ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ်ကို သတ်ပစ်ချင်တယ်လို့ ‘သားသတ်သမား’ လီဆန်ဒရိုမာတီနက်ဇ် ကြုံးဝါး

ဝင်ဘလေကွင်းမှာကစားမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ပက်သတ်လို့တော့

ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်က စိန်ခေါ်မှုစတင်လိုက်ပါပြီ။

မာတီနက်ဇ်ကိုတော့ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ ကတိကဝတ်တွေကြောင့်

လူကြိုက်များကြတာဖြစ်တယ်။ နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်ခင်မှာတော့

‘သားသတ်သမား’ လို့ချစ်စနိုးခေါ်ကြတဲ့ မာတီနက်ဇ်က သူ့ကိုယ်သူ

ထိန်းချုပ်ဖို့ခက်ခဲကြောင်း ဝန်ခံလာပါတယ်။ အသက် ၂၅ နှစ်အရွယ်

အာဂျင်တီးနားကြယ်ပွင့်က “အင်း၊ ဒါက ခက်တယ်။

တကယ့်ကိုခက်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်သတ်ပစ်ချင်ပေမယ့်

မင်းတို့ဒါကိုထိန်းချုပ်နိုင်ရမယ်” လို့ ဖွင့်ဟခဲ့ပါတယ်။ မာတီနက်ဇ်ဟာ

အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ဘာစီလိုနာကိုဖြိုချခဲ့တဲ့ပွဲမှာ

အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး Man Of The Match ဖြစ်ခဲ့တာပါ။

ကာဆယ်နဲ့ပွဲမှာလည်း သူ့ရဲ့ပေါက်ကွဲအားပြင်းတဲ့ စိတ်ဓာတ်ကိုပြသဖို့

ဆာလောင်ပြင်းပြနေတာဖြစ်တယ်။ “အာဂျင်တီးနားကစားသမားတွေက

အမြဲတမ်း ဒီလိုပါပဲ၊ ကျွန်တော်တို့က စိတ်အားထက်သန်ကြတယ်။

ဘောလုံးက ငါတို့အတွက်အရာရာတိုင်းမို့ ငါတို့ဘက်ကလည်း

အရာအားလုံးကိုအမြဲပေးဆပ်တယ်။ ငါဆိုရင် ကလေးဘ၀ ၄၊ ၅ နှစ်လောက်

အရွယ်ကတည်းက ရှုံးတာနဲ့ငိုယိုပြီး ရန်ဖြစ်တော့တာပါပဲ၊

ဒါက ကျွန်တော်တို့ရဲ့သွေးထဲမှာရှိနေတဲ့ အရာဖြစ်ပြီး ငါတို့

နှလုံးသားထဲမှာလည်း ရှိနေတယ်” လို့ မာတီနက်ဇ်က ပြောဆိုလိုက်ပါတယ်။

တကယ်တော့ မာတီနက်ဇ်ဟာ ကစားပုံမာကျောပေမယ့် ပညာပါသလို

အာဂျင်တီးနားအသင်းအတွက်ကစားပေးစဉ်မှာ အနီကတ်တစ်ကြိမ်သာ

ပြသခံခဲ့ရဖူးပေမယ့် သူ့ရဲ့ ‘The Butcher’ အမည်ပြောင်ကိုတော့

လက်ရှိအချိန်အထိရှောင်လွှဲလို့မရသေးပါဘူး။

zawgyi

ကာရာေဘာင္းဖလား ဗိုလ္လုပြဲမွာ နယူးကာဆယ္ကို သတ္ပစ္ခ်င္တယ္လို႔ ‘သားသတ္သမား’ လီဆန္ဒ႐ိုမာတီနက္ဇ္ ႀကဳံးဝါး

ဝင္ဘေလကြင္းမွာကစားမယ့္ ကာရာေဘာင္းဖလားဗိုလ္လုပြဲနဲ႔ပက္သတ္လို႔ေတာ့

ယူႏိုက္တက္ေနာက္ခံလူ မာတီနက္ဇ္က စိန္ေခၚမႈစတင္လိုက္ပါၿပီ။

မာတီနက္ဇ္ကိုေတာ့ သူ႔ရဲ႕စိတ္အားထက္သန္မႈနဲ႔ ကတိကဝတ္ေတြေၾကာင့္

လူႀကိဳက္မ်ားၾကတာျဖစ္တယ္။ နယူးကာဆယ္နဲ႔ပြဲစဥ္မတိုင္ခင္မွာေတာ့

‘သားသတ္သမား’ လို႔ခ်စ္စႏိုးေခၚၾကတဲ့ မာတီနက္ဇ္က သူ႔ကိုယ္သူ

ထိန္းခ်ဳပ္ဖို႔ခက္ခဲေၾကာင္း ဝန္ခံလာပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္

အာဂ်င္တီးနားၾကယ္ပြင့္က “အင္း၊ ဒါက ခက္တယ္။

တကယ့္ကိုခက္ပါတယ္။ တစ္ခါတေလမွာ ကြၽန္ေတာ္သတ္ပစ္ခ်င္ေပမယ့္

မင္းတို႔ဒါကိုထိန္းခ်ဳပ္ႏိုင္ရမယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။ မာတီနက္ဇ္ဟာ

အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း ဘာစီလိုနာကိုၿဖိဳခ်ခဲ့တဲ့ပြဲမွာ

အေကာင္းဆုံးေျခစြမ္းျပသခဲ့ၿပီး Man Of The Match ျဖစ္ခဲ့တာပါ။

ကာဆယ္နဲ႔ပြဲမွာလည္း သူ႔ရဲ႕ေပါက္ကြဲအားျပင္းတဲ့ စိတ္ဓာတ္ကိုျပသဖို႔

ဆာေလာင္ျပင္းျပေနတာျဖစ္တယ္။ “အာဂ်င္တီးနားကစားသမားေတြက

အၿမဲတမ္း ဒီလိုပါပဲ၊ ကြၽန္ေတာ္တို႔က စိတ္အားထက္သန္ၾကတယ္။

ေဘာလုံးက ငါတို႔အတြက္အရာရာတိုင္းမို႔ ငါတို႔ဘက္ကလည္း

အရာအားလုံးကိုအၿမဲေပးဆပ္တယ္။ ငါဆိုရင္ ကေလးဘ၀ ၄၊ ၅ ႏွစ္ေလာက္

အ႐ြယ္ကတည္းက ရႈံးတာနဲ႔ငိုယိုၿပီး ရန္ျဖစ္ေတာ့တာပါပဲ၊

ဒါက ကြၽန္ေတာ္တို႔ရဲ႕ေသြးထဲမွာရွိေနတဲ့ အရာျဖစ္ၿပီး ငါတို႔

ႏွလုံးသားထဲမွာလည္း ရွိေနတယ္” လို႔ မာတီနက္ဇ္က ေျပာဆိုလိုက္ပါတယ္။

တကယ္ေတာ့ မာတီနက္ဇ္ဟာ ကစားပုံမာေက်ာေပမယ့္ ပညာပါသလို

အာဂ်င္တီးနားအသင္းအတြက္ကစားေပးစဥ္မွာ အနီကတ္တစ္ႀကိမ္သာ

ျပသခံခဲ့ရဖူးေပမယ့္ သူ႔ရဲ႕ ‘The Butcher’ အမည္ေျပာင္ကိုေတာ့

လက္ရွိအခ်ိန္အထိေရွာင္လႊဲလို႔မရေသးပါဘူး။