ကာတာဟိုတယ်ဘားမှာ ဘီယာလေးဆို့ပြီးဘောပွဲကြည့်ချင်တဲ့ ကိုကိုတွေအတွက် သတ်မှတ်စျေးနှုန်းတွေထွက်ပေါ်လာပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ကာတာနိုင်ငံမှာမဖြစ်မနေ ဘီယာလေးတော့ခဲချင်သူတွေအတွက် ဟိုတယ်ဘားတွေကစျေးနှုန်းတွေသတ်မှတ်ပေးလိုက်ပါပြီ။

ကာတာနိုင်ငံမှာရှိ တဲ့အားကစားဘားတွေဟာ ဘောလုံးပွဲတစ်ပွဲကြည့်ဖို့အတွက် ပေါင် ၂၄၀ အထိ ကောက်ခံဖို့ရှိနေပါတယ်။ ကုန်ကျစရိတ်များလွန်းတာကြောင့် အချို့သောပရိသတ်တွေဟာ ကာတာခရီးသွားခြင်းကိုရပ်နားဖို့ဆုံးဖြတ်ခဲ့ကြပေမဲ့ ဇိမ်ခံချင်သူတွေအတွက်တော့ ဘောလုံးတစ်ပွဲကို ပေါင် ၂၄၀ အထိပေးရဖို့ရှိနေတယ်။ iNews ရဲ့အဆိုအရ တော့ ကာတာရှိအားကစားဘားတွေဟာ လာရောက်သူတွေပေးချေရမယ့် အခကြေးငွေတွေကို မိတ်ဆက်ပေးခဲ့ပြီလို့သိရပါတယ်။ Time Out မဂ္ဂဇင်းကတော့ မြို့တော်ရဲ့အကောင်းဆုံးဘားဖြစ်တဲ့ Champions Sports Bar ဟာ အုပ်စုပွဲစဉ်တွေကိုကြည့်ရှုဖို့အတွက် တစ်ဦးကို ၄၈ ပေါင် ဝန်းကျင်နဲ့ပရိသတ် ၂၀၀ အမည်စာရင်းကိုစတင်ကောက်ခံနေပြီလို့သိရပါတယ်။ ပရိသတ်တစ်ယောက်ဟာ ၄၈ ပေါင်ပေးမယ်ဆိုရင် ဘက်ဝိုက်ဆာ၊ ကိုရိုနာစတဲ့ ဘီယာအမျိုးအစားနဲ့ အိမ်သောက်ဝိုင်တစ်ခွက်ကိုအခမဲ့ဖရီးပေးသွားမှာဖြစ်တယ်။ နောက်ထပ်ဝယ်သောက်ချင်ရင်တော့ ဒီ ၃မျိုးကို တစ်ခွက် ပေါင် ၈၀ စျေးသတ်မှတ် ထားပါတယ်။ ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ တစ်ပွဲကို ပေါင် ၁၈၀ အထိပေးရတော့မှာဖြစ်တယ်။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲစဉ်တွေအတွက် တော့ ပေါင် ၂၄၀ အထိကောက်ခံသွားမှာဖြစ်တယ်။ ဒီကျသင့်ငွေတွေဟာ တစ်ပွဲချင်းစီအတွက်ဖြစ်ပြီး ဆက်တိုက်ဆိုသလိုနောက်တစ်ပွဲထပ်ကြည့်မယ်ဆိုရင် အခြားဝင်ခွင့်ကြေးကိုပေးဆောင်ရဦးမှာဖြစ်တယ်။ ကာတာအာဏာပိုင်တွေဟာ ‘အပြစ်ခွန်’ ကိုဒေသတွင်းမိတ်ဆက်ခဲ့ပြီးနောက် ယမကာနဲ့ပတ်သတ်ရင်ကမ္ဘာပေါ် မှာစျေးအကြီးဆုံးတွေထဲကတစ်နိုင်ငံအဖြစ်ရှိခဲ့ပါတယ်။ ကဲ…ကာတာရဲ့ဟိုတယ်ဘားမှာ ဆီမီးနဲ့ ဗိုလ်လုပွဲကြည့်ရင်တစ်ပွဲကို ပေါင် ၂၄၀ ပေးရမယ်၊ ရှုံးထွက်အဆင့်အတွက် တစ်ပွဲကို ပေါင် ၁၈၀ ကောက်ခံမယ်၊ အုပ်စုပွဲစဉ် တစ်ပွဲချင်းစီအတွက် ကျသင့်ငွေက ၄၈ ပေါင်ရှိတယ်။ ဘီယာနဲ့ ဝိုင်ကတော့ တစ်ခွက်ကို ပေါင် ၈၀ သတ်မှတ်ထားတယ်။ ရေချိန်ကိုက်အောင်ခဲပြီး ပွဲကြည့်မယ်ဆိုရင်တော့ အတော်လေးခါးသွားလောက်တယ်နော်။ ကာတာနိုင်ငံမှာ စျေးနှုန်းချိုသာစွာနဲ့ ယာယီနေထိုင်လို့ရတဲ့နေရာမရှိတာကြောင့် လာရောက်မယ့်ပရိသတ်တွေဟာ သဲကန္တာရစခန်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တစ်ညကို ပေါင်ရာနဲ့ချီပြီးတည်းခိုရမယ့်ကိန်းဆိုက်နေတာပါ။(Zawgyi)

ကာတာဟိုတယ္ဘားမွာ ဘီယာေလးဆို႔ၿပီးေဘာပြဲၾကည့္ခ်င္တဲ့ ကိုကိုေတြအတြက္ သတ္မွတ္ေစ်းႏႈန္းေတြထြက္ေပၚလာၿပီကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရာ ကာတာႏိုင္ငံမွာမျဖစ္မေန ဘီယာေလးေတာ့ခဲခ်င္သူေတြအတြက္ ဟိုတယ္ဘားေတြကေစ်းႏႈန္းေတြသတ္မွတ္ေပးလိုက္ပါၿပီ။ ကာတာႏိုင္ငံမွာရွိ တဲ့အားကစားဘားေတြဟာ ေဘာလုံးပြဲတစ္ပြဲၾကည့္ဖို႔အတြက္ ေပါင္ ၂၄၀ အထိ ေကာက္ခံဖို႔ရွိေနပါတယ္။ ကုန္က်စရိတ္မ်ားလြန္းတာေၾကာင့္ အခ်ိဳ႕ေသာပရိသတ္ေတြဟာ ကာတာခရီးသြားျခင္းကိုရပ္နားဖို႔ဆုံးျဖတ္ခဲ့ၾကေပမဲ့ ဇိမ္ခံခ်င္သူေတြအတြက္ေတာ့ ေဘာလုံးတစ္ပြဲကို ေပါင္ ၂၄၀ အထိေပးရဖို႔ရွိေနတယ္။ iNews ရဲ႕အဆိုအရ ေတာ့ ကာတာရွိအားကစားဘားေတြဟာ လာေရာက္သူေတြေပးေခ်ရမယ့္ အခေၾကးေငြေတြကို မိတ္ဆက္ေပးခဲ့ၿပီလို႔သိရပါတယ္။ Time Out မဂၢဇင္းကေတာ့ ၿမိဳ႕ေတာ္ရဲ႕အေကာင္းဆုံးဘားျဖစ္တဲ့ Champions Sports Bar ဟာ အုပ္စုပြဲစဥ္ေတြကိုၾကည့္ရႈဖို႔အတြက္ တစ္ဦးကို ၄၈ ေပါင္ ဝန္းက်င္နဲ႔ပရိသတ္ ၂၀၀ အမည္စာရင္းကိုစတင္ေကာက္ခံေနၿပီလို႔သိရပါတယ္။ ပရိသတ္တစ္ေယာက္ဟာ ၄၈ ေပါင္ေပးမယ္ဆိုရင္ ဘက္ဝိုက္ဆာ၊ ကို႐ိုနာစတဲ့ ဘီယာအမ်ိဳးအစားနဲ႔ အိမ္ေသာက္ဝိုင္တစ္ခြက္ကိုအခမဲ့ဖရီးေပးသြားမွာျဖစ္တယ္။ ေနာက္ထပ္ဝယ္ေသာက္ခ်င္ရင္ေတာ့ ဒီ ၃မ်ိဳးကို တစ္ခြက္ ေပါင္ ၈၀ ေစ်းသတ္မွတ္ ထားပါတယ္။ ရႈံးထြက္အဆင့္ပြဲစဥ္ေတြကို ၾကည့္ရႈခ်င္တယ္ဆိုရင္ေတာ့ တစ္ပြဲကို ေပါင္ ၁၈၀ အထိေပးရေတာ့မွာျဖစ္တယ္။ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲစဥ္ေတြအတြက္ ေတာ့ ေပါင္ ၂၄၀ အထိေကာက္ခံသြားမွာျဖစ္တယ္။ ဒီက်သင့္ေငြေတြဟာ တစ္ပြဲခ်င္းစီအတြက္ျဖစ္ၿပီး ဆက္တိုက္ဆိုသလိုေနာက္တစ္ပြဲထပ္ၾကည့္မယ္ဆိုရင္ အျခားဝင္ခြင့္ေၾကးကိုေပးေဆာင္ရဦးမွာျဖစ္တယ္။ ကာတာအာဏာပိုင္ေတြဟာ ‘အျပစ္ခြန္’ ကိုေဒသတြင္းမိတ္ဆက္ခဲ့ၿပီးေနာက္ ယမကာနဲ႔ပတ္သတ္ရင္ကမာၻေပၚ မွာေစ်းအႀကီးဆုံးေတြထဲကတစ္ႏိုင္ငံအျဖစ္ရွိခဲ့ပါတယ္။ ကဲ…ကာတာရဲ႕ဟိုတယ္ဘားမွာ ဆီမီးနဲ႔ ဗိုလ္လုပြဲၾကည့္ရင္တစ္ပြဲကို ေပါင္ ၂၄၀ ေပးရမယ္၊ ရႈံးထြက္အဆင့္အတြက္ တစ္ပြဲကို ေပါင္ ၁၈၀ ေကာက္ခံမယ္၊ အုပ္စုပြဲစဥ္ တစ္ပြဲခ်င္းစီအတြက္ က်သင့္ေငြက ၄၈ ေပါင္ရွိတယ္။ ဘီယာနဲ႔ ဝိုင္ကေတာ့ တစ္ခြက္ကို ေပါင္ ၈၀ သတ္မွတ္ထားတယ္။ ေရခ်ိန္ကိုက္ေအာင္ခဲၿပီး ပြဲၾကည့္မယ္ဆိုရင္ေတာ့ အေတာ္ေလးခါးသြားေလာက္တယ္ေနာ္။ ကာတာႏိုင္ငံမွာ ေစ်းႏႈန္းခ်ိဳသာစြာနဲ႔ ယာယီေနထိုင္လို႔ရတဲ့ေနရာမရွိတာေၾကာင့္ လာေရာက္မယ့္ပရိသတ္ေတြဟာ သဲကႏၲာရစခန္းေတြနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြမွာ တစ္ညကို ေပါင္ရာနဲ႔ခ်ီၿပီးတည္းခိုရမယ့္ကိန္းဆိုက္ေနတာပါ။