ကာရင်တန်လေ့ကျင့်ရေးကွင်းမှာအသင်းဖော်တွေနဲ့ ရော်နယ်ဒိုပြန်ပူးပေါင်းပြီ

ရော်နယ်ဒိုဟာ တန်ဟတ်နဲ့ကိစ္စကို အပြတ်ရှင်းဖို့အတွက် အင်္ဂါနေ့နံနက်ပိုင်းမှာ စီနီယာအသင်းအခြေစိုက်ရာ ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်ရှိခဲ့ပါတယ်။

စပါးနဲ့ပွဲစဉ်နောက်ပိုင်း တစ်ဦးတည်းလေ့ကျင့်ရေးတွေကိုသာ ပြုလုပ်နေရတဲ့ ရော်နယ်ဒိုဟာ ပွဲစဉ်အတွင်းမှာသာမကဘဲ

လေ့ကျင့်ရေးမှာပါ တန်ဟတ်ကိုအတိုက်အခံတွေ လုပ်ခဲ့တယ်လို့ Sportsmail ကဖော်ပြခဲ့တာပါ။

ရော်နယ်ဒိုဟာ တန်ဟတ်နဲ့ သူ့နည်းပြအဖွဲ့ဝင်တွေကို အထင်မကြီးခဲ့သလို စီနီယာအဖွဲ့ဝင်တစ်ယောက်ကို ပြောင်ပြောင်တင်းတင်းလျစ်လျှူရှုတဲ့အထိ အခြေအနေဆိုးရွားခဲ့တာပါ။

လေ့ကျင့်ရေးမှာ တန်ဟတ်နဲ့ ရော်နယ်ဒိုအကြား နေ့စဉ်တိုင်းရန်လိုတဲ့ပုံစံရှိခဲ့ပြီး ကစားသမားတွေကတော့ ဒါကိုမသိကျိုးကျွံပြုခဲ့ကြပါတယ်။

တန်ဟတ်ဘက်ကတော့ အမှားကိုဝန်ခံမှသာ စီနီယာအသင်းနဲ့ပြန်လည်ပူးပေါင်းခွင့်ပေးမယ်လို့ သတင်းပြေးခဲ့တာဖြစ်တယ်။

“မှန်ကန်တဲ့ ယဉ်ကျေးမှု၊ အဆင့်အတန်းကပိုပြီးအရေးကြီးတယ်။ ရေရှည်အတွက်ဆို တာကအမြဲတမ်းအတွက်ပိုပြီးအရေးပါသလို

နောက်ဆုံးမှာမှန်ကန်တဲ့အနေအထား ကိုရောက်စေပါလိမ့်မယ်” လို့ တန်ဟတ်က ဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ သူတို့ နှစ်ယောက်လူသိရှင်ကြားဖြစ်ခဲ့တဲ့ကိစ္စတွေကိုဖြေရှင်းနိုင်ခဲ့ပြီဖြစ်တယ်။

စီနီယာအသင်းနဲ့လေ့ကျင့်ရေးတွေပြန်လုပ်နေတဲ့ ရော်နယ်ဒိုဟာ ရှရစ်ဖ်နဲ့ယူရိုပါလိဂ် ပွဲစဉ်မှာပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်ရတော့မှာဖြစ်တယ်။

(Zawgyi)

ကာရင္တန္ေလ့က်င့္ေရးကြင္းမွာအသင္းေဖာ္ေတြနဲ႔ ေရာ္နယ္ဒိုျပန္ပူးေပါင္းၿပီ…တန္ဟတ္ကိုေတာင္းပန္လိုက္သလားေတာ့မသိဘူး

ေရာ္နယ္ဒိုဟာ တန္ဟတ္နဲ႔ကိစၥကိုအျပတ္ရွင္းဖို႔အတြက္ အဂၤါေန႔နံနက္ပိုင္းမွာ စီနီယာအသင္းအေျခစိုက္ရာ ကာရင္တန္ေလ့က်င့္ေရးကြင္းကိုေရာက္ရွိခဲ့ပါတယ္။

စပါးနဲ႔ပြဲစဥ္ေနာက္ပိုင္း တစ္ဦးတည္းေလ့က်င့္ေရးေတြကိုသာျပဳလုပ္ေနရတဲ့ ေရာ္နယ္ဒိုဟာ

ပြဲစဥ္အတြင္းမွာသာမကဘဲ ေလ့က်င့္ေရးမွာပါ တန္ဟတ္ကိုအတိုက္အခံေတြလုပ္ခဲ့တယ္လို႔ Sportsmail ကေဖာ္ျပခဲ့တာပါ။

ေရာ္နယ္ဒိုဟာ တန္ဟတ္နဲ႔ သူ႔နည္းျပအဖြဲ႕ဝင္ေတြကို အထင္မႀကီးခဲ့သလို စီနီယာအဖြဲ႕ဝင္တစ္ေယာက္ကို ေျပာင္ေျပာင္တင္းတင္းလ်စ္လွ်ဴရႈတဲ့အထိ အေျခအေနဆိုး႐ြားခဲ့တာပါ။

ေလ့က်င့္ေရးမွာ တန္ဟတ္နဲ႔ ေရာ္နယ္ဒိုအၾကား ေန႔စဥ္တိုင္းရန္လိုတဲ့ပုံစံရွိခဲ့ၿပီး ကစားသမားေတြကေတာ့ ဒါကိုမသိက်ိဳးကြၽံျပဳခဲ့ၾကပါတယ္။

တန္ဟတ္ဘက္ကေတာ့ အမွားကိုဝန္ခံမွသာ စီနီယာအသင္းနဲ႔ျပန္လည္ပူးေပါင္းခြင့္ေပးမယ္လို႔ သတင္းေျပးခဲ့တာျဖစ္တယ္။ “မွန္ကန္တဲ့ ယဥ္ေက်းမႈ၊ အဆင့္အတန္းကပိုၿပီးအေရးႀကီးတယ္။

ေရရွည္အတြက္ဆို တာကအၿမဲတမ္းအတြက္ပိုၿပီးအေရးပါသလို ေနာက္ဆုံးမွာမွန္ကန္တဲ့အေနအထား ကိုေရာက္ေစပါလိမ့္မယ္” လို႔ တန္ဟတ္က ဆိုခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ သူတို႔ ႏွစ္ေယာက္လူသိရွင္ၾကားျဖစ္ခဲ့တဲ့ကိစၥေတြကိုေျဖရွင္းႏိုင္ခဲ့ၿပီျဖစ္တယ္။

စီနီယာအသင္းနဲ႔ေလ့က်င့္ေရးေတြျပန္လုပ္ေနတဲ့ ေရာ္နယ္ဒိုဟာ ရွရစ္ဖ္နဲ႔ယူ႐ိုပါလိဂ္ ပြဲစဥ္မွာပြဲထြက္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ရေတာ့မွာျဖစ္တယ္။