ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ ကစားသမားသမားတွေကို ပွဲကစားခွင့် မပေးဘဲ
အရေးယူသွားမယ်လို့ ရိုမေနီးယားကလပ် စတူအာဘူခါရက်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ
ဂီဂီဘီကာလီက ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ သူ့အသင်းက ဘယ်ကစားသမားမဆို
ပွဲကစားခွင့်ရမှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
အခုလိုမျိုး တားမြစ်သတင်းထုတ်ပြန်လိုက်ရတာဟာ
သူ့အသင်းသာမက ပြိုင်ဘက်အသင်းတွေက ကစားသမားတွေဟာ
ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ခွန်အားတွေ ဆုတ်လျော့ကုန်တဲ့အတွက်
တားမြစ်လိုက်တာလို့လည်း ဆိုပါတယ်။
စတူအာဘူခါရက်ရဲ့ ရိုမေးနီးယားပြည်တွင်းပြိုင်ဘက်အသင်းတွေဖြစ်တဲ့
ကလုချ်နဲ့ ရက်ပစ်ဘူခါရက်က ကစားသမားတွေဆိုရင်လည်း
ကိုဗစ်ကာကွယ်ဆေးတွေထိုးပြီးမှ ထိပ်တန်းအဆင့် အရည်အသွေးနဲ့
မကစားနိုင်တော့ဘဲ ခွန်အားတွေ ဆုတ်လျော့ကုန်တာကို တွေ့နေရတယ်လို့
နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ ဂီဂီဘီကာလီက ထောက်ပြပါတယ်။
“ကျွန်တော် ဒီလိုပြောလို့ ခင်ဗျားတို့က ရီကြမယ်။ ဒါပေ မယ့် ကျွန်တော် မှန်ပါတယ်။
သိပ္ပံနည်းကျလည်း ဖြစ်တယ်။ ခင်ဗျားတို့ ကလုပ်ချ်၊ ရက်ပစ်ဘူခါရက်က
ကစားသမားတွေကို သတိထားမိလား။
သူတို့ ကွင်းထဲမှာ အလွယ်တကူ လဲကျနေကြတယ်။
အဲ့ဒါ ဟန်ဆောင်နေတာ မဟုတ်ဘူး။ ကိုဗစ်ကာကွယ်ဆေးထိုးလိုက်တဲ့
ကစားသမားအားလုံး သူတို့ရဲ့ ခွန်အားတွေ ဆုံးရှုံးကုန်တာ”လို့
ဂီဂီဘီကာလီက ရိုမေနီးယားပြည်တွင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် – “ကျွန်တော့်အသင်းက ကစားသမားတွေဆိုရင်လည်း
ဒီအတိုင်းပဲ။ တချို့က သိပ်မထိပေမယ့် အသက်ကြီးတဲ့သူတွေဆို ထိတယ်။
ဆီပရီယန်ဒေ့စ်ဆိုရင် သူရဲ့ အင်တိုက်အားတိုက်
ကစားနိုင်ပုံတွေကို မတွေ့ရတော့ဘူ” လို့ စတူအာဘူခါရက်က
အသက်၃၆ နှစ်ရှိ တောင်ပံကစားသမားရဲ့
ကစားအားကျသွားပုံကိုလည်း ထောက်ပြခဲ့ပါတယ္။
ရိုမေနီးယားအစိုးရတာဝန်ရှိသူတွေကတော့ ဂီဂီဘီကာလီရဲ့
အခု မှတ်ချက်နဲ့ ပြောဆိုမှုအတွက် စိတ်ပျက်ဒေါသထွက်နေကြပါတယ်။
ရိုမေနီးယားဟာ လူ ၁၀၀ မှာ ၈၆.၅၂ ဦးနှုန်း ကိုဗစ်ကာကွယ်ဆေးထိုးထားကြပြီး
ဥရောပနိုင်ငံတွေထဲမှာတော့ ကာကွယ်ဆေးထိုးနှံမှုနှုန်း ဒုတိယအနည်းဆုံးနိုင်ငံဖြစ်ပါတယ်။
zawgyi
ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ ကစားသမားသမားတွေကို ပွဲကစားခွင့် မပေးဘဲအရေးယူသွားမယ်ဆိုတဲ့ စတူအာဘူခါရက်
ကလုခ်ျနဲ့ ရက်ပစ်ဘူခါရက်က ကစားသမားတွေဆိုရင်လည်း
ကစားအားကျသွားပုံကိုလည်း ထောက်ပြခဲ့ပါတယ်။