
မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားဟာကိုဗစ်ကူးစက်ခံထားရလို့
၁၀ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပြီး မန်စီးတီးကစားမယ့်
အနီးဆုံး ၃ ပွဲကို လွဲချော်တော့မှာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကာဒစ်မြို့မှာ
ဝေးလ်နဲ့ ၁-၁ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ဒီဘရိုင်းနားဟာ
အဲ့ဒိပွဲအပြီး ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ ကိုဗစ်ကူးစက်ခံထားရတာကို
တွေ့ရှိခဲ့တာပါ။ ဒီဘရိုင်းနားဟာ လာမယ့်သီတင်းပတ်ကုန်ရက်အထိ
သီးခြားခွဲနေထိုင်ရမှာဖြစ်လို့ အဲဗာတန်၊ ပီအက်စ်ဂျီတို့နဲ့
ကစားရမယ့်ပွဲတွေကို ကျိန်းသေလွဲမှာပါ။
နိုဝင်ဘာ ၂၈ ရက်နေ့မှာဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲစဥ္ကလည်း ဒီဘရိုင်းနားကစားနိုင်ဖို့
စောလွန်းနေသေးပြီး ဝက်စ်ဟမ်းပွဲအပြီးမှသာ လေ့ကျင့်ခန်း
ပြန်ဆင်းနိုင်ဖွယ်ရှိနေပါတယ်။ ဒီဘရိုင်းနားဟာ ဒီရာသီမှာ
မန်စီးတီးအတွက်ခြေစွမ်းမပြနိုင်သလို ဒဏ်ရာတွေနဲ့ နပန်းလုံးနေရပြီး
အခုလို ကိုဗစ်ကူးစက်ခံရခြင်းကလည်း ခြေစွမ်းကောင်းပြန်ရဖို့
အနှောင့်အယှက်ဖြစ်သွားခဲ့ပါတယ်။ မန်စီးတီးနည်းပြ
ဂွါဒီယိုလာကတော့ ကိုဗစ်ကြောင့် လူတွေ သေဆုံးနေကြဆဲအချိန်မှာ
ဒီဘရိုင်းနားရဲ့ ခြေစွမ်း၊ရာသီကောင်းကို ရဖို့ဆိုတာထက်
ကျန်းမာရေးပြန်ကောင်းလာဖို့ကိုသာ အလေးထားတယ်လို့ ဆိုပါတယ်။
“ကြံ့ခိုင်မှု၊ ပုံစံကောင်းတွေ မေ့ထားစမ်းပါ။ ဒီဘရိုင်းနား
ကျန်းမာရေးပြန်ကောင်းဖို့ပဲ လိုတယ်။ ဒါက ကိုဗစ်ကူးစက်ခံထားရသူ
တစ်ဦးအတွက် အရေးအကြီးဆုံးပါ။” ” လူတွေသေဆုံးနေဆဲဖြစ်လို့
ဒီဘရိုင်းနားအနေနဲ့ လုံးဝကို ဂရုစိုက်ရပါမယ်။ သူက ကာကွယ်ဆေး
ထိုးထားပြီးသားပါ။ ဒီအတွက် ပိုပြီး ခံနိုင်ရည်ရှိမှာပါ။
ရောဂါလက္ခဏာတွေက အပျော့စားဖြစ်ဖို့နဲ့ အမြန်ဆုံး ပြန်ကျန်းမာလာဖို့ပဲ
မျှော်လင့်တယ်” လို့ လည်း ဂွါဒီယိုလာက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
zawgyi
ကိုဗစ္ေၾကာင့္ လူေတြေသဆုံးေနဆဲျဖစ္လို႔ ဂ႐ုစိုက္ပါ ဒီဘ႐ိုင္းနား
မန္စီးတီးကြင္းလယ္ကစားသမား ဒီဘ႐ိုင္းနားဟာကိုဗစ္ကူးစက္ခံထားရလို႔
၁၀ ရက္ၾကာ သီးသန္႔ခြဲျခားေနထိုင္ရမွာျဖစ္ၿပီး မန္စီးတီးကစားမယ့္
အနီးဆုံး ၃ ပြဲကို လြဲေခ်ာ္ေတာ့မွာပါ။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကာဒစ္ၿမိဳ႕မွာ
ေဝးလ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ
ဘယ္လ္ဂ်ီယံအတြက္ ဦးေဆာင္ဂိုးကိုသြင္းယူေပးခဲ့တဲ့ ဒီဘ႐ိုင္းနားဟာ
အဲ့ဒိပြဲအၿပီး ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ရာမွာ ကိုဗစ္ကူးစက္ခံထားရတာကို
ေတြ႕ရွိခဲ့တာပါ။ ဒီဘ႐ိုင္းနားဟာ လာမယ့္သီတင္းပတ္ကုန္ရက္အထိ
သီးျခားခြဲေနထိုင္ရမွာျဖစ္လို႔ အဲဗာတန္၊ ပီအက္စ္ဂ်ီတို႔နဲ႔
ကစားရမယ့္ပြဲေတြကို က်ိန္းေသလြဲမွာပါ။ ႏိုဝင္ဘာ ၂၈ ရက္ေန႔မွာ
ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ပြဲစၪၠလည္း ဒီဘ႐ိုင္းနားကစားႏိုင္ဖို႔
ေစာလြန္းေနေသးၿပီး ဝက္စ္ဟမ္းပြဲအၿပီးမွသာ ေလ့က်င့္ခန္း
ျပန္ဆင္းႏိုင္ဖြယ္ရွိေနပါတယ္။ ဒီဘ႐ိုင္းနားဟာ ဒီရာသီမွာ
မန္စီးတီးအတြက္ေျခစြမ္းမျပႏိုင္သလို ဒဏ္ရာေတြနဲ႔ နပန္းလုံးေနရၿပီ
း အခုလို ကိုဗစ္ကူးစက္ခံရျခင္းကလည္း ေျခစြမ္းေကာင္းျပန္ရဖို႔
အေႏွာင့္အယွက္ျဖစ္သြားခဲ့ပါတယ္။ မန္စီးတီးနည္းျပ
ဂြါဒီယိုလာကေတာ့ ကိုဗစ္ေၾကာင့္ လူေတြ ေသဆုံးေနၾကဆဲအခ်ိန္မွာ
ဒီဘ႐ိုင္းနားရဲ႕ ေျခစြမ္း၊ရာသီေကာင္းကို ရဖို႔ဆိုတာထက္
က်န္းမာေရးျပန္ေကာင္းလာဖို႔ကိုသာ အေလးထားတယ္လို႔ ဆိုပါတယ္။
“ႀကံ့ခိုင္မႈ၊ ပုံစံေကာင္းေတြ ေမ့ထားစမ္းပါ။ ဒီဘ႐ိုင္းနား
က်န္းမာေရးျပန္ေကာင္းဖို႔ပဲ လိုတယ္။ ဒါက ကိုဗစ္ကူးစက္ခံထားရသူ
တစ္ဦးအတြက္ အေရးအႀကီးဆုံးပါ။” ” လူေတြေသဆုံးေနဆဲျဖစ္လို႔
ဒီဘ႐ိုင္းနားအေနနဲ႔ လုံးဝကို ဂ႐ုစိုက္ရပါမယ္။ သူက ကာကြယ္ေဆး
ထိုးထားၿပီးသားပါ။ ဒီအတြက္ ပိုၿပီး ခံႏိုင္ရည္ရွိမွာပါ။
ေရာဂါလကၡဏာေတြက အေပ်ာ့စားျဖစ္ဖို႔နဲ႔ အျမန္ဆုံး ျပန္က်န္းမာလာဖို႔ပဲ
ေမွ်ာ္လင့္တယ္” လို႔ လည္း ဂြါဒီယိုလာက မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။