ကာရစ်ဆီက နည်းစနစ်ပိုင်းစာတိုပေးပို့ခြင်းခံခဲ့ရတဲ့ ဖရက်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖရက်ဟာမနေ့ညတုန်းက
ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာယာယီနည်းပြမိုက်ကယ်ကာရစ်ဆီက
နည်းစနစ်ပိုင်းစာတိုပေးပို့ခြင်းခံခဲ့ရပြီးယင်းဖြစ်ရပ်မှာအွန်လိုင်းတွင်
ပရိသတ်များရဲ့လှောင်ပြောင်စရာဖြစ်လို့နေပါတယ်။
ဖရက်ဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာချဲလ်ဆီးနှင့်တစ်ဂိုးစီ
သရေကျတဲ့ပွဲမှာ မိုက်ကယ်ကာရစ်ထံမှ နည်းစနစ်ပိုင်းစာတိုအား
လူစားဝင်ရောက်လာတဲ့ဒွန်နီဗန်ဒီဘိခ်ထံမှတစ်ဆင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ယင်းသို့ကာရစ်ထံမှနည်းစနစ်ပိုင်းစာတိုမရရှိမီ အချိန်အနည်းငယ်အလိုတုန်းက
အသက်၂၈နှစ်ရှိဘရာဇီးကွင်းလယ်ကစားသမားဟာအပိုင်အခွင့်အရေးရရှိခဲ့ပြီး
အသုံးမချနိုင်ခဲ့ပါဘူး။ ပရိသတ်များကမိုက်ကယ်ကာရစ်ကဖရက်ထံသို့ရေးသား
ပေးပို့လိုက်တဲ့စာနဲ့ပတ်သက်ပြီး ဟာသရေးသားကာလှောင်ပြောင်နေကြ
တာလည်းဖြစ်ပါတယ်။
တွစ်တာအသုံးပြုသူတစ်ဦးက “နောက်ထပ်ဒါမျိုး
လုံးဝမဖြစ်စေနဲ့”လို့ ရေးသားသွားပါတယ်။ဒါ့အပြင်အခြားပရိသတ်တစ်ဦးကလည်း
“ဖရက် မင်းကချီးထုပ်ပဲ”လို့ရေးသားသွားသလိုအခြားတစ်ဦးကလည်း
“ဒါမျိုးနောက်ထပ်ဖြစ်ရင်ငါရှိနေသမျှကာလပတ်လုံးမင်းကိုအရန်ခုံမှာ
ထိုင်းခိုင်းထားမယ်”လို့ဆိုသွားပါတယ်။
zawgyi
ဖရက်ဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာချဲလ်ဆီးနှင့်တစ်ဂိုးစီ