ကာရာဘောင်းဖလားမှာ မန်စီးတီးထက် လီဗာပူးက ဘာလို့ အသာရနေနိုင်တာလဲ

ကာရာဘောင်း ဖလားရဲ့ စတုတ္ထအဆင့်ပွဲစဉ်တွေကို မဲခွဲခဲ့ရာမှာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ် ပါဝင်လာပါတယ်။

ဒီလိုမျိုး ထိပ်တိုက်ဆုံနေမှုကြောင့် ကြိုးကြာနီ ပရိ သတ်တွေဘက်က ငြီးတွားသံတွေ ထွက်ပေါ်လာပြီး အန်ဖီးလ်ကလပ်အနေနဲ့ အခက်ကြုံရဖို့ ရှိနေတယ်လို့ အများက

ယူဆထားကြပေမယ့် ယုတ္တိဗေဒ သဘောအရဆိုရင်တော့ တကယ်တမ်း အသာရနေနိုင်တာက လီဗာပူးဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အဆင့်မှာ လီဗာပူးက ဒါဘီကို ပင်နယ်တီ

အဆုံးအဖြတ် ကန်ခဲ့ရတာဖြစ်ပြီး မန်စီးတီးကတော့ ချဲလ်ဆီးကို သက်သောင့်သက်သာနဲ့ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်မှာလည်း မန်စီးတီးပဲ အသာစီးရသွားဖို့ ရှိနေတယ်လို့

သုံးသပ်ခန့်မှန်းကြတာ များပါတယ်။ ဒါပေမဲ့ နည်းပြဂျာဂင်ကလော့ပ်ရဲ့ အသင်းအတွက် အားသာချက်တွေက အများကြီး ရှိနေပြီး အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ချက်ချင်းဆိုသလို ပြန်ကစားတဲ့

ကာရာဘောင်း ဖလားပွဲစဉ် ရေးဆွဲမှုကြောင့် ဖြစ်နေပါတယ်။ မန်စီးတီးဟာ အသင်းရဲ့ အဓိက ကစားသမားအများစုကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ စေလွှတ်ရ တော့မှာ ဖြစ်ပြီး လီဗာပူးကတော့

ဆာလက်ရှ်၊ ဖာမီနို၊ ရောဘတ်ဆင်တို့လို အရေးပါတဲ့ ကစားသမားတွေကို ဆုံးရှုံးရတာမျိုး မရှိပါဘူး။ ဒါကြောင့် သူတို့ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာလည်း လန်းဆန်းမှုအပြည့်ရှိနေမှာ ဖြစ်ပါတယ်။

ဒီအတွက် နည်းပြကလော့ပ်ဟာ ကမ္ဘာ့ဖလား ကစားခွင့်မရတဲ့ လက်ရွေးစင် ကစားသမားတွေကို ဒီပွဲစဉ်အတွက် အားခဲပြင်ဆင်ထားဖို့ ရှိနေပြီး လီဗာပူးအသင်းဆီကနေပြီး ကာတာနိုင်ငံကို

သွားရောက်ခွင့်ရတဲ့ ကစား သမားအရေအတွက်ကလည်း ၇ ယောက်သာ ရှိတာကြောင့် ကလော့ပ်အတွက်တော့ မန်စီးတီးနဲ့ ကစားမယ့် ကာရာဘောင် ပွဲစဉ်အတွက် အားတက်စရာ ဖြစ်နေပါတယ်။

လီဗာပူးဟာ ဂိုးသမား အလစ်ဆန်၊ ဖာဘင်ဟို၊ အာနိုး၊ ဟန်ဒါဆင်၊ ဗန်ဒိုက်၊ ကိုနာတေ၊ ဒါဝင်နူးနက်ဇ်တို့ကိုသာ ဆုံးရှုံးရမှာဖြစ်ပြီး မန် စီးတီးကတော့ အသင်းရဲ့ အဓိက ကစားသမား

အကုန်လုံးနီးပါးကို ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စေလွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကစားမယ့် ပွဲစဉ်အတွက် လီဗာပူးဟာ

ခေါင်းတစ်လုံး ပိုမြင့်သွားပြီဆိုတာ သေချာသလောက်ကို ရှိနေတာ ဖြစ်ပါတယ်။

(Zawgyi)

ကာရာေဘာင္းဖလားမွာ မန္စီးတီးထက္ လီဗာပူးက ဘာလို႔ အသာရေနႏိုင္တာလဲ

ကာရာေဘာင္း ဖလားရဲ႕ စတုတၳအဆင့္ပြဲစဥ္ေတြကို မဲခြဲခဲ့ရာမွာ ပရီးမီးယား လိဂ္ ထိပ္သီး ႏွစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔ လီဗာပူးတို႔ ထိပ္တိုက္ေတြ႕ဆုံေနတဲ့ ပြဲစဥ္ ပါဝင္လာပါတယ္။

ဒီလိုမ်ိဳး ထိပ္တိုက္ဆုံေနမႈေၾကာင့္ ႀကိဳးၾကာနီ ပရိ သတ္ေတြဘက္က ၿငီးတြားသံေတြ ထြက္ေပၚလာၿပီး အန္ဖီးလ္ကလပ္အေနနဲ႔ အခက္ႀကဳံရဖို႔ ရွိေနတယ္လို႔ အမ်ားက

ယူဆထားၾကေပမယ့္ ယုတၱိေဗဒ သေဘာအရဆိုရင္ေတာ့ တကယ္တမ္း အသာရေနႏိုင္တာက လီဗာပူးျဖစ္ တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ အဆင့္မွာ လီဗာပူးက ဒါဘီကို

ပင္နယ္တီ အဆုံးအျဖတ္ ကန္ခဲ့ရတာျဖစ္ၿပီး မန္စီးတီးကေတာ့ ခ်ဲလ္ဆီးကို သက္ေသာင့္ သက္သာနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္မွာလည္း မန္စီးတီးပဲ အသာစီးရသြားဖို႔ ရွိေနတယ္လို႔

သုံးသပ္ခန႔္မွန္းၾကတာ မ်ားပါတယ္။ ဒါေပမဲ့ နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ အားသာခ်က္ေတြက အမ်ားႀကီး ရွိေနၿပီး အထူးသျဖင့္ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး

ခ်က္ခ်င္းဆိုသလို ျပန္ကစားတဲ့ ကာရာေဘာင္း ဖလားပြဲစဥ္ ေရးဆြဲမႈေၾကာင့္ ျဖစ္ေနပါတယ္။ မန္စီးတီးဟာ အသင္းရဲ႕ အဓိက ကစားသမားအမ်ားစုကို ကမာၻ႔ဖလားၿပိဳင္ပြဲဆီ

ေစလႊတ္ရ ေတာ့မွာ ျဖစ္ၿပီး လီဗာပူးကေတာ့ ဆာလက္ရွ္၊ ဖာမီႏို၊ ေရာဘတ္ဆင္တို႔လို အေရးပါတဲ့ ကစား သမားေတြကို ဆုံးရႈံးရတာမ်ိဳး မရွိပါဘူး။ ဒါေၾကာင့္ သူတို႔ ဟာ

ကမာၻ႔ဖလားၿပိဳင္ပြဲ ၿပီးဆုံးသြားခ်ိန္မွာလည္း လန္းဆန္းမႈအျပည့္ရွိေနမွာ ျဖစ္ပါတယ္။ ဒီအတြက္ နည္းျပကေလာ့ပ္ဟာ ကမာၻ႔ဖလား ကစားခြင့္မရတဲ့ လက္ေ႐ြးစင္ ကစားသမားေတြကို ဒီပြဲစဥ္အတြက္

အားခဲျပင္ဆင္ထားဖို႔ ရွိေန ၿပီး လီဗာပူးအသင္းဆီကေနၿပီး ကာတာႏိုင္ငံကို သြားေရာက္ခြင့္ရတဲ့ ကစား သမားအေရအတြက္ကလည္း ၇ ေယာက္သာ ရွိတာေၾကာင့္ ကေလာ့ပ္အ တြက္ေတာ့ မန္စီးတီးနဲ႔

ကစားမယ့္ ကာရာေဘာင္ ပြဲစဥ္အတြက္ အားတက္ စရာ ျဖစ္ေနပါတယ္။ လီဗာပူးဟာ ဂိုးသမား အလစ္ဆန္၊ ဖာဘင္ဟို၊ အာႏိုး၊ ဟန္ဒါဆင္၊ ဗန္ဒိုက္၊ ကိုနာေတ၊ ဒါဝင္ႏူးနက္ဇ္တို႔ကိုသာ

ဆုံးရႈံးရမွာျဖစ္ၿပီး မန္ စီးတီးကေတာ့ အသင္းရဲ႕ အဓိက ကစားသမား အကုန္လုံးနီးပါးကို ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေစလႊတ္ေပးရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ကစားမယ့္ ပြဲစဥ္အတြက္ လီဗာပူးဟာ ေခါင္းတစ္လုံး ပိုျမင့္ သြားၿပီဆိုတာ ေသခ်ာသေလာက္ကို ရွိေနတာ ျဖစ္ပါတယ္။