ကာဗာနီရဲ့နေရာမှာ အစားထိုးဖို့ ရစ်ချာလီဆန်ကို ယူနိုက်တက် စောင့်ကြည့်နေဟုဆို

ဘရာဇီးမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ

ယူနိုက်တက်ဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို
ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။
ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီဟာ လာမယ့်နွေရာသီမှာ
စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်က
တိုက်စစ်မှူးတစ်ဦး ရှာဖွေရမှာဖြစ်ပြီး အဲဗာတန်အသင်းနဲ့

စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ပဲ ကျန်တော့တဲ့
ဘရာဇီးလက်ရွေးစင် ရစ်ချာလီဆန်ကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။
အဲဗာတန်က ယခုရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့
ရုန်းကန်နေရပြီး တကယ်လို့ တန်းဆင်းခဲ့ရရင်
ယူနိုက်တက်ကလည်း ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ပိုမိုလွယ်ကူလာနိုင်ပါတယ်။

ယူနိုက်တက်ဟာ ရစ်ချာလီဆန်ကို စောင့်ကြည့်နေတာ
၂ရာသီရှိနေပြီဖြစ်ပြီး ကစားသမားဖြစ်သူက
အဲဗာတန်ရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။
ဒါပေမဲ့ သူဟာ ယခုရာသီမှာတော့ ပုံမှန်ခြေစွမ်းရဖို့
ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၂၂ပွဲမှာ ၄ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။

သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ရစ်ချာလီဆန်က
”အဲဗာတန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့
၂နှစ်ကျော်ကျန်နေပါသေးတယ်။
အဲဗာတန်မှာ လုံးဝအဆင်ပြေနေတာမို့
ဒီအချိန်မှာ အသင်းကနေ ထွက်ခွာမယ့်အကြောင်း

ပြောဖို့ အရမ်းခက်ပါတယ်။ ထွက်ခွာဖို့
ကျွန်တော့်ဘက်က ပြင်ဆင်ထားတာမျိုး
မရှိပေမယ့် မနက်ဖြန်မှာ ဘာဖြစ်လာမလဲဆိုတာတောင်
ကျွန်တော် ကြိုပြီး သိတာမဟုတ်ပါဘူး”လို့ ပြောခဲ့ဖူးပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ရစ်ချာလီဆန်ကို ယူနိုက်တက်အသင်းအပြင်

နယူးကာဆယ်ကလည်း စိတ်ဝင်စားနေပြီး
အဲဗာတန်နည်းပြဟောင်းဖြစ်တဲ့ လက်ရှိရီးရဲလ်နည်းပြ
အန်ဆလော့တီကလည်း ရစ်ချာလီဆန်ရဲ့အမာခံပရိသတ်ဖြစ်ပါတယ်။

Zawgyi

ကာဗာနီရဲ႕ေနရာမွာ အစားထုိးဖို႔ ရစ္ခ်ာလီဆန္ကို ယူႏုိက္တက္ ေစာင့္ၾကည့္ေနဟုဆို
ဘရာဇီးမွာ ထြက္ေပၚေနတဲ့သတင္းေတြအရ
ယူႏုိက္တက္ဟာ အဲဗာတန္တုိက္စစ္မွဴး ရစ္ခ်ာလီဆန္ကို
ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္း သိရပါတယ္။

ယူႏုိက္တက္တုိက္စစ္မွဴး ကာဗာနီဟာ လာမယ့္ေႏြရာသီမွာ
စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ အသင္းဘက္က
တုိက္စစ္မွဴးတစ္ဦး ရွာေဖြရမွာျဖစ္ၿပီး အဲဗာတန္အသင္းနဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးဖုိ႔ ၂ႏွစ္ပဲ က်န္ေတာ့တဲ့
ဘရာဇီးလက္ေရြးစင္ ရစ္ခ်ာလီဆန္ကို ပစ္မွတ္ထားလာတာျဖစ္ပါတယ္။

အဲဗာတန္က ယခုရာသီမွာ ပရီးမီးယားလိဂ္ကေန တန္းမဆင္းရဖုိ႔
ရုန္းကန္ေနရၿပီး တကယ္လုိ႔ တန္းဆင္းခဲ့ရရင္
ယူႏုိက္တက္ကလည္း ရစ္ခ်ာလီဆန္ကို ေခၚယူဖုိ႔ ပိုမိုလြယ္ကူလာႏုိင္ပါတယ္။
ယူႏုိက္တက္ဟာ ရစ္ခ်ာလီဆန္ကို ေစာင့္ၾကည့္ေနတာ
၂ရာသီရွိေနၿပီျဖစ္ၿပီး ကစားသမားျဖစ္သူက

အဲဗာတန္ရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနပါတယ္။
ဒါေပမဲ့ သူဟာ ယခုရာသီမွာေတာ့ ပုံမွန္ေျခစြမ္းရဖို႔
ရုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္ ၂၂ပြဲမွာ ၄ဂိုးပဲ သြင္းယူထားႏိုင္ပါတယ္။
သူ႕ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ရစ္ခ်ာလီဆန္က
”အဲဗာတန္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔

၂ႏွစ္ေက်ာ္က်န္ေနပါေသးတယ္။
အဲဗာတန္မွာ လုံး၀အဆင္ေျပေနတာမို႔
ဒီအခ်ိန္မွာ အသင္းကေန ထြက္ခြာမယ့္အေၾကာင္း
ေျပာဖုိ႔ အရမ္းခက္ပါတယ္။ ထြက္ခြာဖို႔
ကၽြန္ေတာ့္ဘက္က ျပင္ဆင္ထားတာမ်ိဳး

မရွိေပမယ့္ မနက္ျဖန္မွာ ဘာျဖစ္လာမလဲဆုိတာေတာင္
ကၽြန္ေတာ္ ႀကိဳၿပီး သိတာမဟုတ္ပါဘူး”လုိ႔ ေျပာခဲ့ဖူးပါတယ္။
အသက္ ၂၄ နွစ္အရြယ္ရွိ ရစ္ခ်ာလီဆန္ကို ယူႏုိက္တက္အသင္းအျပင္
နယူးကာဆယ္ကလည္း စိတ္၀င္စားေနၿပီး
အဲဗာတန္နည္းျပေဟာင္းျဖစ္တဲ့ လက္ရွိရီးရဲလ္နည္းျပ

အန္ဆေလာ့တီကလည္း ရစ္ခ်ာလီဆန္ရဲ႕အမာခံပရိသတ္ျဖစ္ပါတယ္။