ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တဲ့ မန်စီးတီးလူငယ်ကစားသမား

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားတစ်ဦးဟာ မန်စီးတီး

အသင်းအကယ်ဒမီနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တဲ့အထိ

ဖြစ်ခဲ့ရပါတယ်။ ဂျယ်ရမီဝစ်စတန်လို့အမည်ရတဲ့လူငယ်ဘောလုံးသမားလေးဟာ

အသက်(၁၃)နှစ်အရွယ်ကတည်းက မန်စီးတီးအကယ်ဒမီကိုရောက်ရှိခဲ့တာဖြစ်ပြီး

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလ(၂၄)ရက်မှာ မန်ချက်စတာတောင်ဘက်ပိုင်းက

Baguley မြို့မှာရှိတဲ့ သူ့နေအိမ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တာဖြစ်ပါတယ်။

ဂျယ်ရမီဝစ်စတန်ဟာ မန်စီးတီးအကယ်ဒမီမှာကစားခဲ့ချိန်က အရည်အချင်းရှိပြီး

ကြိုးစားတဲ့လူငယ်တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသလို သူကလည်း အကယ်ဒမီအသင်

းအတွက်ကစားရင်း တစ်ချိန်ကျရင် နာမည်ကျော်ဘောလုံးသမားဖြစ်အောင်ကြိုးစားဖို့

ပစ်မှတ်ထားခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာက ဂျယ်ရမီ

ဝစ်စတန်ရဲ့အိပ်မက်တွေကို အဆုံးသတ်စေဖို့ဖြစ်ခဲ့ပါတယ်။ အဲဒီဒဏ်ရာကြောင့်

ဂျယ်ရမီဝစ်စတန်ဟာ (၅)လကြာအနားယူခဲ့ရပြီး သူ့နဲ့အတူ လူငယ်အသင်းမှာကစားခဲ့ကြတဲ့

တွန်မီဒွိုင်းလ်၊ လီယန်ဒီလပ်၊ ကိုးလ်ပေါလ်မာတို့ မန်စီးတီးအသင်းကြီးအတွက်ပါဝင်

ကစားခွင့်ရနေချိန်မှာ သူက ဒဏ်ရာကြောင့်ရုန်းကန်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ

ထိုးနှက်ချက်ဖြစ်ခဲ့သလို ၂၀၁၈၊ ဒီဇင်ဘာမှာ မန်စီးတီးအသင်း ဂျယ်ရမီဝစ်စတန်နဲ့

လမ်းခွဲခဲ့ပါတယ်။ ဂျယ်ရမီဝစ်စတန်ဟာ အသက်(၁၈)နှစ်ပြည့်ပြီးလို့ ရက်ပိုင်းအကြာမှာပဲ

သူ့အမဖြစ်သူရဲ့အခန်းထဲမှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာပဲဖြစ်ပါတယ်။

မိခင်ဖြစ်သူ ဂရေ့စ်က အဲဒီနေ့မှာ ဂျယ်ရမီဝစ်စတန်တစ်ယောက် ညစာဆင်းမစားတဲ့အတွက်

စိုးရိမ်တကြီးနဲ့ ည(၉)နာရီလောက်မှာ အိမ်အပေါ်ထပ်ကိုတက်ကြည့်တဲ့အခါမှာတော့

ဂျယ်ရမီဝစ်စတန်ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က

မန်စီးတီးအသင်းအတွက် ဝမ်းနည်းစရာကောင်းတဲ့သတင်းဖြစ်ခဲ့ပြီး ဂျယ်ရမီဝစ်တန်ရဲ့အ

သင်းဖော်ဟောင်းဖြစ်သူ ကိုးလ်ပေါလ်မာက ‘ငါတို့ မင်းကို အမြဲတမ်းသတိရနေမှာပါ’လို့

Instagram မှာ Post တင်ခဲ့ပါသေးတယ်။

Zawgyi

ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့တဲ့ မန္စီးတီးလူငယ္ကစားသမား

အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ လူငယ္ကစားသမားတစ္ဦးဟာ မန္စီးတီး

အသင္းအကယ္ဒမီနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့တဲ့အထိ

ျဖစ္ခဲ့ရပါတယ္။ ဂ်ယ္ရမီဝစ္စတန္လို႔အမည္ရတဲ့လူငယ္ေဘာလုံးသမားေလးဟာ

အသက္(၁၃)ႏွစ္အ႐ြယ္ကတည္းက မန္စီးတီးအကယ္ဒမီကိုေရာက္ရွိခဲ့တာျဖစ္ၿပီး

ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလ(၂၄)ရက္မွာ မန္ခ်က္စတာေတာင္ဘက္ပိုင္းက

Baguley ၿမိဳ႕မွာရွိတဲ့ သူ႔ေနအိမ္မွာ ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့တာျဖစ္ပါတယ္။

ဂ်ယ္ရမီဝစ္စတန္ဟာ မန္စီးတီးအကယ္ဒမီမွာကစားခဲ့ခ်ိန္က အရည္အခ်င္းရွိၿပီး

ႀကိဳးစားတဲ့လူငယ္တစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရသလို သူကလည္း အကယ္ဒမီအသင္

းအတြက္ကစားရင္း တစ္ခ်ိန္က်ရင္ နာမည္ေက်ာ္ေဘာလုံးသမားျဖစ္ေအာင္ႀကိဳးစားဖို႔

ပစ္မွတ္ထားခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္မွာ ဒူးဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တာက ဂ်ယ္ရမီ

ဝစ္စတန္ရဲ႕အိပ္မက္ေတြကို အဆုံးသတ္ေစဖို႔ျဖစ္ခဲ့ပါတယ္။ အဲဒီဒဏ္ရာေၾကာင့္

ဂ်ယ္ရမီဝစ္စတန္ဟာ (၅)လၾကာအနားယူခဲ့ရၿပီး သူ႔နဲ႔အတူ လူငယ္အသင္းမွာကစားခဲ့ၾကတဲ့

တြန္မီဒြိဳင္းလ္၊ လီယန္ဒီလပ္၊ ကိုးလ္ေပါလ္မာတို႔ မန္စီးတီးအသင္းႀကီးအတြက္ပါဝင္

ကစားခြင့္ရေနခ်ိန္မွာ သူက ဒဏ္ရာေၾကာင့္႐ုန္းကန္ေနရတဲ့အတြက္ စိတ္ပိုင္းဆိုင္ရာ

ထိုးႏွက္ခ်က္ျဖစ္ခဲ့သလို ၂၀၁၈၊ ဒီဇင္ဘာမွာ မန္စီးတီးအသင္း ဂ်ယ္ရမီဝစ္စတန္နဲ႔

လမ္းခြဲခဲ့ပါတယ္။ ဂ်ယ္ရမီဝစ္စတန္ဟာ အသက္(၁၈)ႏွစ္ျပည့္ၿပီးလို႔ ရက္ပိုင္းအၾကာမွာပဲ

သူ႔အမျဖစ္သူရဲ႕အခန္းထဲမွာ ကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံစည္ခဲ့တာပဲျဖစ္ပါတယ္။

မိခင္ျဖစ္သူ ဂေရ႕စ္က အဲဒီေန႔မွာ ဂ်ယ္ရမီဝစ္စတန္တစ္ေယာက္ ညစာဆင္းမစားတဲ့အတြက္

စိုးရိမ္တႀကီးနဲ႔ ည(၉)နာရီေလာက္မွာ အိမ္အေပၚထပ္ကိုတက္ၾကည့္တဲ့အခါမွာေတာ့

ဂ်ယ္ရမီဝစ္စတန္ရဲ႕႐ုပ္အေလာင္းကိုေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္က

မန္စီးတီးအသင္းအတြက္ ဝမ္းနည္းစရာေကာင္းတဲ့သတင္းျဖစ္ခဲ့ၿပီး ဂ်ယ္ရမီဝစ္တန္ရဲ႕အ

သင္းေဖာ္ေဟာင္းျဖစ္သူ ကိုးလ္ေပါလ္မာက ‘ငါတို႔ မင္းကို အၿမဲတမ္းသတိရေနမွာပါ’လို႔

Instagram မွာ Post တင္ခဲ့ပါေသးတယ္။