
မန်ယူအသင်းဟာ အက်စ်တွန်ဗီလာနဲ့အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ
VAR နဲ့ ကာဗာနီတို့ရဲ့ပါးနပ်မှုကြောင့် ချေပဂိုးမပေး ခဲ့ရတာလို့
ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
မန်ယူဟာ ၈ မိနစ်မှာကတည်းက တွန်မီနေးရဲ့သွင်းဂိုးနဲ့ ဦး ဆောင်ခဲ့တာပါ။
ဒါပေမယ့်ကံကောင်းခဲ့တာက ဒုတိယပိုင်းစပြီး ၅ မိနစ်အကြာမှာ
ဒန်နီအင့် ရဲ့ခေါင်းတိုက်ဂိုးကိုဒိုင်လူကြီး မိုက် ကယ်အိုလီဗာ ကခွင့်မပြုခဲ့တာပါဘဲ။
မန်ယူအသင်းရဲ့ခံစစ်အားနည်းမှုကနေတစ်ဆင့် ဒန်နီအင့် က
ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့တာ ပါ။ ဒါပေမယ့် အိုလီဗာက VAR ကို
၄ မိနစ်နီးပါးပြန်ကြည့်ပြီး ဗီလာက ဂျာကော့ဘ်ရမ်းဆေးက
ဘောလုံးဖျက်ထုတ်ဖို့ကြိုးစားတဲ့ ကာဗာနီ ကို
ပိတ်ဆို့ထားတယ်လို့ဆိုပြီး ဂိုးကိုပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်အများစုထင်ခဲ့ကြတာကတော့ အိုလီဗာဟာ လူကျွံဘောဖြစ်မဖြစ်
ကွင်းဘေးမော်နီတာ ကနေတစ်ဆင့်ပြန်သုံးသပ်နေတယ်လို့သာထင်ခဲ့ကြပြီး
ဗီလာ ကစားသမားတွေက လည်း ဂိုးပေးဖို့တောင်းဆိုခဲ့ကြတာပါ။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးသူဖြစ်တဲ့
အလန်ရှီးယားက ဘီဘီစီစပေါ့ကနေအခုလိုဘဲပြောခဲ့ပါတယ်။
သူက” ပြစ်ဒဏ်ဘောဖြစ်လို့သာ VAR ကိုအကြာကြီးပြန်ကြည့်နေတာပေါ့။
ဒီလိုမှမဟုတ်ရင် VAR ဒိုင်တွေက အိုလီဗာ ကို
မော်နီ တာသွားကြည့်ဖို့အချက်ပြမှာမဟုတ်ဘူးလေ။
လူကျွံတယ်ဆို သူတို့ကိုယ်တိုင်ဘဲဆုံးဖြတ်လိုက်မှာပေါ့။
ပြစ်ဒဏ်ဘောအတွက် ကြည့်နေတယ်ဆိုတာသေချာတာပေါ့။
ကျွန်တော်ကတော့ ကာဗာနီဟာ ခံစစ်အတွက်
သူ့ဂိုးဘက်ကိုတကယ်ပြေးသွားတယ်လို့ ကျွန်တော်မထင်ပါဘူး။
သူဟာ ရမ်းဆေးကိုဝင်တိုက်ပြီး ပါးနပ်စွာနဲ့ ပြစ်ဒဏ်ဘောယူခဲ့တာပါ။
နောက်ပြီး ရမ်းဆေးကိုကျော်ပြေး ဖို့ သူကြိုးစားခဲ့တာလည်းမဟုတ်ဘူး။
တချို့ကတော့ ကာဗာနီက ရမ်းဆေးကိုကျော်ဖို့
တကယ်ကြိုးစားခဲ့တာလို့ ပြောချင်ပြော မှာပေါ့။
ဒါပေမယ့် သိပ်သိသာတဲ့ ပြစ်ဒဏ်လည်းမဟုတ်ဘူးလေ။
ဘောလုံးကိုသူဖျက်ထုတ်ဖို့ တကယ်အားထုတ်ခဲ့တယ်လို့လည်း
ကျွန်တော်မထင်ဘူး။ သူပါးနပ်ခဲ့တာပါ” လို့ပြောသွားပါတယ်။
မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်ကလည်း
” ရမ်းဆေးကသူ့ဘာသာရပ်နေတာဗျ။ ကာဗာနီကသာ
ပြေးလာပြီးတိုက် လိုက်တာ။ ဒီလိုဖြစ်ရပ်ကလေးကို
အခုလိုအကြာကြီးပြန်သုံးသပ်ရတယ်ဆိုတာ ရယ်စရာပေါ့ဗျာ”လို့ပြောသွားပါတယ်။
zawgyi
ကာဗာနီပါးနပ္မႈေၾကာင့္ မန္ယူေခ်ပဂိုးမေပးခဲ့ရတာေသခ်ာတယ္
မန္ယူအသင္းဟာ အက္စ္တြန္ဗီလာနဲ႔အက္ဖ္ေအဖလား တတိယအဆင့္ပြဲမွာ
VAR နဲ႔ ကာဗာနီတို႔ရဲ႕ပါးနပ္မႈေၾကာင့္ ေခ်ပဂိုးမေပး ခဲ့ရတာလို႔
ေဘာလုံးကြၽမ္းက်င္သူေတြက သုံးသပ္ေနၾကပါတယ္။
မန္ယူဟာ ၈ မိနစ္မွာကတည္းက တြန္မီေနးရဲ႕သြင္းဂိုးနဲ႔ ဦး ေဆာင္ခဲ့တာပါ။
ဒါေပမယ့္ကံေကာင္းခဲ့တာက ဒုတိယပိုင္းစၿပီး ၅ မိနစ္အၾကာမွာ
ဒန္နီအင့္ ရဲ႕ေခါင္းတိုက္ဂိုးကိုဒိုင္လူႀကီး မိုက္ ကယ္အိုလီဗာ ကခြင့္မျပဳခဲ့တာပါဘဲ။
မန္ယူအသင္းရဲ႕ခံစစ္အားနည္းမႈကေနတစ္ဆင့္ ဒန္နီအင့္ က
ေခါင္းတိုက္ဂိုးသြင္းႏိုင္ခဲ့တာ ပါ။ ဒါေပမယ့္ အိုလီဗာက VAR ကို
၄ မိနစ္နီးပါးျပန္ၾကည့္ၿပီး ဗီလာက ဂ်ာေကာ့ဘ္ရမ္းေဆးက
ေဘာလုံးဖ်က္ထုတ္ဖို႔ႀကိဳးစားတဲ့ ကာဗာနီ ကို
ပိတ္ဆို႔ထားတယ္လို႔ဆိုၿပီး ဂိုးကိုပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။
ပရိသတ္အမ်ားစုထင္ခဲ့ၾကတာကေတာ့ အိုလီဗာဟာ လူကြၽံေဘာျဖစ္မျဖစ္
ကြင္းေဘးေမာ္နီတာ ကေနတစ္ဆင့္ျပန္သုံးသပ္ေနတယ္လို႔သာထင္ခဲ့ၾကၿပီး
ဗီလာ ကစားသမားေတြက လည္း ဂိုးေပးဖို႔ေတာင္းဆိုခဲ့ၾကတာပါ။
ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ရဲ႕ဂိုးသြင္းအမ်ားဆုံးသူျဖစ္တဲ့
အလန္ရွီးယားက ဘီဘီစီစေပါ့ကေနအခုလိုဘဲေျပာခဲ့ပါတယ္။
သူက” ျပစ္ဒဏ္ေဘာျဖစ္လို႔သာ VAR ကိုအၾကာႀကီးျပန္ၾကည့္ေနတာေပါ့။
ဒီလိုမွမဟုတ္ရင္ VAR ဒိုင္ေတြက အိုလီဗာ ကို
ေမာ္နီ တာသြားၾကည့္ဖို႔အခ်က္ျပမွာမဟုတ္ဘူးေလ။
လူကြၽံတယ္ဆို သူတို႔ကိုယ္တိုင္ဘဲဆုံးျဖတ္လိုက္မွာေပါ့။
ျပစ္ဒဏ္ေဘာအတြက္ ၾကည့္ေနတယ္ဆိုတာေသခ်ာတာေပါ့။
ကြၽန္ေတာ္ကေတာ့ ကာဗာနီဟာ ခံစစ္အတြက္
သူ႔ဂိုးဘက္ကိုတကယ္ေျပးသြားတယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။
သူဟာ ရမ္းေဆးကိုဝင္တိုက္ၿပီး ပါးနပ္စြာနဲ႔ ျပစ္ဒဏ္ေဘာယူခဲ့တာပါ။
ေနာက္ၿပီး ရမ္းေဆးကိုေက်ာ္ေျပး ဖို႔ သူႀကိဳးစားခဲ့တာလည္းမဟုတ္ဘူး။
တခ်ိဳ႕ကေတာ့ ကာဗာနီက ရမ္းေဆးကိုေက်ာ္ဖို႔
တကယ္ႀကိဳးစားခဲ့တာလို႔ ေျပာခ်င္ေျပာ မွာေပါ့။
ဒါေပမယ့္ သိပ္သိသာတဲ့ ျပစ္ဒဏ္လည္းမဟုတ္ဘူးေလ။
ေဘာလုံးကိုသူဖ်က္ထုတ္ဖို႔ တကယ္အားထုတ္ခဲ့တယ္လို႔လည္း
ကြၽန္ေတာ္မထင္ဘူး။ သူပါးနပ္ခဲ့တာပါ” လို႔ေျပာသြားပါတယ္။
မန္စီးတီးေနာက္ခံလူေဟာင္း မီကာရစ္ခ်တ္ကလည္း
” ရမ္းေဆးကသူ႔ဘာသာရပ္ေနတာဗ်။ ကာဗာနီကသာ
ေျပးလာၿပီးတိုက္ လိုက္တာ။ ဒီလိုျဖစ္ရပ္ကေလးကို
အခုလိုအၾကာႀကီးျပန္သုံးသပ္ရတယ္ဆိုတာ ရယ္စရာေပါ့ဗ်ာ”လို႔ေျပာသြားပါတယ္။