
ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူနေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်
အငှားကစားသမား တာဟစ်ချောင်ဟာ ပြီးခဲ့တဲ့ အပတ်က ပွဲစဥ်မှာ လူစားဝင်ကစားပြီး
ဘာမင်ဟမ်စီးတီးအသင်းအတွက် ပထမဆုံးသွင်းဂိုး ရယူပေးနိုင်ခဲ့ပါတယ်။
ချောင်ဟာ Bristol City ကို အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ Lee Bowyerရဲ့ အသင်းအတွက်
လူစားဝင်ပြီး ( ၃ ) မိနစ်အတွင်းမှာပဲ သွင်းဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ
အသက် ( ၂၂ ) နှစ်အရွယ် ကစားသမားအတွက် ပေါင်ခြံဒဏ်ရာကြောင့် ကာလရှည်
အနားယူနေခဲ့ရပြီးနောက်ပိုင်း ချန်ပီယံရှစ်ကလပ်အတွက် ပထမဆုံးကစားပေးနိုင်ခဲ့တဲ့
ပွဲစဥ်ဖြစ်ပါတယ်။ ချောင်ဟာ အဆိုပါ ဒဏ်ပြဿနာမတိုင်မီ အသင်းရဲ့
အဓိက ကစားသမားတစ်ဦးအနေနဲ့ ရှိခဲ့ပြီး သူ့ရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်လို့
စိတ်ပျက်ခဲ့ရကြောင်း နည်းပြဖြစ်သူကလည်း ဝန်ခံပြောကြားခဲ့တာတွေ့ရပါတယ်။
တောင်ပံကစားသမားဟာ ဒီရာသီအတွင်း ပြန်လည်ကစားနိုင်ဖို့ မသေချာတဲ့
အနေအထားကနေ ယခုလို အလျင်အမြန်သက်သာလာခဲ့တာဖြစ်ပါတယ်။
ချောင်က Ashton Gate ကွင်းကြီးထဲမှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့ပုံတွေကို မျှဝေခဲ့ပြီး
“ ( ၄ ) လအကြာမှာ ပြန်လည်ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ခံစားချက်က
တကယ်ကောင်းပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အရေးပါတဲ့ (
၃ ) မှတ် ရယူနိုင်ခဲ့တယ်။ ကျွန်တော်ပြန်လာပါပြီ။”ဟု ရေးသားထားပါတယ်။
အဆိုပါ ပို့စ်ကို သူ့လိုပဲ ဘာမင်ဟမ်မှာ အငှားကစားနေတဲ့ တင်ဒီ မင်ဂီ နှင့်
ယူနိုက်တက်ကစားသမားအများစုကလည်း လိုက်ခ်ပေးခဲ့ကြပါတယ်။
ဒါ့အပြင် အင်္ဂလန်လက်ရွေးစင် ဂျူ့ ဘယ်လင်ဟမ်ကလည်း “Yessir” လို့
မှတ်ချက်ပေးရေးသားထားတာတွေ့ရပါတယ်။ ဘယ်လင်ဟမ်ဟာ
ဒေါ့မွန်အသင်းထံ မပြောင်းရွေ့မီ ဘာမင်ဟမ်စီးတီးအသင်းမှာ
ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။
Zawgyi
ကာလရွည္ အနားယူခဲ့ရေပမဲ့ ပထမဆုံးျပန္ကစားႏိုင္တဲ့ပြဲစဥ္မွာ ဂိုးသြင္းခဲ့တဲ့ ယူႏိုက္တက္ၾကယ္ပြင့္
ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္ အနားယူေနခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္
အငွားကစားသမား တာဟစ္ေခ်ာင္ဟာ ၿပီးခဲ့တဲ့ အပတ္က ပြဲစဥ္မွာ လူစားဝင္ကစားၿပီး
ဘာမင္ဟမ္စီးတီးအသင္းအတြက္ ပထမဆုံးသြင္းဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။
ေခ်ာင္ဟာ Bristol City ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ Lee Bowyerရဲ႕ အသင္းအတြက္
လူစားဝင္ၿပီး ( ၃ ) မိနစ္အတြင္းမွာပဲ သြင္းဂိုးရယူေပးခဲ့တာျဖစ္ပါတယ္။ ဒါဟာ
အသက္ ( ၂၂ ) ႏွစ္အ႐ြယ္ ကစားသမားအတြက္ ေပါင္ၿခံဒဏ္ရာေၾကာင့္ ကာလရွည္
အနားယူေနခဲ့ရၿပီးေနာက္ပိုင္း ခ်န္ပီယံရွစ္ကလပ္အတြက္ ပထမဆုံးကစားေပးႏိုင္ခဲ့တဲ့
ပြဲစဥ္ျဖစ္ပါတယ္။ ေခ်ာင္ဟာ အဆိုပါ ဒဏ္ျပႆနာမတိုင္မီ အသင္းရဲ႕
အဓိက ကစားသမားတစ္ဦးအေနနဲ႔ ရွိခဲ့ၿပီး သူ႔ရဲ႕ ဒဏ္ရာျပႆနာနဲ႔ ပတ္သက္လို႔
စိတ္ပ်က္ခဲ့ရေၾကာင္း နည္းျပျဖစ္သူကလည္း ဝန္ခံေျပာၾကားခဲ့တာေတြ႕ရပါတယ္။
ေတာင္ပံကစားသမားဟာ ဒီရာသီအတြင္း ျပန္လည္ကစားႏိုင္ဖို႔ မေသခ်ာတဲ့
အေနအထားကေန ယခုလို အလ်င္အျမန္သက္သာလာခဲ့တာျဖစ္ပါတယ္။
ေခ်ာင္က Ashton Gate ကြင္းႀကီးထဲမွာ ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ပုံေတြကို မွ်ေဝခဲ့ၿပီး
“ ( ၄ ) လအၾကာမွာ ျပန္လည္ကစားၿပီး ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ခံစားခ်က္က
တကယ္ေကာင္းပါတယ္။ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ အေရးပါတဲ့ (
၃ ) မွတ္ ရယူႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ျပန္လာပါၿပီ။”ဟု ေရးသားထားပါတယ္။
အဆိုပါ ပို႔စ္ကို သူ႔လိုပဲ ဘာမင္ဟမ္မွာ အငွားကစားေနတဲ့ တင္ဒီ မင္ဂီ ႏွင့္
ယူႏိုက္တက္ကစားသမားအမ်ားစုကလည္း လိုက္ခ္ေပးခဲ့ၾကပါတယ္။
ဒါ့အျပင္ အဂၤလန္လက္ေ႐ြးစင္ ဂ်ဴ႕ ဘယ္လင္ဟမ္ကလည္း “Yessir” လို႔
မွတ္ခ်က္ေပးေရးသားထားတာေတြ႕ရပါတယ္။ ဘယ္လင္ဟမ္ဟာ
ေဒါ့မြန္အသင္းထံ မေျပာင္းေ႐ြ႕မီ ဘာမင္ဟမ္စီးတီးအသင္းမွာ
ေျခစြမ္းျပကစားခဲ့သူျဖစ္ပါတယ္။