ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းရန် လီဗာပူးတောင်းဆို

လီဗာပူးအသင်းဟာ ကြာသပတေးနေ့မှာ ကျင်းပမယ့် ကာရာဘောင်ဖလား

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းရန်အတွက် တောင်းဆိုမှု

စာတစ်စောင် တင်သွင်းထားတယ်လို့ သိရှိရပါတယ်။ အသင်းဘက်မှာ

ကိုဗစ်ပိုး ကူးစက်ခံရနေတယ်လို့ သံသယရှိနေရတဲ့ အရေအတွက်က

ပိုတိုးလာခြင်းနဲ့ အတူပွဲကစားနိုင်တဲ့ ကစားသမားအင်အား နည်းပါးမှုတို့ကြောင့်

အခုလို တောင်းဆိုထားရတာ ဖြစ်တယ်လို့လည်း ရှင်းလင်းထားခဲ့ပါတယ်။

“ကြာသပတေးနေ့မှာကစားမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို

ရွှေ့ဆိုင်းပေးရေးအတွက် တရားဝင်စာပို့ပြီး တောင်းဆိုထားပါတယ်။

အာဆင်နယ်နဲ့ကစားမယ့် ဒီပွဲစဉ်အတွက် လီဗာပူးမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေ

များပြားနေတာကြောင့် အခုလို ရွှေ့ဆိုင်းပေးစေလိုတာဖြစ်ပါတယ်” ဟု

လီဗာပူးက ၎င်းတို့၏ တရားဝင်ဝက်ဆိုဒ်တွင် ထုတ်ပြန်ကြေညာပါတယ်။

လီဗာပူးအသင်းဟာ အင်္ဂါနေ့က လေ့ကျင့်ရေး အစီအစဉ်ကိုလည်း ပယ်ဖျက်ခဲ့ရပါတယ်။

လီဗာပူးတွင် ဖာဘင်ဟို၊ ဗန်ဒိုက်ချ်နှင့် ကာတစ်ဂျုံးစ်တို့မှာ ရောဂါကူးစက်မှုမှ

ပြန်လည်သက်သာလာတာဟာ မကြာသေးသလို အယ်လစ်ဆန်ဘက်ကာ၊

မာတစ်၊ ဖာမီနိုနှင့် မန်နေဂျာ ကလော့ပ် ကိုယ်တိုင်မှာလည်း

ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် သီးခြားစီခွဲ နေထိုင်နေရပါတယ်။

zawgyi

ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းရန္ လီဗာပူးေတာင္းဆို

လီဗာပူးအသင္းဟာ ၾကာသပေတးေန႔မွာ က်င္းပမယ့္ ကာရာေဘာင္ဖလား

ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းရန္အတြက္ ေတာင္းဆိုမႈ

စာတစ္ေစာင္ တင္သြင္းထားတယ္လို႔ သိရွိရပါတယ္။ အသင္းဘက္မွာ

ကိုဗစ္ပိုး ကူးစက္ခံရေနတယ္လို႔ သံသယရွိေနရတဲ့ အေရအတြက္က

ပိုတိုးလာျခင္းနဲ႔ အတူပြဲကစားႏိုင္တဲ့ ကစားသမားအင္အား နည္းပါးမႈတို႔ေၾကာင့္

အခုလို ေတာင္းဆိုထားရတာ ျဖစ္တယ္လို႔လည္း ရွင္းလင္းထားခဲ့ပါတယ္။

“ၾကာသပေတးေန႔မွာကစားမယ့္ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ကို

ေ႐ႊ႕ဆိုင္းေပးေရးအတြက္ တရားဝင္စာပို႔ၿပီး ေတာင္းဆိုထားပါတယ္။

အာဆင္နယ္နဲ႔ကစားမယ့္ ဒီပြဲစဥ္အတြက္ လီဗာပူးမွာ ကိုဗစ္-၁၉ ကူးစက္ခံရမႈေတြ

မ်ားျပားေနတာေၾကာင့္ အခုလို ေ႐ႊ႕ဆိုင္းေပးေစလိုတာျဖစ္ပါတယ္” ဟု

လီဗာပူးက ၎တို႔၏ တရားဝင္ဝက္ဆိုဒ္တြင္ ထုတ္ျပန္ေၾကညာပါတယ္။

လီဗာပူးအသင္းဟာ အဂၤါေန႔က ေလ့က်င့္ေရး အစီအစဥ္ကိုလည္း ပယ္ဖ်က္ခဲ့ရပါတယ္။

လီဗာပူးတြင္ ဖာဘင္ဟို၊ ဗန္ဒိုက္ခ်္ႏွင့္ ကာတစ္ဂ်ဳံးစ္တို႔မွာ ေရာဂါကူးစက္မႈမွ

ျပန္လည္သက္သာလာတာဟာ မၾကာေသးသလို အယ္လစ္ဆန္ဘက္ကာ၊

မာတစ္၊ ဖာမီႏိုႏွင့္ မန္ေနဂ်ာ ကေလာ့ပ္ ကိုယ္တိုင္မွာလည္း

ကိုဗစ္-၁၉ ကူးစက္ခံရသျဖင့္ သီးျခားစီခြဲ ေနထိုင္ေနရပါတယ္။