
တနင်္ဂနွေညက ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ လီဗာပူးအတွက်
သူရဲကောင်းဖြစ်ခဲ့တဲ့ အရန်ဂိုးသမားကယ်လီဟာဟာ ၁၄ နှစ်အရွယ်အထိ
တိုက်စစ်မှုးတစ်ယောက်အဖြစ် ကစားခဲ့တာဖြစ်ကြောင်း
သူ့ရဲ့လူငယ်အသင်းနည်းပြတစ်ယောက်က ဖွင့်ဟလိုက်ပါတယ်။
အခုချိန်မှာ ၂၃ နှစ်ရှိပြီဖြစ်တဲ့ ကယ်လီဟာဟာ ဝင်ဘလေက ဗိုလ်လုပွဲမှာ
ပင်နယ်တီအဆုံးအဖြတ်ရောက်တော့ လီဗာပူးအတွက်
အနိုင်ဖြစ်စေမယ့်ပင်နယ်တီကို သွင်းယူခဲ့တာပါ။
ဂိုးသမားချင်းတွေ့တဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ
ပင်နယ်တီကန်သွားတာဖြစ်လို့ ကယ်လီဟာကို ချီးကျူးခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီအိုင်ယာလန်ဂိုးသမားဟာ ၁၄ နှစ်အရွယ်ထိ
ဗဟိုတိုက်စစ်မှုးဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ကြားဝင်မှုကြောင့်သာ
ဂိုးသမားဖြစ်သွားတာလို့ Cork Schoolboys League က
သူ့ရဲ့နည်းပြဟောင်းတစ်ယောက်က ပြောခဲ့တာပါ။
”သူက ယူ-၁၄ အဆင့်ရောက်မှ ဂိုးစဖမ်းတာပါ။
အဲဒါက ကြီးမားတဲ့အပြောင်းအလဲတစ်ခုပေါ့ဗျာ။
နောက်တန်းကနေ ဘယ်လိုဘောလုံးပေးရမယ်ဆိုတာ
သူ့ကို ကျွန်တော်တို့သင်ကြားခဲ့ပါတယ်။
အဲဒီအရင်က တိုက်စစ်မှုးအဖြစ်ကစားခဲ့လို့ အခက်အခဲကြီးကြီးမားမားမရှိခဲ့ပါဘူး။
အရမ်းကောင်းတဲ့ဗဟိုတိုက်စစ်မှုးတစ်ယောက်လည်းဖြစ်ခဲ့ပြီး
အဲဒီနေရာမှာ သူ့တိုင်းပြည်အတွက်တောင် ကိုယ်စားပြုကစားခဲ့ပါတယ်။
၃၊ ၄ နှစ်ထိ ကျွန်တော်တို့ရဲ့ဗဟိုတိုက်စစ်မှုးဖြစ်ခဲ့ပေမယ့်
သူ့အဖေက ကျွန်တော့်ကိုဖုန်းဆက်ပြီးနောက်
အရာအားလုံးပြောင်းလဲသွားတာပါပဲ။ ကျွန်တော်တို့မှာ ဆက်မကစားချင်တော့
သက်ငယ်ဂိုးသမားတစ်ယောက်ရှိခဲ့တယ်။
အဲဒီအချိန်မှာ သူ့အဖေက ဖုန်းဆက်ပြီး သားဖြစ်သူကို
ဂိုးသမားနေရာထားမလားလို့ ပြောခဲ့တာပါ။
ကိုယ့်ရဲ့အဓိကတိုက်စစ်မှုးတစ်ယောက်ကိုဆုံးရှုံးရမှာဆိုတော့
ကျွန်တော်ကိုယ်တိုင်နဲ့တခြားနည်ပြတွေက စစချင်းမှာ လက်တွန့်သွားတယ်။
ဒါပေမဲ့ သူ့အဖေက သားဖြစ်သူရဲ့အရည်အသွေးကိုသိနေတော့
စမ်းသုံးကြည့်လိုက်တာ အဆင်ပြေသွားတယ်။
ယူ-၁၄ ဘောလုံးရာသီရဲ့တစ်ဝက်တစ်ပျက်မှာ
သူဟာ တိုက်စစ်မှုးကနေ ဂိုးသမားဖြစ်သွားတာပါ”လို့
ကယ်လီဟာရဲ့နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့
ဟာရင်တန်က The Sun ကို ဖွင့်ဟခဲ့တာပါ။
အဲဒီအိုင်ယာလန်ဂိုးသမားဟာ ၂၀၁၉ မှာ လီဗာပူးလူငယ်အသင်းကို
ရောက်လာခဲ့ပြီးနောက် အသင်းကြီးအတွက် ၁၆ ပွဲကစားခွင့်ရထားပါတယ်။
zawgyi
ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ လီဗာပူးအတြက္ သူရဲေကာင္းျဖစ္ခဲ့တဲ့ အရန္ဂိုးသမားကယ္လီ
တနဂၤေႏြညက ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ လီဗာပူးအတြက္
သူရဲေကာင္းျဖစ္ခဲ့တဲ့ အရန္ဂိုးသမားကယ္လီဟာဟာ ၁၄ ႏွစ္အ႐ြယ္အထိ
တိုက္စစ္မႈးတစ္ေယာက္အျဖစ္ ကစားခဲ့တာျဖစ္ေၾကာင္း
သူ႔ရဲ႕လူငယ္အသင္းနည္းျပတစ္ေယာက္က ဖြင့္ဟလိုက္ပါတယ္။
အခုခ်ိန္မွာ ၂၃ ႏွစ္ရွိၿပီျဖစ္တဲ့ ကယ္လီဟာဟာ ဝင္ဘေလက ဗိုလ္လုပြဲမွာ
ပင္နယ္တီအဆုံးအျဖတ္ေရာက္ေတာ့ လီဗာပူးအတြက္
အႏိုင္ျဖစ္ေစမယ့္ပင္နယ္တီကို သြင္းယူခဲ့တာပါ။
ဂိုးသမားခ်င္းေတြ႕တဲ့အခ်ိန္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ
ပင္နယ္တီကန္သြားတာျဖစ္လို႔ ကယ္လီဟာကို ခ်ီးက်ဴးခဲ့ၾကပါတယ္။
ဒါေပမဲ့ အဲဒီအိုင္ယာလန္ဂိုးသမားဟာ ၁၄ ႏွစ္အ႐ြယ္ထိ
ဗဟိုတိုက္စစ္မႈးျဖစ္ခဲ့ၿပီး ဖခင္ျဖစ္သူရဲ႕ၾကားဝင္မႈေၾကာင့္သာ
ဂိုးသမားျဖစ္သြားတာလို႔ Cork Schoolboys League က
သူ႔ရဲ႕နည္းျပေဟာင္းတစ္ေယာက္က ေျပာခဲ့တာပါ။
”သူက ယူ-၁၄ အဆင့္ေရာက္မွ ဂိုးစဖမ္းတာပါ။
အဲဒါက ႀကီးမားတဲ့အေျပာင္းအလဲတစ္ခုေပါ့ဗ်ာ။
ေနာက္တန္းကေန ဘယ္လိုေဘာလုံးေပးရမယ္ဆိုတာ
သူ႔ကို ကြၽန္ေတာ္တို႔သင္ၾကားခဲ့ပါတယ္။
အဲဒီအရင္က တိုက္စစ္မႈးအျဖစ္ကစားခဲ့လို႔ အခက္အခဲႀကီးႀကီးမားမားမရွိခဲ့ပါဘူး။
အရမ္းေကာင္းတဲ့ဗဟိုတိုက္စစ္မႈးတစ္ေယာက္လည္းျဖစ္ခဲ့ၿပီး
အဲဒီေနရာမွာ သူ႔တိုင္းျပည္အတြက္ေတာင္ ကိုယ္စားျပဳကစားခဲ့ပါတယ္။
၃၊ ၄ ႏွစ္ထိ ကြၽန္ေတာ္တို႔ရဲ႕ဗဟိုတိုက္စစ္မႈးျဖစ္ခဲ့ေပမယ့္
သူ႔အေဖက ကြၽန္ေတာ့္ကိုဖုန္းဆက္ၿပီးေနာက္
အရာအားလုံးေျပာင္းလဲသြားတာပါပဲ။ ကြၽန္ေတာ္တို႔မွာ ဆက္မကစားခ်င္ေတာ့
သက္ငယ္ဂိုးသမားတစ္ေယာက္ရွိခဲ့တယ္။
အဲဒီအခ်ိန္မွာ သူ႔အေဖက ဖုန္းဆက္ၿပီး သားျဖစ္သူကို
ဂိုးသမားေနရာထားမလားလို႔ ေျပာခဲ့တာပါ။
ကိုယ့္ရဲ႕အဓိကတိုက္စစ္မႈးတစ္ေယာက္ကိုဆုံးရႈံးရမွာဆိုေတာ့
ကြၽန္ေတာ္ကိုယ္တိုင္နဲ႔တျခားနည္ျပေတြက စစခ်င္းမွာ လက္တြန႔္သြားတယ္။
ဒါေပမဲ့ သူ႔အေဖက သားျဖစ္သူရဲ႕အရည္အေသြးကိုသိေနေတာ့
စမ္းသုံးၾကည့္လိုက္တာ အဆင္ေျပသြားတယ္။
ယူ-၁၄ ေဘာလုံးရာသီရဲ႕တစ္ဝက္တစ္ပ်က္မွာ
သူဟာ တိုက္စစ္မႈးကေန ဂိုးသမားျဖစ္သြားတာပါ”လို႔
ကယ္လီဟာရဲ႕နည္းျပေဟာင္းတစ္ေယာက္ျဖစ္တဲ့
ဟာရင္တန္က The Sun ကို ဖြင့္ဟခဲ့တာပါ။
အဲဒီအိုင္ယာလန္ဂိုးသမားဟာ ၂၀၁၉ မွာ လီဗာပူးလူငယ္အသင္းကို
ေရာက္လာခဲ့ၿပီးေနာက္ အသင္းႀကီးအတြက္ ၁၆ ပြဲကစားခြင့္ရထားပါတယ္။