ကိုဗစ်ဖြစ်လို့ ချဲလ်ဆီး ပွဲတချို့နဲ့ လွဲချော်ရတော့မယ့် တူချယ်လ်

ယနေ့ ဆေးစစ်ချက်တွေ အရ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်လ် ဟာ

ကိုဗစ် ပေါ့စတစ် ဖြစ်နေကြောင်း သိရပါတယ် ။

ဒီအတွက်ကြောင့် ယနေ့ည အက်ဖ်အေဖလားပွဲ အပြီးမှာ

ချဲလ်ဆီး အသင်း ဟာ တူချယ်လ် မပါဘဲ ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲ ကျင်းပရာ

ယူအေအီးနိုင်ငံသို့ ထွက်ခွာရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးအသင်းရဲ့ တရားဝင်ထုတ်ပြန်ကြေငြာချက်အရ

“နည်းပြသောမတ်စ်တူချယ်လ်အနေနဲ့ ကိုဗစ်-၁၉

ရောဂါပိုးကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ်”

“ချဲလ်ဆီးအသင်းနည်းပြအနေနဲ့ ချမှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ

ကွာရန်တင်းဝင်နေပြီး လာမယ့်အပတ်မှာ အဘူဒါဘီကို

လာရောက်ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်”

“ချဲလ်ဆီးအသင်းအနေနဲ့ ပလိုင်းမောက်အသင်းနဲ့

အက်ဖ်အေဖလားပွဲစဉ်ကစားပြီးတာနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲယှဉ်ပြိုင်ဖို့

အဘူဒါဘီကိုထွက်ခွါမှာပါ” လို့ပါရှိတာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ

အယ်ဂျာဇီးယား(သို့)အယ်ဟီလယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး

ဗိုလ်လုပွဲစဉ်မှာတော့ ကိုပါလေဘာဒိုးချန်ပီယံ ပါးလ်မီးရက်စ်နဲ့ ရင်ဆိုင်ရဖို့ရှိနေတာပါ။

zawgyi

ကိုဗစ္ျဖစ္လို႔ ခ်ဲလ္ဆီး ပြဲတခ်ိဳ႕နဲ႔ လြဲေခ်ာ္ရေတာ့မယ့္ တူခ်ယ္လ္

ယေန႔ ေဆးစစ္ခ်က္ေတြ အရ ခ်ဲလ္ဆီး နည္းျပ ေသာမတ္စ္ တူခ်ယ္လ္ ဟာ

ကိုဗစ္ ေပါ့စတစ္ ျဖစ္ေနေၾကာင္း သိရပါတယ္ ။

ဒီအတြက္ေၾကာင့္ ယေန႔ည အက္ဖ္ေအဖလားပြဲ အၿပီးမွာ

ခ်ဲလ္ဆီး အသင္း ဟာ တူခ်ယ္လ္ မပါဘဲ ကမာၻ႔ကလပ္ဖလား ၿပိဳင္ပြဲ က်င္းပရာ

ယူေအအီးႏိုင္ငံသို႔ ထြက္ခြာရမွာ ျဖစ္ပါတယ္ ။

ခ်ဲလ္ဆီးအသင္းရဲ႕ တရားဝင္ထုတ္ျပန္ေၾကျငာခ်က္အရ

“နည္းျပေသာမတ္စ္တူခ်ယ္လ္အေနနဲ႔ ကိုဗစ္-၁၉

ေရာဂါပိုးကူးစက္ခံထားရေၾကာင္း ေဆးစစ္ခ်က္အေျဖထြက္လာခဲ့ပါတယ္”

“ခ်ဲလ္ဆီးအသင္းနည္းျပအေနနဲ႔ ခ်မွတ္ထားတဲ့စည္းကမ္းခ်က္ေတြနဲ႔အညီ

ကြာရန္တင္းဝင္ေနၿပီး လာမယ့္အပတ္မွာ အဘူဒါဘီကို

လာေရာက္ပူးေပါင္းႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”

“ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပလိုင္းေမာက္အသင္းနဲ႔

အက္ဖ္ေအဖလားပြဲစဥ္ကစားၿပီးတာနဲ႔ ကလပ္ကမာၻ႔ဖလားပြဲယွဥ္ၿပိဳင္ဖို႔

အဘူဒါဘီကိုထြက္ခြါမွာပါ” လို႔ပါရွိတာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကလပ္ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာ

အယ္ဂ်ာဇီးယား(သို႔)အယ္ဟီလယ္အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး

ဗိုလ္လုပြဲစဥ္မွာေတာ့ ကိုပါေလဘာဒိုးခ်န္ပီယံ ပါးလ္မီးရက္စ္နဲ႔ ရင္ဆိုင္ရဖို႔ရွိေနတာပါ။