
အူဘာမီယန်း ဟာ အာဖရိကဖလား ပြိုင်ပွဲ အတွက် ဂါဘွန် အသင်း နဲ့
သွားရောက် ပူးပေါင်းရာမှာ ကိုဗစ်ပိုး ကူးစက် ခံခဲ့ရတာကြောင့်
နိုင်ငံ လက်ရွေးစင် အသင်း ရဲ့ အုပ်စု ပွဲ ၂ ပွဲ စလုံးကို
ပါဝင် ကစား နိုင်ခဲ့ခြင်း မရှိပါဘူး ။
အူဘာမီယန်း ဟာ အခု လက်ရှိမှာ ကိုဗစ် နောက်ဆက်တွဲ ဆိုးကျိုး အဖြစ်
နှလုံး ထိခိုက်မှု ခံစားနေရပါတယ် ။ ဒါကြောင့် ဂါဘွန် အသင်း တာဝန်ရှိသူတွေက
အာဆင်နယ် အသင်း ဆရာဝန်တွေ နဲ့ ဆွေးနွေး ညှိနှိုင်းပြီး အူဘာကို
စောလျင်စွာ ပြန်လွှတ်လိုက်ပါတယ်။ ဒီမှာ မကုနဲ့
အာဆင်နယ်ဆီ ရောက်မှကုဆိုတဲ့ ပုံစံမျိုးပါ။
အူဘာမီယန်းဟာ အာဆင်နယ်နဲ့ လည်း
အဆင်မပြေတဲ့ ကစားသမားတစ်ယောက်ပါ။
အူဘာမီယန်းဟာ ပြည်ပ ခရီးထွက်ခွာပြီး အာဆင်နယ် အသင်း
သဘောတူ သတ်မှတ်ထားတဲ့ အချိန်မှာ အချိန်မီ ပူးပေါင်း နိုင်ခဲ့ခြင်း မရှိတာကြောင့်
အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး
အသင်း လူစာရင်းမှာ ပွဲဆက်တိုက် ပါဝင်ခွင့် မရ ဖြစ်နေသူပါ။
အူဘာမီယန်းကို ပြန်လွှတ်ခဲ့တာနဲ့ ပတ်သက်လို့ ဂါဘွန်နည်းပြ
ပက်ထရစ်နီဗေးက “ကျွန်တော် သိသလောက် အူဘာမီယန်းနဲ့ လယ်မီနာ
ကိုဗစ်ပျောက်တာ (၇၂) နာရီ ရှိပါပြီ။ ဒါပေမယ့် သူတို့အတွက်
MRI ရိုက်ဖို့ ကျွန်တော်တို့ မစီစဉ်ပေးနိုင်ပါဘူး။
အဲဒီတော့ အကျိုးဆက်အနေနဲ့ ကစားသမားတွေက
လေ့ကျင့်ခန်း ဆင်းလို့ မရတော့ပါဘူး”
“သူတို့အတွက် အခန်းထဲမှာပဲ နေရတာကလည်း စိတ်ညစ်ညူးစရာပဲလေ။
ဒီတော့ မနေ့ကပဲ အဖွဲ့ချုပ် ဥက္ကဌ နဲ့ တိုင်ပင်ပြီး
ကလပ်အသင်းကို ပြန်လွှတ်လိုက်ပါတယ်။
ခင်ဗျားတို့ သိတဲ့အတိုင်းပဲ အူဘာမီယန်းက ခက်ခဲတဲ့ အချိန်တွေ
ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် အာဆင်နယ်အတွက် အဓိက,ကစားသမားပါ”
“ကျွန်တော်တို့က ကလပ်အသင်းတွေကိုလည်း ကစားသမားတွေရဲ့
အနေအထားနဲ့ ပတ်သက်လို့ အမြဲတမ်း အစီရင်ခံနေရပါတယ်။
ကစားသမားတွေရဲ့ ကျန်းမာရေး တစ်ခုခုဖြစ်ပြီဆိုရင်
ခင်ဗျားတို့လည်း သိတဲ့အတိုင်း ကလပ်အသင်းတွေက
သူတို့ကို လစာပေးထားရတာလေ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
zawgyi
ကိုဗစ္ ေနာက္ဆက္တြဲ ဆိုးက်ိဳးအျဖစ္ ႏွလုံး ထိခိုက္မႈခံစားေနရတဲ့ အူဘာမီယန္း
အူဘာမီယန္း ဟာ အာဖရိကဖလား ၿပိဳင္ပြဲ အတြက္ ဂါဘြန္ အသင္း နဲ႔
သြားေရာက္ ပူးေပါင္းရာမွာ ကိုဗစ္ပိုး ကူးစက္ ခံခဲ့ရတာေၾကာင့္
ႏိုင္ငံ လက္ေ႐ြးစင္ အသင္း ရဲ႕ အုပ္စု ပြဲ ၂ ပြဲ စလုံးကို
ပါဝင္ ကစား ႏိုင္ခဲ့ျခင္း မရွိပါဘူး ။
အူဘာမီယန္း ဟာ အခု လက္ရွိမွာ ကိုဗစ္ ေနာက္ဆက္တြဲ ဆိုးက်ိဳး အျဖစ္
ႏွလုံး ထိခိုက္မႈ ခံစားေနရပါတယ္ ။ ဒါေၾကာင့္ ဂါဘြန္ အသင္း တာဝန္ရွိသူေတြက
အာဆင္နယ္ အသင္း ဆရာဝန္ေတြ နဲ႔ ေဆြးေႏြး ညႇိႏႈိင္းၿပီး အူဘာကို
ေစာလ်င္စြာ ျပန္လႊတ္လိုက္ပါတယ္။ ဒီမွာ မကုနဲ႔
အာဆင္နယ္ဆီ ေရာက္မွကုဆိုတဲ့ ပုံစံမ်ိဳးပါ။
အူဘာမီယန္းဟာ အာဆင္နယ္နဲ႔ လည္း
အဆင္မေျပတဲ့ ကစားသမားတစ္ေယာက္ပါ။
အူဘာမီယန္းဟာ ျပည္ပ ခရီးထြက္ခြာၿပီး အာဆင္နယ္ အသင္း
သေဘာတူ သတ္မွတ္ထားတဲ့ အခ်ိန္မွာ အခ်ိန္မီ ပူးေပါင္း ႏိုင္ခဲ့ျခင္း မရွိတာေၾကာင့္
အသင္း ေခါင္းေဆာင္ ရာထူးကေန ဖယ္ရွား ခံခဲ့ရၿပီး
အသင္း လူစာရင္းမွာ ပြဲဆက္တိုက္ ပါဝင္ခြင့္ မရ ျဖစ္ေနသူပါ။
အူဘာမီယန္းကို ျပန္လႊတ္ခဲ့တာနဲ႔ ပတ္သက္လို႔ ဂါဘြန္နည္းျပ
ပက္ထရစ္နီေဗးက “ကြၽန္ေတာ္ သိသေလာက္ အူဘာမီယန္းနဲ႔ လယ္မီနာ
ကိုဗစ္ေပ်ာက္တာ (၇၂) နာရီ ရွိပါၿပီ။ ဒါေပမယ့္ သူတို႔အတြက္
MRI ႐ိုက္ဖို႔ ကြၽန္ေတာ္တို႔ မစီစဥ္ေပးႏိုင္ပါဘူး။
အဲဒီေတာ့ အက်ိဳးဆက္အေနနဲ႔ ကစားသမားေတြက
ေလ့က်င့္ခန္း ဆင္းလို႔ မရေတာ့ပါဘူး”
“သူတို႔အတြက္ အခန္းထဲမွာပဲ ေနရတာကလည္း စိတ္ညစ္ညဴးစရာပဲေလ။
ဒီေတာ့ မေန႔ကပဲ အဖြဲ႕ခ်ဳပ္ ဥကၠဌ နဲ႔ တိုင္ပင္ၿပီး
ကလပ္အသင္းကို ျပန္လႊတ္လိုက္ပါတယ္။
ခင္ဗ်ားတို႔ သိတဲ့အတိုင္းပဲ အူဘာမီယန္းက ခက္ခဲတဲ့ အခ်ိန္ေတြ
ျဖတ္သန္းခဲ့ရတယ္ဆိုေပမယ့္ အာဆင္နယ္အတြက္ အဓိက,ကစားသမားပါ”
“ကြၽန္ေတာ္တို႔က ကလပ္အသင္းေတြကိုလည္း ကစားသမားေတြရဲ႕
အေနအထားနဲ႔ ပတ္သက္လို႔ အၿမဲတမ္း အစီရင္ခံေနရပါတယ္။
ကစားသမားေတြရဲ႕ က်န္းမာေရး တစ္ခုခုျဖစ္ၿပီဆိုရင္
ခင္ဗ်ားတို႔လည္း သိတဲ့အတိုင္း ကလပ္အသင္းေတြက
သူတို႔ကို လစာေပးထားရတာေလ” လို႔ ေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။