ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ရက်ရှ်ဖို့ဒ်ပါဝင်ဖို့ မသေချာဘူးလို့ တန်ဟတ် ဖွင့်ဟလာ

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့်

ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာပါဝင်ဖို့မသေချာဘူးလို့

တန်ဟတ်က အတည်ပြုပြောဆိုလိုက်ကြောင်း The Sun သတင်းစာက

ရေးသားလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ

ဘာစီလိုနာနဲ့ပွဲအပြီးမှာ စိုးရိမ်ဖွယ်ရာထိခိုက်ဒဏ်ရာနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်။

အဲ့ဒီနောက်မှာတော့ နည်းပြတန်ဟတ်ကိုယ်တိုင်က ဝင်ဘလေကွင်းထဲက

ဖိုင်နယ်ပွဲကို ရက်ရှ်ဖို့ဒ်လွဲချော်နိုင်တယ်လို့ အတည်ပြုခဲ့တာပါ။

“ငါမသိဘူး။ ကစားသမားတွေတော့ အခုလာနေကြတာပဲ။

ကျွန်တော်တို့ ဆေးအဖွဲ့တွေနဲ့စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ။

ဂိမ်းပြီးတဲ့နောက်ချက်ချင်းလုပ်ဆောင်ခဲ့ပေမယ့် မင်းတို့အနေနဲ့

အချိန်အများစုမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိ၊ မရှိကို စောင့်ဆိုင်းရတာတွေရှိတယ်။

ဒီတော့ ဆေးစစ်မှုတွေပြီးတဲ့အထိ ငါတို့စောင့်ရမယ်” လို့

တန်ဟတ်က ဆိုထားပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို

ကျော်ဖြတ်နိုင်ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပမေယ့်

ပွဲချိန် ၈၈ မိနစ်အရောက်မှာ စိတ်မသက်သာစရာပုံစံမျိုးဖြစ်ခဲ့ပြီး

တွမ်မီနေးနဲ့ လူစားလဲထိုးခဲ့ရတာဖြစ်တယ်။ လူစားလဲခံရတဲ့နောက်

အင်္ဂလန်ကြယ်ပွင့်ဟာ သူ့ရဲ့ဘယ်ဖက်ဖိနပ်ကိုချွတ်ခဲ့သလို

တန်ဟတ်နဲ့စကားပြောဆိုခဲ့ပြီးနောက် ဥမင်လှိုင်းခေါင်းထဲကိုဆင်းသွားခဲ့ပါတယ်။

ပွဲပြီး အင်တာစတာဂရမ်စာမျက်နှာကိုကြည့်ရင်တော့ ရက်ရှ်ဖို့ဒ်ဟာ

ဘာစီလိုနာနိုင်ပွဲအတွက် အသင်းဖော်တွေနဲ့အတူအောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။

သူ့ရဲ့ အင်စတာဂရမ်စာမျက်မှာတော့ ဖိနပ်ချွတ်ပြီးလက်ထဲကိုင်ကာ

လမ်းလျှောက်နေတဲ့ ပုံရိပ်ကိုသာမျှဝေသွားခဲ့တာဖြစ်တယ်။

အဲ့ဒီနောက်မှာတော့ ပရိသတ်တွေဟာ နယူးကာဆယ်နဲ့ပွဲစဉ်အတွက်

စိတ်ပူပန်ခဲ့သလို လက်ရှိမှာလည်း နည်းပြတန်ဟတ်ကမသေချာဘူးလို့ပြောဆိုထားပါတယ်။

zawgyi

ကာရာေဘာင္းဖလား ဗိုလ္လုပြဲမွာ ရက္ရွ္ဖို႔ဒ္ပါဝင္ဖို႔ မေသခ်ာဘူးလို႔ တန္ဟတ္ ဖြင့္ဟလာ

တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္အေနနဲ႔ နယူးကာဆယ္နဲ႔ရင္ဆိုင္ရမယ့္

ကာရာေဘာင္းဖလား ဗိုလ္လုပြဲမွာပါဝင္ဖို႔မေသခ်ာဘူးလို႔

တန္ဟတ္က အတည္ျပဳေျပာဆိုလိုက္ေၾကာင္း The Sun သတင္းစာက

ေရးသားလိုက္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားဟာ

ဘာစီလိုနာနဲ႔ပြဲအၿပီးမွာ စိုးရိမ္ဖြယ္ရာထိခိုက္ဒဏ္ရာနဲ႔ႀကဳံေတြ႕ခဲ့ရတာျဖစ္တယ္။

အဲ့ဒီေနာက္မွာေတာ့ နည္းျပတန္ဟတ္ကိုယ္တိုင္က ဝင္ဘေလကြင္းထဲက

ဖိုင္နယ္ပြဲကို ရက္ရွ္ဖို႔ဒ္လြဲေခ်ာ္ႏိုင္တယ္လို႔ အတည္ျပဳခဲ့တာပါ။

“ငါမသိဘူး။ ကစားသမားေတြေတာ့ အခုလာေနၾကတာပဲ။

ကြၽန္ေတာ္တို႔ ေဆးအဖြဲ႕ေတြနဲ႔စစ္ေဆးမႈေတြျပဳလုပ္သြားမွာပါ။

ဂိမ္းၿပီးတဲ့ေနာက္ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ေပမယ့္ မင္းတို႔အေနနဲ႔

အခ်ိန္အမ်ားစုမွာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိ၊ မရွိကို ေစာင့္ဆိုင္းရတာေတြရွိတယ္။

ဒီေတာ့ ေဆးစစ္မႈေတြၿပီးတဲ့အထိ ငါတို႔ေစာင့္ရမယ္” လို႔

တန္ဟတ္က ဆိုထားပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ဘာစီလိုနာကို

ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ အေကာင္းဆုံးလုပ္ေဆာင္ေပးခဲ့ပေမယ့္

ပြဲခ်ိန္ ၈၈ မိနစ္အေရာက္မွာ စိတ္မသက္သာစရာပုံစံမ်ိဳးျဖစ္ခဲ့ၿပီး

တြမ္မီေနးနဲ႔ လူစားလဲထိုးခဲ့ရတာျဖစ္တယ္။ လူစားလဲခံရတဲ့ေနာက္

အဂၤလန္ၾကယ္ပြင့္ဟာ သူ႔ရဲ႕ဘယ္ဖက္ဖိနပ္ကိုခြၽတ္ခဲ့သလို

တန္ဟတ္နဲ႔စကားေျပာဆိုခဲ့ၿပီးေနာက္ ဥမင္လႈိင္းေခါင္းထဲကိုဆင္းသြားခဲ့ပါတယ္။

ပြဲၿပီး အင္တာစတာဂရမ္စာမ်က္ႏွာကိုၾကည့္ရင္ေတာ့ ရက္ရွ္ဖို႔ဒ္ဟာ

ဘာစီလိုနာႏိုင္ပြဲအတြက္ အသင္းေဖာ္ေတြနဲ႔အတူေအာင္ပြဲခံခဲ့ျခင္းမရွိပါဘူး။

သူ႔ရဲ႕ အင္စတာဂရမ္စာမ်က္မွာေတာ့ ဖိနပ္ခြၽတ္ၿပီးလက္ထဲကိုင္ကာ

လမ္းေလွ်ာက္ေနတဲ့ ပုံရိပ္ကိုသာမွ်ေဝသြားခဲ့တာျဖစ္တယ္။

အဲ့ဒီေနာက္မွာေတာ့ ပရိသတ္ေတြဟာ နယူးကာဆယ္နဲ႔ပြဲစဥ္အတြက္

စိတ္ပူပန္ခဲ့သလို လက္ရွိမွာလည္း နည္းျပတန္ဟတ္ကမေသခ်ာဘူးလို႔ေျပာဆိုထားပါတယ္။