပြီးတကယ်ငွေထုတ်လို့ရလားလို့”ပြန်ဖြေတယ်။
စာရင်းကိုင်ကလည်း ‘မင်းကဒီဘဏ်ရဲ့မျက်နှာဖုံးရှင်။မင်းနာမည်နဲ့အကောင့်ရှိပြီးသား။
ညတိုင်းမင်းကလစာရနေတာလေ”လို့ပြောကြားသွားပါတယ်။
zawgyi
ကိုယ့္ဘဏ္အေကာင့္ကေနေငြဘယ္လိုထုတ္ရမလဲဆိုတာမသိတဲ့ ေရာ္နယ္ဒင္ဟို
ေရာ္နယ္ဒင္ဟိုရဲ႕ကစားေဖာ္ေဟာင္းတစ္ဦးကဘရာဇီးဂႏၴဝင္မွာ
ဘဏ္ကေနေငြဘယ္လိုထုတ္ရမလဲမသိေၾကာင္းဖြင့္ခ်လာပါတယ္။
ဒါဘီေကာင္တီတိုက္စစ္မႉးေဟာင္းအီမန္ႏူရယ္ဗီလာက
ဘာစီလိုနာႏွင့္မီလန္စတားေဟာင္းမွာကိုယ့္ဘဏ္အေကာင့္ကေန
ေငြဘယ္လိုထုတ္ရမလဲဆိုတာမသိတာေၾကာင့္ကလပ္ရဲ႕
စာရင္းကိုင္ထံမွေငြထုတ္ယူရေလ့ရွိေၾကာင္းဆိုလာပါတယ္။
ယခုအခါအသက္၄၁ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ေရာ္နယ္ဒင္ဟိုဟာ
ထိုစဥ္တုန္းကမကၠဆီကိုဘဏ္ Multiva ရဲ႕ေၾကာ္ျငာတြင္
ေဘာလုံးကြၽမ္းက်င္မႈျပကာ ပါဝင္ခဲ့သူျဖစ္ၿပီး
ယင္းေၾကာ္ျငာထဲတြင္”ငါကအႏိုင္ရတာႀကိဳက္တယ္။
ေငြေတြပြားလာတာကိုလည္းႀကိဳက္တယ္။ဒါေၾကာင့္ကြၽန္ေတာ့္ရဲ႕ဘဏ္က
Multi ပါ”လို႔ေတာင္ေျပာၾကားထားေသးတယ္။
ဗီလာဟာကြီရဲတာ႐ိုတြင္ ၂၀၀၅ခုႏွစ္ Ballon d’Or ဆုရွင္ႏွင့္အတူ
တြဲကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။
၎က “မကၠဆီမွာတုန္းကသူ႔အစ္ကိုကအၿမဲရွိေနတယ္။
တခါတေလမီယာမီသို႔ခရီးတိုေလးသြားၿပီဆိုရင္
ေရာ္နယ္ဒင္ဟိုဟာေငြလိုပါေတာ့တယ္။ေလ့က်င့္ေရးၿပီးသြားရင္
ကလပ္စာရင္းကိုင္ဆီသြားၿပီး ေပါင္တစ္ေထာင္ေလာက္ေခ်းလို႔ရမလားဆိုၿပီး
ယူေလ့ရွိပါတယ္။စာရင္းကိုင္ကလည္းဘာေၾကာင့္ေခ်းရတာလဲလို႔အၿမဲေမးတယ္။
သူကလည္းသူ႔အစ္ကိုၿမိဳ႕ကထြက္သြားလို႔လို႔ေျဖပါတယ္။
သူလိုခ်င္တာဝယ္ဖို႔ေငြမရွိဘူးလို႔ေျပာပါတယ္။
ကလပ္ဝန္ထမ္းကလည္းသူ႔ကိုေပ်ာ္ေပ်ာ္ဘဲကူညီပါတယ္။
သူ႔ကို သူေၾကာ္ျငာေနတဲ့ Multiva ဘဏ္သို႔ေခၚေဆာင္သြားမယ္လို႔ေတာင္ေျပာေသးတယ္။
အေကာင့္က မင္းအေကာင့္ထဲမွာငါတို႔လစာေတြထည့္ေပးထားတယ္။
မင္းလိုခ်င္ရင္ႀကိဳက္သေလာက္ထုတ္လို႔ရတယ္လို႔ေျပာပါတယ္။
အဲဒီအခါေရာ္နယ္ဒင္ဟိုက ‘အဲဒီသြားၿပီးတကယ္ေငြထုတ္လို႔ရလားလို႔”ျပန္ေျဖတယ္။
စာရင္းကိုင္ကလည္း ‘မင္းကဒီဘဏ္ရဲ႕မ်က္ႏွာဖုံးရွင္။မင္းနာမည္နဲ႔အေကာင့္ရွိၿပီးသား။
ညတိုင္းမင္းကလစာရေနတာေလ”လို႔ေျပာၾကားသြားပါတယ္။