
သရဲနီကြယ်ပွင့် ကက်စ်မီရိုကတော့ ကာဆယ်နဲ့ကာရာဘောင်းဖလား





ဖိုင်နယ်မတိုင်ခင်မှာ ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်ရဲ့အကောင်းဆုံး
ကစားသမားလို့ အမည်တပ်ချီးကျူးသွားခဲ့ပါတယ်။ ဘရာဇီးသားဟာ





ရီးရဲလ်ကနေ ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့ပြီး ပထမဆုံးရာသီမှာတင်
ဖလား ၄ လုံးလမ်းကြောင်းပေါ်ရပ်တည်လျှောက်လှမ်းခွင့်ရနေတာဖြစ်တယ်။
အသက် ၃၁ နှစ်အရွယ် ကက်စ်မီရိုက အိုးလ်ထရက်ဖို့ဒ်အတွက်





လက်မှတ်မထိုးခင်ကတည်းက ယူနိုက်တက်ပွဲစဉ်တွေကိုကြည့်ရှုခဲ့တယ်လို့
ဖွင့်ဟခဲ့ပြီး အကောင်းဆုံးအဖြစ် ဘရူနိုဖာနန်ဒက်စ်ကိုရွေးချယ်သွားခဲ့တာပါ။





“ယူနိုက်တက်ကိုမလာခင်မှာ တီဗီဖွင့်ပြီး သူတို့ပွဲစဉ်တွေကြည့်လိုက်တော့…
သူက အကောင်းဆုံးပါပဲ။ ကွင်းလယ်နဲ့ တိုက်စစ်ကိုအကူအညီပေးတဲ့
အမျိုးအစားဖြစ်ပြီး အဲ့ဒီအကူးအပြောင်းမှာ အဓိကအစိတ်အပိုင်းဖြစ်တယ်။





ဒီမှာတော့ သူက ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားပါ” လို့
ကက်စ်မီရိုက ချီးကျူးလိုက်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ





၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းကနေ ယူနိုက်တက်ကို
ပြောင်းရွှေ့လာသူဖြစ်တယ်။ အိုးလ်ထရက်ဖို့ဒ်မှာ သွင်းဂိုးနဲ့ အရေးကြီးတဲ့
ဖန်တီးမှုတွေပြုလုပ်ထားပေမယ့် လက်ရှိအချိန်အထိတော့ ဆုဖလား





အောင်မြင်မှုမရသေးပါဘူး။ ဒါပေမယ့် ဒီညပွဲစဉ်မှာတော့ အသင်းနဲ့အတူ
ပထမဆုံးဆုဖလားကိုတောင်းဆိုခွင့်ရှိနေတာဖြစ်တယ်။ ဆုဖလားရယူရေးနဲ့ပက်သတ်လို့





ကက်စ်မီရိုက “ဒါကအရေးအကြီးဆုံးအရာပါ။ ငါတို့အတွက် ချန်ပီယံဆုတွေရဖို့
ခက်ခဲမယ်ဆိုတာသိတယ်၊ အထူးသဖြင့်တော့ ပရီးမီးယားလိဂ်၊
ဂိမ်းအားလုံးကခက်ခဲတဲ့အရာတွေဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့





အရေးကြီးတဲ့ပွဲစဉ်တွေနဲ့ ဆုဖလားတွေအနိုင်ရချင်တယ်။ ဒါက မလွယ်ပါဘူး။
အထူးသဖြင့်တော့ ကမ္ဘာပေါ်မှာအခက်ခဲဆုံးလိဂ်အကြောင်းပြောနေတာပါ။





ဒါပေမယ့် ဒီအရာကို ကျွန်တော်ကိုယ်တိုင်သိချင်နေတာဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။
zawgyi
ကာရာေဘာင္းဖလား ဗိုလ္လုပြဲမတိုင္ခင္မွာ ယူႏိုက္တက္ရဲ႕အေကာင္းဆုံးကစားသမား ဘယ္သူလဲဆိုတာ ကက္စ္မီ႐ို ဖြင့္ဟလိုက္





သရဲနီၾကယ္ပြင့္ ကက္စ္မီ႐ိုကေတာ့ ကာဆယ္နဲ႔ကာရာေဘာင္းဖလား
ဖိုင္နယ္မတိုင္ခင္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ကို ယူႏိုက္တက္ရဲ႕အေကာင္းဆုံး





ကစားသမားလို႔ အမည္တပ္ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဘရာဇီးသားဟာ
ရီးရဲလ္ကေန ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕လာခဲ့ၿပီး ပထမဆုံးရာသီမွာတင္
ဖလား ၄ လုံးလမ္းေၾကာင္းေပၚရပ္တည္ေလွ်ာက္လွမ္းခြင့္ရေနတာျဖစ္တယ္။





အသက္ ၃၁ ႏွစ္အ႐ြယ္ ကက္စ္မီ႐ိုက အိုးလ္ထရက္ဖို႔ဒ္အတြက္
လက္မွတ္မထိုးခင္ကတည္းက ယူႏိုက္တက္ပြဲစဥ္ေတြကိုၾကည့္ရႈခဲ့တယ္လို႔





ဖြင့္ဟခဲ့ၿပီး အေကာင္းဆုံးအျဖစ္ ဘ႐ူႏိုဖာနန္ဒက္စ္ကိုေ႐ြးခ်ယ္သြားခဲ့တာပါ။
“ယူႏိုက္တက္ကိုမလာခင္မွာ တီဗီဖြင့္ၿပီး သူတို႔ပြဲစဥ္ေတြၾကည့္လိုက္ေတာ့…
သူက အေကာင္းဆုံးပါပဲ။ ကြင္းလယ္နဲ႔ တိုက္စစ္ကိုအကူအညီေပးတဲ့





အမ်ိဳးအစားျဖစ္ၿပီး အဲ့ဒီအကူးအေျပာင္းမွာ အဓိကအစိတ္အပိုင္းျဖစ္တယ္။
ဒီမွာေတာ့ သူက ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးကစားသမားပါ” လို႔





ကက္စ္မီ႐ိုက ခ်ီးက်ဴးလိုက္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
၂၀၂၀ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ စပို႔တင္းကေန ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕လာသူျဖစ္တယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ သြင္းဂိုးနဲ႔ အေရးႀကီးတဲ့





ဖန္တီးမႈေတြျပဳလုပ္ထားေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဆုဖလား
ေအာင္ျမင္မႈမရေသးပါဘူး။ ဒါေပမယ့္ ဒီညပြဲစဥ္မွာေတာ့ အသင္းနဲ႔အတူ





ပထမဆုံးဆုဖလားကိုေတာင္းဆိုခြင့္ရွိေနတာျဖစ္တယ္။ ဆုဖလားရယူေရးနဲ႔ပက္သတ္လို႔
ကက္စ္မီ႐ိုက “ဒါကအေရးအႀကီးဆုံးအရာပါ။ ငါတို႔အတြက္ ခ်န္ပီယံဆုေတြရဖို႔
ခက္ခဲမယ္ဆိုတာသိတယ္၊ အထူးသျဖင့္ေတာ့ ပရီးမီးယားလိဂ္၊





ဂိမ္းအားလုံးကခက္ခဲတဲ့အရာေတြျဖစ္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့
အေရးႀကီးတဲ့ပြဲစဥ္ေတြနဲ႔ ဆုဖလားေတြအႏိုင္ရခ်င္တယ္။ ဒါက မလြယ္ပါဘူး။





အထူးသျဖင့္ေတာ့ ကမာၻေပၚမွာအခက္ခဲဆုံးလိဂ္အေၾကာင္းေျပာေနတာပါ။
ဒါေပမယ့္ ဒီအရာကို ကြၽန္ေတာ္ကိုယ္တိုင္သိခ်င္ေနတာျဖစ္တယ္” လို႔ ဆိုခဲ့ပါတယ္။