
လက်ရှိအချိန်အထိစွမ်းဆောင်ရည် ကိန်းဂဏန်းတွေကိုအခြေခံပြီး





ရွေးချယ်ထားတဲ့ ထိပ်တန်းလိဂ် ၅ရပ်ရဲ့ Team of the Season မှာ
ဖူလ်ဟမ်ကစားသမားတစ်ယောက်ပါဝင်နေခဲ့တာက ပရိသတ်တွေကို





အံ့အားသင့်စေခဲ့ပါတယ်။ တကယ်တော့ ရာသီကုန်ဆုံးချိန်မှာ ဆုဖလားတွေ
ပိုင်ဆိုင်တာကိုကြည့်ပြီး ဘယ်သူအနိုင်ရသင့်တယ်ဆိုတာက ကိန်းဂဏန်းနဲ့မသက်ဆိုင်ပါဘူး။
တနည်းအားဖြင့်တော့ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆု The Best ကို





မက်ဆီရဖို့နီးစပ်ပေမယ့် ဒါဟာ လတ်တလော ပီအက်စ်ဂျီအသင်းနဲ့အတူရရှိခဲ့တဲ့
ကိန်းဂဏန်းတွေပေါ်မှာအခြေမခံထားပါဘူး။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်





ကိန်းဂဏန်းအပေါ်မူတည်တွက်ချက်ထားတဲ့ Who Scored ရဲ့တရာသီစာ
အကောင်းဆုံးအသင်းမှာတော့ အသက် ၃၅နှစ်အရွယ် မက်ဆီက
ရာသီတစ်လျှောက်ပျမ်းမျှ ၈.၄ အထိရရှိခဲ့တာဖြစ်တယ်။





ဒီနေရာမှာတော့ နာပိုလီနဲ့အတူ ဂိုး ၁၀၀ မြောက်ပိုင်ဆိုင်ခဲ့တဲ့ ဗစ်တာအိုဆင်ဟမ်နဲ့
မန်စီးတီးရဲ့ ဟာလန်းတို့မပါဝင်တာနဲ့ပက်သတ်လို့ ပရိသတ်တွေစိတ်ရှုပ်ထွေးကုန်ကြပါတယ်။





ဒါ့အပြင် ဒီရာသီလာလီဂါ ၂၅ ပွဲမှာ ၁၇ ပွဲအထိ Clean Sheets ရထားတဲ့
ဘာစီလိုနာဂိုးသမား တာစတီဂန်ကို ဖူလ်ဟမ်ဂိုးသမား လီနို ကျော်ဖြတ်သွားတာကလည်း
အံ့အားသင့်စရာဖြစ်နေပါတယ်။ ၄-၄-၂ ကစားကွက်ကိုအခြေခံထားတဲ့





Who Scored ရဲ့Team of the Season မှာတော့ ဂိုးသမားနေရာမှာ
လီနို(ဖူလ်ဟမ်)၊ ခံစစ် ၄ ယောက်တန်းမှာတော့ ထရစ်ပီယာ(ကာဆယ်)၊





ဂျီရော့တို(နန်တက်စ်)၊ အော်ဘန်(လိုက်ပ်ဇစ်)၊ မာရီယိုရူအီ(နာပိုလီ)၊
ကွင်းလယ် ၄ ယောက်တန်းမှာတော့ ဆာကာ(အာဆင်နယ်)၊ နေမာ(ပီအက်စ်ဂျီ)၊
ဒီဘရိုင်း(မန်စီးတီး)နဲ့ ကာဗာရက်စကီလီယာ(နာပိုလီ) တို့ပါဝင်ခဲ့ပြီး





တိုက်စစ်မှာတော့ မက်ဆီ(ပီအက်စ်ဂျီ)နဲ့ အမ်ဘာပီ(ပီအက်စ်ဂျီ) တို့ပါဝင်ခဲ့တာဖြစ်တယ်။
zawgyi





ကိန်းဂဏန်းတွေကို အခြေခံထားတဲ့ ဥရောပထိပ်တန်းလိဂ် ၅ရပ်ရဲ့ ရာသီအလိုက်အကောင်းဆုံးအသင်းမှာ ဖူလ်ဟမ်ကြယ်ပွင့် ပါဝင်နေ












































