ကိုဒီ ဂတ်ပိုကို ဇန်နဝါရီလအထိ တန်ဟက်ခ် ခေါ်ယူအုံးမည်မဟုတ်

” ကျွန်တော်တို့အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ လိုအပ်သလို

ကစားကွက်တွေနဲ့အတူ လိုက်ပါကစားနိုင်မယ့် သူတွေလည်း လိုအပ်ပါတယ်။

အခုအချိန်အတွက် အဓိကလိုအပ်တာက တည်ငြိမ်တဲ့ အနေအထားတခုကို ထိန်းသိမ်းနိုင်ဖို့ပါပဲ။

ကျွန်တော်တို့ လိုအပ်နေတာက ဒါပါပဲ။

အသင်းမှာရှိနေတဲ့ လက်ရှိလူစာရင်းနဲ့ ကျွန်တော်တို့ အနည်းဆုံး ဇန်နဝါရီအထိ ခရီးဆက်ပါမယ်” ဆိုပြီး

ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့သတင်းတွေကို တန်ဟက်ခ်က အင်တာဗျူးမှာ ပြောကြားလိုက်ရင်း

ကောလဟာလ သတင်းတွေကိုအဆုံးသတ်ခဲ့လိုက်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ မာလာစီယာ၊ လီဆန်ဒရို၊ အဲရစ်ဆင်၊ ကက်စ်မဲရိုးနဲ့

အခု နောက်ဆုံး အန်တိုနီနဲ့ ဒူဘရာကာတို့ကို ခေါ်ယူထားပြီးဖြစ်သလို

ဝမ်ဘစ်ဆာကာလည်း အသင်းမှာ ဆက်ရှိမယ့် အကြောင်း အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ဒီသတင်းဟာ ယူနိုက်တက်ဆီပြောင်းရွှေ့လာချင်တဲ့ ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီ ဂတ်ပိုဟာအတွက်တော့

စိတ်ပျက်စရာဖြစ်စေခဲ့တယ်လို့လည်းသိရပါတယ်။

အပြောင်းအရွှေ့အစမှာ စိတ်ဝင်စားတာခံခဲ့ရပေမယ့် ယူနိုက်တက်က အေဂျက်ရဲ့ အန်တိုနီကို ခေါ်ယူဖို့ပဲ အာရုံစိုက်ခဲ့ချိန်ကတည်းက

သူ့ကိုပါ အပြောင်းအရွှေ့ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ ဖြစ်မြောက်လာဖို့မရှိတော့ပါဘူး။

ယူနိုက်တက်ဆီပြောင်းရွှေ့ဖို့ သူ့အတွက် တစ်ခုတည်းသောချွင်းချက်အနေအထားက

ရော်နယ်ဒိုအသင်းပြောင်းရွှေ့သွားတော့မှသာဖြစ်လာပါတော့မယ်။

လက်ရှိမှာတော့ ပေါ်တူဂီ တိုက်စစ်မှူးက အသင်းမှာ ဆက်နေဖို့အလားအလာ များနေပါတယ်။

ဒီအပြောင်းအရွှေ့မှာ ဆောက်သမ်တန်အသင်းက ဂတ်ပိုကို ယူရို (၂၁ ) သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့်

ပီအက်စ်ဗွီအသင်းက ပယ်ချခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်ကစားသမားဖြစ်ခြင်လို့ ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ကစားလိုတဲ့

ဂတ်ပိုအတွက် အခွင့်အရေးတစ်ခုအဆုံးအရှုံးခံလိုက်တာပါပဲ။

ပီအက်စ်ဗွီမှာ နည်းပြနေတဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရူဘင် နစ္စတယ်ရွိုင်း ကလည်း

သူ့အသင်းရဲ့နယ်သာလန်လက်ရွေးစင်အတွက် ယူနိုက်တက်ဆီကနေကမ်းလှမ်းလာမယ့်

ပေါင် ( ၂၅ ) သန်း ဝန်းကျင်ကို အလိုရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းတေမှာတော့ ဆောက်သမ်တန်ကလည်း ပြောင်းရွှေ့ကြေးကိုတိုးမြှင့်ကမ်းလှမ်းဖို့စီစဉ်နေသလို

လိဒ်နဲ့ အဲဗာတန်တို့ကလည်း ဂတ်ပိုကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

နောက် (၂၄)နာရီးအတွင်း ဂတ်ပိုရဲ့အပြောင်းအရွှေ့က ဘယ်လိုဖြစ်လာမလဲ…?

zawgyi

ကိုဒီ ဂတ္ပိုကို ဇန္နဝါရီလအထိ တန္ဟက္ခ္ ေခၚယူအုံးမည္မဟုတ္

” ကြၽန္ေတာ္တို႔အသင္းမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ လိုအပ္သလို

ကစားကြက္ေတြနဲ႔အတူ လိုက္ပါကစားႏိုင္မယ့္ သူေတြလည္း လိုအပ္ပါတယ္။

အခုအခ်ိန္အတြက္ အဓိကလိုအပ္တာက တည္ၿငိမ္တဲ့ အေနအထားတခုကို ထိန္းသိမ္းႏိုင္ဖို႔ပါပဲ။

ကြၽန္ေတာ္တို႔ လိုအပ္ေနတာက ဒါပါပဲ။

အသင္းမွာရွိေနတဲ့ လက္ရွိလူစာရင္းနဲ႔ ကြၽန္ေတာ္တို႔ အနည္းဆုံး ဇန္နဝါရီအထိ ခရီးဆက္ပါမယ္” ဆိုၿပီး

ယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြကို တန္ဟက္ခ္က အင္တာဗ်ဴးမွာ ေျပာၾကားလိုက္ရင္း

ေကာလဟာလ သတင္းေတြကိုအဆုံးသတ္ခဲ့လိုက္ပါတယ္။

ယူႏိုက္တက္ဟာ လက္ရွိေႏြရာသီမွာ မာလာစီယာ၊ လီဆန္ဒ႐ို၊ အဲရစ္ဆင္၊ ကက္စ္မဲ႐ိုးနဲ႔

အခု ေနာက္ဆုံး အန္တိုနီနဲ႔ ဒူဘရာကာတို႔ကို ေခၚယူထားၿပီးျဖစ္သလို

ဝမ္ဘစ္ဆာကာလည္း အသင္းမွာ ဆက္ရွိမယ့္ အေၾကာင္း အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။

ဒီသတင္းဟာ ယူႏိုက္တက္ဆီေျပာင္းေ႐ႊ႕လာခ်င္တဲ့ ပီအက္စ္ဗြီ တိုက္စစ္မႉး ကိုဒီ ဂတ္ပိုဟာအတြက္ေတာ့

စိတ္ပ်က္စရာျဖစ္ေစခဲ့တယ္လို႔လည္းသိရပါတယ္။

အေျပာင္းအေ႐ႊ႕အစမွာ စိတ္ဝင္စားတာခံခဲ့ရေပမယ့္ ယူႏိုက္တက္က ေအဂ်က္ရဲ႕ အန္တိုနီကို ေခၚယူဖို႔ပဲ အာ႐ုံစိုက္ခဲ့ခ်ိန္ကတည္းက

သူ႔ကိုပါ အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာေတာ့ ျဖစ္ေျမာက္လာဖို႔မရွိေတာ့ပါဘူး။

ယူႏိုက္တက္ဆီေျပာင္းေ႐ႊ႕ဖို႔ သူ႔အတြက္ တစ္ခုတည္းေသာခြၽင္းခ်က္အေနအထားက

ေရာ္နယ္ဒိုအသင္းေျပာင္းေ႐ႊ႕သြားေတာ့မွသာျဖစ္လာပါေတာ့မယ္။

လက္ရွိမွာေတာ့ ေပၚတူဂီ တိုက္စစ္မႉးက အသင္းမွာ ဆက္ေနဖို႔အလားအလာ မ်ားေနပါတယ္။

ဒီအေျပာင္းအေ႐ႊ႕မွာ ေဆာက္သမ္တန္အသင္းက ဂတ္ပိုကို ယူ႐ို (၂၁ ) သန္းနဲ႔ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္

ပီအက္စ္ဗြီအသင္းက ပယ္ခ်ခဲ့ပါတယ္။ ဒါဟာ ယူႏိုက္တက္ကစားသမားျဖစ္ျခင္လို႔ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ြ႕ကစားလိုတဲ့

ဂတ္ပိုအတြက္ အခြင့္အေရးတစ္ခုအဆုံးအရႈံးခံလိုက္တာပါပဲ။

ပီအက္စ္ဗြီမွာ နည္းျပေနတဲ့ ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ႐ူဘင္ နစၥတယ္႐ြိဳင္း ကလည္း

သူ႔အသင္းရဲ႕နယ္သာလန္လက္ေ႐ြးစင္အတြက္ ယူႏိုက္တက္ဆီကေနကမ္းလွမ္းလာမယ့္

ေပါင္ ( ၂၅ ) သန္း ဝန္းက်င္ကို အလိုရွိေနတယ္လို႔ သိရပါတယ္။

ေနာက္ဆုံးရ သတင္းေတမွာေတာ့ ေဆာက္သမ္တန္ကလည္း ေျပာင္းေ႐ႊ႕ေၾကးကိုတိုးျမႇင့္ကမ္းလွမ္းဖို႔စီစဥ္ေနသလို

လိဒ္နဲ႔ အဲဗာတန္တို႔ကလည္း ဂတ္ပိုကိုေခၚယူဖို႔စိတ္ဝင္စားေနၾကပါတယ္။

ေနာက္ (၂၄)နာရီးအတြင္း ဂတ္ပိုရဲ႕အေျပာင္းအေ႐ႊ႕က ဘယ္လိုျဖစ္လာမလဲ…?