ကာဗာနီနဲ့တွေ့ဆုံခဲ့ပြီးနောက် သရဲနီပရိသတ်ဂါနာသရုပ်ဆောင် ယော်ဒါဘိုက အဖိုးမဖြတ်နိုင်တဲ့အခိုက်အတန့်ကိုမျှဝေခဲ့တယ်

ဥရုဂွေးနဲ့ ဂါနာတို့ကစားခဲ့တဲ့ပွဲစဉ်မှာတော့ သရုပ်ဆောင်ယော်ဒါဘိုက

သူ့ရဲ့အာဖရိကသားတွေကိုအားပေးဖို့ကွင်းထဲရောက်လာခဲ့ပေမဲ့

ပြိုင်ဘက်တိုက်စစ်မှူးကာဗာနီကိုတွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။

ကာဗာနီဟာ ပွဲမစခင်သွေးပူလုပ်ပြီး ဥမင်လှိုင်းခေါင်းထဲပြန်ဆင်းဖို့လုပ်ချိန်မှာ

ဒါဘိုက လက်ဆွဲနှုတ်ဆက်ခွင့်ရဖို့အတွက်ကြိုးစားသွားခဲ့တာဖြစ်တယ်။

ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ ကစားသမားက

ချစ်စရာကောင်းတဲ့အမူအယာနဲ့ချဉ်းကပ်လာချိန်မှာ ဒါဘိုရဲ့ပါးစပ်က

ကာဗာနီအမည်ကို အဆက်မပြတ်ရေရွတ်နေခဲ့ပါတယ်။ ဂါနာနာမည်ကြီး

သရုပ်ဆောင် ဒါဘို ကိုတော့ မန်ယူပရိသတ်အဖြစ်လူသိများလှပါတယ်။

Kumawood ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရုပ်ပြသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့

ဒါဘိုရဲ့ နာမည်အပြည့်အစုံက ဆင်မြူရယ်နာနာယော်ဒါဘိုဖြစ်တယ်။

ပုံမှန်လူတစ်ယောက်ထက် အရွယ်အစားသေးလွန်းတဲ့ ဒါဘိုဟာ

သရုပ်ဆောင်နယ်ပယ်မှာစတင်ဖို့အခက်အခဲရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့

မင်းသာတစ်လက်ဖြစ်တဲ့ ကာကူမာနူက Kumawood ရုပ်ရှင်ထုတ်လုပ်ရေးနဲ့

ချိတ်ဆက်ပေးခဲ့တာဖြစ်တယ်။ ဇာတ်ကားပေါင်း ၁၅၀ ကျော်

ပါဝင်သရုပ်ဆောင်ထားပြီး “Megye Wo Girl” နဲ့ “Our Judges”

ရုပ်ရှင်ဇာတ်ကားတွေမှာ လူသိပိုများခဲ့ပါတယ်။ ဒါဘိုဟာ သရုပ်ဆောင်အပြင်

ဘောလုံးဝါသနာထုံသူဖြစ်ပြီး colt division မှာ လူငယ်အသင်း ၃ သင်းကို

ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

မန်ယူပရိသတ်တစ်ယောက်ဖြစ်တဲ့ ဒါဘိုဟာ သရဲနီဟောင်းကာဗာနီနဲ့

တွေ့ခွင့်ရတဲ့အခိုက်အတန့်ကိုအဖိုးမဖြတ်နိုင်လောက်အောင်ပျော်ရွှင်ခဲ့ပြီး

လူမှုကွန်ယက်ပေါ်မှာ မျှဝေမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ဂါနာသားတစ်ယောက်ဖြစ်ပေမဲ့ ပြိုင်ဘက်ဥရုဂွေးတိုက်စစ်မှူးကို တွေ့ဆုံခွင့်

တောင်းခံခဲ့တဲ့ လုပ်ရပ်ကဘောလုံးနဲ့ပတ်သတ်လို့ချစ်စဖွယ်

အမူအယာတွေဖြစ်ပြီး ကာဗာနီရဲ့အပြုံးတွေကလည်း အသက်ဝင်လွန်းခဲ့တာတွေ့ရပါတယ်။

zawgyi

ကာဗာနီနဲ႔ေတြ႕ဆုံခဲ့ၿပီးေနာက္ သရဲနီပရိသတ္ဂါနာသ႐ုပ္ေဆာင္ ေယာ္ဒါဘိုက အဖိုးမျဖတ္ႏိုင္တဲ့အခိုက္အတန႔္ကိုမွ်ေဝခဲ့တယ္

ဥ႐ုေဂြးနဲ႔ ဂါနာတို႔ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ သ႐ုပ္ေဆာင္ေယာ္ဒါဘိုက

သူ႔ရဲ႕အာဖရိကသားေတြကိုအားေပးဖို႔ကြင္းထဲေရာက္လာခဲ့ေပမဲ့

ၿပိဳင္ဘက္တိုက္စစ္မႉးကာဗာနီကိုေတြ႕ဆုံခဲ့တဲ့ ဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့ပါတယ္။

ကာဗာနီဟာ ပြဲမစခင္ေသြးပူလုပ္ၿပီး ဥမင္လႈိင္းေခါင္းထဲျပန္ဆင္းဖို႔လုပ္ခ်ိန္မွာ

ဒါဘိုက လက္ဆြဲႏႈတ္ဆက္ခြင့္ရဖို႔အတြက္ႀကိဳးစားသြားခဲ့တာျဖစ္တယ္။

ဆိုရွယ္မီဒီယာမွာပ်ံ႕ႏွံ႔သြားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာေတာ့ ကစားသမားက

ခ်စ္စရာေကာင္းတဲ့အမူအယာနဲ႔ခ်ဥ္းကပ္လာခ်ိန္မွာ ဒါဘိုရဲ႕ပါးစပ္က

ကာဗာနီအမည္ကို အဆက္မျပတ္ေရ႐ြတ္ေနခဲ့ပါတယ္။ ဂါနာနာမည္ႀကီး

သ႐ုပ္ေဆာင္ ဒါဘို ကိုေတာ့ မန္ယူပရိသတ္အျဖစ္လူသိမ်ားလွပါတယ္။

Kumawood ႐ုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ႐ုပ္ျပသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့

ဒါဘိုရဲ႕ နာမည္အျပည့္အစုံက ဆင္ျမဴရယ္နာနာေယာ္ဒါဘိုျဖစ္တယ္။

ပုံမွန္လူတစ္ေယာက္ထက္ အ႐ြယ္အစားေသးလြန္းတဲ့ ဒါဘိုဟာ

သ႐ုပ္ေဆာင္နယ္ပယ္မွာစတင္ဖို႔အခက္အခဲရွိခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့

မင္းသာတစ္လက္ျဖစ္တဲ့ ကာကူမာႏူက Kumawood ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔

ခ်ိတ္ဆက္ေပးခဲ့တာျဖစ္တယ္။ ဇာတ္ကားေပါင္း ၁၅၀ ေက်ာ္

ပါဝင္သ႐ုပ္ေဆာင္ထားၿပီး “Megye Wo Girl” နဲ႔ “Our Judges”

႐ုပ္ရွင္ဇာတ္ကားေတြမွာ လူသိပိုမ်ားခဲ့ပါတယ္။ ဒါဘိုဟာ သ႐ုပ္ေဆာင္အျပင္

ေဘာလုံးဝါသနာထုံသူျဖစ္ၿပီး colt division မွာ လူငယ္အသင္း ၃ သင္းကို

ပိုင္ဆိုင္ထားတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။

မန္ယူပရိသတ္တစ္ေယာက္ျဖစ္တဲ့ ဒါဘိုဟာ သရဲနီေဟာင္းကာဗာနီနဲ႔

ေတြ႕ခြင့္ရတဲ့အခိုက္အတန႔္ကိုအဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ေပ်ာ္႐ႊင္ခဲ့ၿပီး

လူမႈကြန္ယက္ေပၚမွာ မွ်ေဝမႈေတြျပဳလုပ္သြားခဲ့ပါတယ္။

ဂါနာသားတစ္ေယာက္ျဖစ္ေပမဲ့ ၿပိဳင္ဘက္ဥ႐ုေဂြးတိုက္စစ္မႉးကို ေတြ႕ဆုံခြင့္

ေတာင္းခံခဲ့တဲ့ လုပ္ရပ္ကေဘာလုံးနဲ႔ပတ္သတ္လို႔ခ်စ္စဖြယ္

အမူအယာေတြျဖစ္ၿပီး ကာဗာနီရဲ႕အၿပဳံးေတြကလည္း အသက္ဝင္လြန္းခဲ့တာေတြ႕ရပါတယ္။