
အက်စ်တွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်ဟာ ကိုဗစ်ပေါ့စတစ် ဖြစ်နေ
ကြောင်းစစ်ဆေးတွေ့ရှိရတဲ့အတွက် ဒီကနေ့ညကစားမယ့် ချဲလ်ဆီးနဲ့အိမ်ကွင်းပွဲ
အပြင် ဒီဇင်ဘာ ၂၈ မှာ လိဒ်ယူနိုက်တက်နဲ့အဝေးကွင်းပွဲကိုလည်း ကြီးကြပ်နိုင်တော့
မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီသတင်းကို ဗီလာအသင်းကလည်းအတည်ပြု
ခဲ့ပြီး ဂျရတ်အနေနဲ့အမြန်ဆုံးပြန်လည် တာဝန်ယူနိုင်ဖို့ မျှော်လင့်တယ်လို့လည်း
ဖော်ပြသွားပါတယ်။ အခုလိုလွဲချော်မှုကြောင့် ဂျရတ်ဟာ ဧည့်သည်ချဲလ်ဆီးအသင်းပရိသတ်
တွေက သူ့ကို ဗီလာပါ့ခ်မှာလှောင်ပြောင်ဖို့ လုပ်ထားမှုကနေလွတ်ကင်းသွားခဲ့
တယ်လို့လည်း သိရပါတယ်။
၂၀၁၄ တုန်းက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်နေတုန်း ချဲလ်ဆီးနဲ့
တွေ့ခဲ့တာပါ။ အဲဒီအချိန်က လီဗာပူးအသင်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျရတ်ဟာ ဘောလုံး
ထိန်းသိမ်းရာမှာ ခြေချော်ပြီးလဲကျခဲ့လို့ ချဲလ်ဆီးတိုက်စစ်မှူး ဒမ်ဘာဘာ အခွင့်အရေးယူ
ပြီးဂိုးသွင်းလိုက်တာကြောင့်ပွဲကိုလည်းရှုံးနိမ့်ခဲ့ပြီး လီဗာပူးလည်းချန်ပီယံအဖြစ်နဲ့
လွဲချော်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ ဂျရတ်ရဲ့ဘဝတစ်လျှောက်လုံးအရိမ်မည်းလို လိုက်နေတဲ့ဖြစ်ရပ်တစ်ခုဖြစ်
နေပြီး ဒါကိုသူကိုယ်တိုင်ကလည်းဝန်ခံ
ထားပါတယ်။ ဒါကြောင့် အဲဒီကိစ္စကို ချဲလ်ဆီးပရိသတ်တွေကဦးတည်ပြီး ဂျရတ်ကို
လှောင်ပြောင်ဖို့ စီစဉ်ထားကြတာပါ။ ဒါပေ
မယ့် ဂျရတ်က ကိုဗစ်ဖြစ်သွားလို့ ချဲလ်ဆီးပရိသတ်တွေအကြံအောင်တော့မှာမဟုတ်ပါ
ဘူး။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်
လည်း ဂျရတ်က ကွင်းထဲကနေမကြီးကြပ်နိုင်လို့ ဗီလာခြေစွမ်းထင်သလောက်မပြနိုင်
မှာကို စိုးရိမ်နေတာတွေလည်းရှိပါတယ်။
ဂျရတ်ဟာ ဗီလာကိုတာဝန်ယူပြီးနောက် မန်စီးတီးနဲ့ လီဗာပူးတို့လို ထိပ်တန်းအသင်း
တွေကိုရှုံးနိမ့်ခဲ့ပေမယ့် ကျန်တဲ့နိုင်သင့်တဲ့ပွဲတွေကို အနိုင်ရပြီး ခြေစွမ်းပြသနေတာဖြစ်ပါ
တယ်။ ဂျရတ်ဟာ ကစာသမားဘဝမှာချဲလ်ဆီးနဲ့တွေ့ရင်အမှားတွေလုပ်တတ်သူဖြစ်ပြီး
၂၀၀၅ တုန်းကလိဂ်ဖလားဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးနဲ့တွေ့တော့ ရစ်ဆီကဦးဆောင်ဂိုး
သွင်းခဲ့သေးပေမယ့် ဂျရတ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုနဲ့အတူ ချဲလ်ဆီးကအချိန်ပိုမှာ
အနိုင်ရသွားတဲ့ ဖြစ်ရပ်လည်းရှိခဲ့ပါသေးတယ်။
Zawgyi
ကိုဗစ္ျဖစ္တဲ့ ဂ်ရတ္နဲ႔ ဖဲ့ဖို႔အစီအစဥ္ ပ်က္ခဲ့ရတဲ့ ခ်ဲလ္ဆီးပရိသတ္မ်ား
အက္စ္တြန္ဗီလာအသင္းနည္းျပ စတီဗင္ဂ်ရတ္ဟာ ကိုဗစ္ေပါ့စတစ္ ျဖစ္ေန
ေၾကာင္းစစ္ေဆးေတြ႕ရွိရတဲ့အတြက္ ဒီကေန႔ညကစားမယ့္ ခ်ဲလ္ဆီးနဲ႔အိမ္ကြင္းပြဲ
အျပင္ ဒီဇင္ဘာ ၂၈ မွာ လိဒ္ယူႏိုက္တက္နဲ႔အေဝးကြင္းပြဲကိုလည္း ႀကီးၾကပ္ႏိုင္ေတာ့
မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဒီသတင္းကို ဗီလာအသင္းကလည္းအတည္ျပဳ
ခဲ့ၿပီး ဂ်ရတ္အေနနဲ႔အျမန္ဆုံးျပန္လည္ တာဝန္ယူႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔လည္း
ေဖာ္ျပသြားပါတယ္။ အခုလိုလြဲေခ်ာ္မႈေၾကာင့္ ဂ်ရတ္ဟာ ဧည့္သည္ခ်ဲလ္ဆီးအသင္းပရိသတ္
ေတြက သူ႔ကို ဗီလာပါ့ခ္မွာေလွာင္ေျပာင္ဖို႔ လုပ္ထားမႈကေနလြတ္ကင္းသြားခဲ့
တယ္လို႔လည္း သိရပါတယ္။
၂၀၁၄ တုန္းက လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ နီးစပ္ေနတုန္း ခ်ဲလ္ဆီးနဲ႔
ေတြ႕ခဲ့တာပါ။ အဲဒီအခ်ိန္က လီဗာပူးအသင္းေခါင္းေဆာင္ျဖစ္ေနတဲ့ ဂ်ရတ္ဟာ ေဘာလုံး
ထိန္းသိမ္းရာမွာ ေျခေခ်ာ္ၿပီးလဲက်ခဲ့လို႔ ခ်ဲလ္ဆီးတိုက္စစ္မႉး ဒမ္ဘာဘာ အခြင့္အေရးယူ
ၿပီးဂိုးသြင္းလိုက္တာေၾကာင့္ပြဲကိုလည္းရႈံးနိမ့္ခဲ့ၿပီး လီဗာပူးလည္းခ်န္ပီယံအျဖစ္နဲ႔
လြဲေခ်ာ္ခဲ့ရပါတယ္။
ဒီျဖစ္ရပ္ဟာ ဂ်ရတ္ရဲ႕ဘဝတစ္ေလွ်ာက္လုံးအရိမ္မည္းလို လိုက္ေနတဲ့ျဖစ္ရပ္တစ္ခုျဖစ္
ေနၿပီး ဒါကိုသူကိုယ္တိုင္ကလည္းဝန္ခံ
ထားပါတယ္။ ဒါေၾကာင့္ အဲဒီကိစၥကို ခ်ဲလ္ဆီးပရိသတ္ေတြကဦးတည္ၿပီး ဂ်ရတ္ကို
ေလွာင္ေျပာင္ဖို႔ စီစဥ္ထားၾကတာပါ။ ဒါေပ
မယ့္ ဂ်ရတ္က ကိုဗစ္ျဖစ္သြားလို႔ ခ်ဲလ္ဆီးပရိသတ္ေတြအႀကံေအာင္ေတာ့မွာမဟုတ္ပါ
ဘူး။ ဒါေပမယ့္ တစ္ဖက္ကၾကည့္ရင္
လည္း ဂ်ရတ္က ကြင္းထဲကေနမႀကီးၾကပ္ႏိုင္လို႔ ဗီလာေျခစြမ္းထင္သေလာက္မျပႏိုင္
မွာကို စိုးရိမ္ေနတာေတြလည္းရွိပါတယ္။
ဂ်ရတ္ဟာ ဗီလာကိုတာဝန္ယူၿပီးေနာက္ မန္စီးတီးနဲ႔ လီဗာပူးတို႔လို ထိပ္တန္းအသင္း
ေတြကိုရႈံးနိမ့္ခဲ့ေပမယ့္ က်န္တဲ့ႏိုင္သင့္တဲ့ပြဲေတြကို အႏိုင္ရၿပီး ေျခစြမ္းျပသေနတာျဖစ္ပါ
တယ္။ ဂ်ရတ္ဟာ ကစာသမားဘဝမွာခ်ဲလ္ဆီးနဲ႔ေတြ႕ရင္အမွားေတြလုပ္တတ္သူျဖစ္ၿပီး
၂၀၀၅ တုန္းကလိဂ္ဖလားဗိုလ္လုပြဲမွာလည္း ခ်ဲလ္ဆီးနဲ႔ေတြ႕ေတာ့ ရစ္ဆီကဦးေဆာင္ဂိုး
သြင္းခဲ့ေသးေပမယ့္ ဂ်ရတ္က ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့မႈနဲ႔အတူ ခ်ဲလ္ဆီးကအခ်ိန္ပိုမွာ
အႏိုင္ရသြားတဲ့ ျဖစ္ရပ္လည္းရွိခဲ့ပါေသးတယ္။