ကာရင်တန်လေ့ကျင့်ရေးကွင်း စီနီယာအဝတ်လဲခန်းထဲမှာ ကိုယ်ပိုင် Locker room တောင်မရှိတဲ့ ဂါနာချိုကယ်တင်ခဲ့လို့ အနိုင်၃ မှတ်ရခဲ့တဲ့ ယူနိုက်တက်

ကာရာဘောင်းမှာ ဗီလာကိုအနိုင်ယူပြီးစတုတ္ထအဆင့်ရောက်ခဲ့တဲ့ ယူနိုက်တက်ဟာ

ဒီပွဲမှာညာနောက်ခံလူ ဒါလော့ကိုပွဲပယ်ပြစ်ဒဏ်ကြောင့်ဆုံးရှုံးထားရပြီး ဒီနေရာအတွက်မာလာစီယာကို သုံးခဲ့ပါတယ်။

ဇန်နဝါရီမှာအသင်းပြောင်းတော့မယ်လို့သတင်းထွက်နေတဲ့ မက်ဂွိုင်းယားကိုအရန်ခုံမှာထားခဲ့ပြီး

ဗဟိုခံစစ်မှာ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်အတွဲကိုသုံးခဲ့တာဖြစ်တယ်။ ရော်နယ်ဒိုမပါတဲ့တိုက်စစ်ကိုတော့

မာရှယ်ကဦးဆောင်သွားခဲ့ပြီး တောင်ပံနှစ်ဖက်မှာ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါတို့ပါဝင်ခဲ့ကြပါတယ်။

ဖူလ်ဟမ်ကတော့ သူတို့ရဲ့ဂိုးသွင်းစက်ကြီး မီထရိုဗစ်ခြေကျိုးနေခဲ့လို့ အထောင်တိုက်စစ်မှာဗင်နီစီယက်စ်ကိုသုံးပြီး

ဝီလျံ၊ ပါရီရာ၊ ဟယ်ရီဝီလ်ဆင်တို့နဲ့ရံသွားခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ယူနိုက်တက်က

ဘောလုံးပိုင်ဆိုင်မှုအသာစီး မယူနိုင်ခဲ့ပေမဲ့ ဂိုးရလောက်တဲ့အခွင့်အရေး ၄ကြိမ်လောက်ဖန်တီးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကိုတော့ အဲရစ်ဆင်က ၁၄မိနစ်မှာသွင်းယူခဲ့ပြီး ပထမပိုင်းကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ ဟယ်ရီဝီလ်ဆင်ရဲ့ပေးပို့မှုကနေ ဗင်နီစီယက်စ် အပိုင်ကန်သွင်းခဲ့ပေမဲ့ ဒီဂီယာကာကွယ်နိုင်ခဲ့သလို

ဆက်တိုက်ဆိုသလို ဖူလ်ဟမ်ရဲ့အပိုင်ခေါင်းတိုက်ချက်ကိုလည်း စပိန်ဂိုးသမားကလက်စွမ်းပြပုတ်ထုတ်ခဲ့ပါတယ်။

၅၄ မိနစ်မှာတော့ တန်ဟတ်ဟာ အီလန်ဂါနေရာမှာ တွမ်မီနေးကို နည်းစနစ်ပိုင်းအရလူစားလဲခဲ့ပါတယ်။

၅၉မိနစ်မှာ ဟယ်ရီဝီလ်ဆင်နေရာကို ဒန်နီရယ်ဂျိမ်းစ်လူစားဝင်လာခဲ့တာကအလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး

ဝေးလ်သားဟာကွင်းထဲရောက်လို့ ၂မိနစ်အကြာမှာ အသင်းဟောင်းဘက်ကိုချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဖူလ်ဟမ်ကဖိအားပေးမှုတွေပိုလုပ်လာခဲ့လို့ ယူနိုက်တက်ဟာ ခြေစွမ်းမပြနိုင်တဲ့ မာရှယ်နေရာကို ဂါနာချိုနဲ့လူစားလဲခဲ့ပါတယ်။

၈၂ မိနစ်မှာ လုခ်ရှောရဲ့ပေးပို့မှုကို တွမ်မီနေးအပိုင်ခေါင်းတိုက်ပေမဲ့ လွဲချော်ခဲ့ပါတယ်။

သရေရလဒ်နဲ့ပွဲ ပြီးဆုံးပြီလို့ထင်မှတ်ခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ ဂါနာချိုက အဲရစ်ဆင်နဲ့

one two ရိုက်ပြီး လျင်မြန်တဲ့ပြေးအားနဲ့အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

zawgyi

ကာရင္တန္ေလ့က်င့္ေရးကြင္း စီနီယာအဝတ္လဲခန္းထဲမွာ ကိုယ္ပိုင္ Locker room ေတာင္မရွိတဲ့ ဂါနာခ်ိဳကယ္တင္ခဲ့လို႔ အႏိုင္၃ မွတ္ရခဲ့တဲ့ ယူႏိုက္တက္

ကာရာေဘာင္းမွာ ဗီလာကိုအႏိုင္ယူၿပီးစတုတၳအဆင့္ေရာက္ခဲ့တဲ့ ယူႏိုက္တက္ဟာ

ဒီပြဲမွာညာေနာက္ခံလူ ဒါေလာ့ကိုပြဲပယ္ျပစ္ဒဏ္ေၾကာင့္ဆုံးရႈံးထားရၿပီး ဒီေနရာအတြက္မာလာစီယာကို သုံးခဲ့ပါတယ္။

ဇန္နဝါရီမွာအသင္းေျပာင္းေတာ့မယ္လို႔သတင္းထြက္ေနတဲ့ မက္ဂြိဳင္းယားကိုအရန္ခုံမွာထားခဲ့ၿပီး

ဗဟိုခံစစ္မွာ မာတီနက္ဇ္နဲ႔ လင္ဒီေလာ့ဖ္အတြဲကိုသုံးခဲ့တာျဖစ္တယ္။ ေရာ္နယ္ဒိုမပါတဲ့တိုက္စစ္ကိုေတာ့

မာရွယ္ကဦးေဆာင္သြားခဲ့ၿပီး ေတာင္ပံႏွစ္ဖက္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ အီလန္ဂါတို႔ပါဝင္ခဲ့ၾကပါတယ္။

ဖူလ္ဟမ္ကေတာ့ သူတို႔ရဲ႕ဂိုးသြင္းစက္ႀကီး မီထ႐ိုဗစ္ေျခက်ိဳးေနခဲ့လို႔ အေထာင္တိုက္စစ္မွာဗင္နီစီယက္စ္ကိုသုံးၿပီး

ဝီလ်ံ၊ ပါရီရာ၊ ဟယ္ရီဝီလ္ဆင္တို႔နဲ႔ရံသြားခဲ့ပါတယ္။ ပထမပိုင္းပြဲခ်ိန္အတြင္း ယူႏိုက္တက္က

ေဘာလုံးပိုင္ဆိုင္မႈအသာစီး မယူႏိုင္ခဲ့ေပမဲ့ ဂိုးရေလာက္တဲ့အခြင့္အေရး ၄ႀကိမ္ေလာက္ဖန္တီးႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကိုေတာ့ အဲရစ္ဆင္က ၁၄မိနစ္မွာသြင္းယူခဲ့ၿပီး ပထမပိုင္းကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာ ဟယ္ရီဝီလ္ဆင္ရဲ႕ေပးပို႔မႈကေန ဗင္နီစီယက္စ္ အပိုင္ကန္သြင္းခဲ့ေပမဲ့ ဒီဂီယာကာကြယ္ႏိုင္ခဲ့သလို

ဆက္တိုက္ဆိုသလို ဖူလ္ဟမ္ရဲ႕အပိုင္ေခါင္းတိုက္ခ်က္ကိုလည္း စပိန္ဂိုးသမားကလက္စြမ္းျပပုတ္ထုတ္ခဲ့ပါတယ္။

၅၄ မိနစ္မွာေတာ့ တန္ဟတ္ဟာ အီလန္ဂါေနရာမွာ တြမ္မီေနးကို နည္းစနစ္ပိုင္းအရလူစားလဲခဲ့ပါတယ္။

၅၉မိနစ္မွာ ဟယ္ရီဝီလ္ဆင္ေနရာကို ဒန္နီရယ္ဂ်ိမ္းစ္လူစားဝင္လာခဲ့တာကအလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ၿပီး

ေဝးလ္သားဟာကြင္းထဲေရာက္လို႔ ၂မိနစ္အၾကာမွာ အသင္းေဟာင္းဘက္ကိုေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ဖူလ္ဟမ္ကဖိအားေပးမႈေတြပိုလုပ္လာခဲ့လို႔ ယူႏိုက္တက္ဟာ ေျခစြမ္းမျပႏိုင္တဲ့ မာရွယ္ေနရာကို ဂါနာခ်ိဳနဲ႔လူစားလဲခဲ့ပါတယ္။

၈၂ မိနစ္မွာ လုခ္ေရွာရဲ႕ေပးပို႔မႈကို တြမ္မီေနးအပိုင္ေခါင္းတိုက္ေပမဲ့ လြဲေခ်ာ္ခဲ့ပါတယ္။

သေရရလဒ္နဲ႔ပြဲ ၿပီးဆုံးၿပီလို႔ထင္မွတ္ခဲ့ေပမဲ့ နာက်င္အခ်ိန္ပိုမွာ ဂါနာခ်ိဳက အဲရစ္ဆင္နဲ႔

one two ႐ိုက္ၿပီး လ်င္ျမန္တဲ့ေျပးအားနဲ႔အဖိုးတန္အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။