ကာဗာနီရဲ့ ကစားဟန်တွေနဲ့ ပရီမီးယားလိဂ် ရာသီအစမှာတင် သွင်းဂိုးယူ၊ ဂိုးဖန်တီးမှုလုပ်ခဲ့တဲ့ နူးနက်ဇ်က ရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူကပိုသာလဲဆိုတာကိုပြော

ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားမဖြစ်ခဲ့ဘဲ ဒုတိယပိုင်း မိနစ် (၅၀)ကျော်မှကွင်းထဲဝင်ကစားခွင့်ရခဲ့တဲ့ ဒါဝင်နူးနက်ဇ်ဟာ

ပရီမီးယားလိဂ်ပွဲစဉ်အစမှာတင် မခေတဲ့ ခြေစွမ်းတွေ ပြခဲ့ပါတယ်။

ဖာမီနိုနဲ့လူစားလဲခဲ့ကာ ကွင်းထဲ ဝင်လာခါစမှာတင် နူးနက်ဇ်ဟာ ချက်ချင်းဆိုသလို ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်း ရခဲ့ပေမယ့်

ကိုယ်တိုင်ကန်သွင်းရမှာကို လူပေးခဲ့တာကြောင့် ဘောလုံးပျက်ခဲ့ပါတယ်။

အဲဒီနောက် သူကွင်းထဲဝင်ရောက်လာပြီး (၁၀)မိနစ်ကျော်မှာတော့ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဆာလာက ဘယ်ခြမ်းကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဒါဝင်နူးနက်ဇ်က အသာလေး flick လုပ်ပြီးတော့

လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နူးနက်ဇ်ဟာ လီဗာပူး အတွက် အရေးပါလှတဲ့ ချေပဂိုး အတွက်လည်း

ဆာလားကို ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူဟာ ၂၀၁၈ နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ

ကိုယ်တိုင်ဂိုးသွင်းပြီး ဂိုးဖန်တီးမှုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဘင်ဖီကာမှာ ကစားခဲ့ချိန်တုန်းက အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ အိုင်ဒေါကဘယ်သူလည်းဆိုပြီးမေးခဲ့တုန်းက

အီဒင်ဆင် ကာဗာနီဖြစ်တယ်ဆိုပြီး ပြောခဲ့လို့ အဲ့သည့်အချိန်က ကာဗာနီဟာ ယူနိုက်တက်မှာ ကစားနေသူဖြစ်တာကြောင့်

ယူနိုက်တက်ပရိသတ်တွေက နူးနက်ဇ်ကို နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကစားသမားဖြစ်လာနိုင်တယ်ဆိုပြီး

မှတ်ချက်ပေးခံခဲ့ရပေမယ့် ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ်စီမံခန့်ခွဲမှုကို

မယှဉ်နိုင်တာကြောင့် လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

နူးနက်ဇ်ဟာ ကာဗာနီနဲ့ သူဟာ ရုပ်ပိုင်းဆိုင်ရာမှာ တူညီတဲ့အချက်တွေများစွာရှိနေသလို

Youtube ကနေလည်း ကာဗာနီရဲ့ကစားဟန်တွေကို အမြဲကြည့်ဖြစ်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

လူးဝစ် ဆွာရက်ဇ်၊ ကာဗာနီတို့နဲ့ နိုင်ငံတူ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကစားဟန်တွေကတော့

ကာဗာနီရဲ့ လွှမ်းမိုးမှုတွေများစွာရှိခဲ့ပါတယ်လို့လည်း ဝန်ခံထားပါတယ်။

ဒါ့အပြင် သူဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးမှာဆိုရင်လည်း အောင်မြင်မှုတွေရဖို့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့

ကြိုးစားအားထုတ်မှုပိုကောင်းတဲ့ ရော်နယ်ဒိုကိုပိုနှစ်သက်တယ်ဆိုပြီးတော့လည်း ဖြေကြားထားခဲ့သူလည်းဖြစ်ပါတယ်။

နူးနက်ဇ်သာ ဒီရာသီမှာ လီဗာပူးလ် တိုက်စစ်ကို ဦးဆောင်လာနိုင်ခဲ့သူဖြစ်လာခဲ့ရင်တော့ ပြောင်းရွှေ့ကြေးကြောင့်

နောက်ဆုတ်သွားခဲ့တဲ့ ဂလေဇာမိသားစု ချုပ်ကိုင်ထားတဲ့ ဘုတ်အဖွဲ့ရဲ့ လုပ်ဆောင်မှုကို

ယူနိုက်တက်ပရိသတ်တွေဟာ အပြစ်ဆိုစရာတစ်ခုထပ်ဖြစ်လာစေအုံးတော့မှာ သေချာပါတယ်။

zawgyi

ကာဗာနီရဲ႕ ကစားဟန္ေတြနဲ႔ ပရီမီးယားလိဂ္ ရာသီအစမွာတင္ သြင္းဂိုးယူ၊ ဂိုးဖန္တီးမႈလုပ္ခဲ့တဲ့ ႏူးနက္ဇ္က ေရာ္နယ္ဒိုနဲ႔မက္ဆီ ဘယ္သူကပိုသာလဲဆိုတာကိုေျပာ

ဖူလ္ဟမ္အသင္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ကစားသမားမျဖစ္ခဲ့ဘဲ ဒုတိယပိုင္း မိနစ္ (၅၀)ေက်ာ္မွကြင္းထဲဝင္ကစားခြင့္ရခဲ့တဲ့ ဒါဝင္ႏူးနက္ဇ္ဟာ

ပရီမီးယားလိဂ္ပြဲစဥ္အစမွာတင္ မေခတဲ့ ေျခစြမ္းေတြ ျပခဲ့ပါတယ္။

ဖာမီႏိုနဲ႔လူစားလဲခဲ့ကာ ကြင္းထဲ ဝင္လာခါစမွာတင္ ႏူးနက္ဇ္ဟာ ခ်က္ခ်င္းဆိုသလို ဂိုးရႏိုင္တဲ့ အခြင့္အေရးေကာင္း ရခဲ့ေပမယ့္

ကိုယ္တိုင္ကန္သြင္းရမွာကို လူေပးခဲ့တာေၾကာင့္ ေဘာလုံးပ်က္ခဲ့ပါတယ္။

အဲဒီေနာက္ သူကြင္းထဲဝင္ေရာက္လာၿပီး (၁၀)မိနစ္ေက်ာ္မွာေတာ့ သူ႔ရဲ႕ပရီးမီးယားလိဂ္ပြဲဦးထြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဆာလာက ဘယ္ျခမ္းကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဒါဝင္ႏူးနက္ဇ္က အသာေလး flick လုပ္ၿပီးေတာ့

လွလွပပသြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ႏူးနက္ဇ္ဟာ လီဗာပူး အတြက္ အေရးပါလွတဲ့ ေခ်ပဂိုး အတြက္လည္း

ဆာလားကို ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ သူဟာ ၂၀၁၈ ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ

ကိုယ္တိုင္ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈလုပ္ႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ဘင္ဖီကာမွာ ကစားခဲ့ခ်ိန္တုန္းက အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕ အိုင္ေဒါကဘယ္သူလည္းဆိုၿပီးေမးခဲ့တုန္းက

အီဒင္ဆင္ ကာဗာနီျဖစ္တယ္ဆိုၿပီး ေျပာခဲ့လို႔ အဲ့သည့္အခ်ိန္က ကာဗာနီဟာ ယူႏိုက္တက္မွာ ကစားေနသူျဖစ္တာေၾကာင့္

ယူႏိုက္တက္ပရိသတ္ေတြက ႏူးနက္ဇ္ကို ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္ကစားသမားျဖစ္လာႏိုင္တယ္ဆိုၿပီး

မွတ္ခ်က္ေပးခံခဲ့ရေပမယ့္ ယူႏိုက္တက္အသင္းရဲ႕ ဘုတ္အဖြဲ႕ဟာ လီဗာပူးလ္အသင္းရဲ႕ ကစားသမားသစ္စီမံခန႔္ခြဲမႈကို

မယွဥ္ႏိုင္တာေၾကာင့္ လက္လႊတ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ႏူးနက္ဇ္ဟာ ကာဗာနီနဲ႔ သူဟာ ႐ုပ္ပိုင္းဆိုင္ရာမွာ တူညီတဲ့အခ်က္ေတြမ်ားစြာရွိေနသလို

Youtube ကေနလည္း ကာဗာနီရဲ႕ကစားဟန္ေတြကို အၿမဲၾကည့္ျဖစ္တယ္လို႔ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

လူးဝစ္ ဆြာရက္ဇ္၊ ကာဗာနီတို႔နဲ႔ ႏိုင္ငံတူ ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ သူ႔ရဲ႕ ကစားဟန္ေတြကေတာ့

ကာဗာနီရဲ႕ လႊမ္းမိုးမႈေတြမ်ားစြာရွိခဲ့ပါတယ္လို႔လည္း ဝန္ခံထားပါတယ္။

ဒါ့အျပင္ သူဟာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ဦးမွာဆိုရင္လည္း ေအာင္ျမင္မႈေတြရဖို႔ ေလ့က်င့္ေရးအစီအစဥ္ေတြနဲ႔

ႀကိဳးစားအားထုတ္မႈပိုေကာင္းတဲ့ ေရာ္နယ္ဒိုကိုပိုႏွစ္သက္တယ္ဆိုၿပီးေတာ့လည္း ေျဖၾကားထားခဲ့သူလည္းျဖစ္ပါတယ္။

ႏူးနက္ဇ္သာ ဒီရာသီမွာ လီဗာပူးလ္ တိုက္စစ္ကို ဦးေဆာင္လာႏိုင္ခဲ့သူျဖစ္လာခဲ့ရင္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္

ေနာက္ဆုတ္သြားခဲ့တဲ့ ဂေလဇာမိသားစု ခ်ဳပ္ကိုင္ထားတဲ့ ဘုတ္အဖြဲ႕ရဲ႕ လုပ္ေဆာင္မႈကို

ယူႏိုက္တက္ပရိသတ္ေတြဟာ အျပစ္ဆိုစရာတစ္ခုထပ္ျဖစ္လာေစအုံးေတာ့မွာ ေသခ်ာပါတယ္။