ကာတာရောက် ပရိသတ်တွေပြောနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံ

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အငြင်းပွားစရာတွေ အများကြီး ရှိနေ ပေမဲ့လည်း အချိန်တန်လာပြီဆိုတော့ ဘောလုံးချစ်တဲ့ ပရိသတ်တွေဟာ အသည်းကောင်းလို့ ပွဲတောင်းလာတဲ့အတွက်

ကာတာကို ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာကြပြီဖြစ်ပါတယ်။ တချို့ကတော့ ကိုယ့်ရဲ့ နိုင်ငံလက်ရွေးစင် အသင်းကို လိုက်ပါအားပေးတဲ့ ပရိသတ်တွေ ရှိကြသလို တချို့ကတော့ ဘောလုံးပွဲ

ကြည့်နေရရင်ကိုပဲ ကျေနပ်နေတဲ့အတွက် ပွဲကြည့်ပရိသတ် သက်သက် လာလုပ်တဲ့ပရိသတ်တွေလည်း ဒုနဲ့ဒေးပါ။ အိမ်ရှင်နိုင်ငံဆီကို အကြောင်း အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ပရိသတ်တွေမှာလည်း

ချန်ပီယံဖြစ်မယ့် အသင်း နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်က အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ၃ ယောက်ဖြစ်တဲ့ မက်ဆီ၊ အမ်ဘာပီ၊

နေမာတို့ဟာ ဒီပြိုင်ပွဲရဲ့ အဓိက ဇာတ်ကောင်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။ ပဲရစ်မှာ တစ်သင်းတည်း အတူကစားပြီး အတွဲအဖက်မိလွန်းတဲ့ ဂိုးတွေ သွင်းခဲ့ကြပေမဲ့ လက်ရှိမှာတော့

ဒီကစားသမား ၃ ယောက်ဟာ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်ကြရတော့မှာပါ။ နောက် ပြီး အဲဒီ ကစားသမား ၃ ယောက်စလုံး ကိုယ်စားပြုတဲ့ အာဂျင်တီးနား၊ ဘရာဇီးနဲ့ လက်ရှိချန်ပီယံ

ပြင်သစ်တို့ဟာဆိုရင်လည်း ဒီပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်မျိုးတွေ ရှိနေတဲ့

ပရိသတ်တွေရဲ့ ရန်ခုန် သံတွေဟာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ‘’မက်ဆီက အကောင်းဆုံးပါ။ လက်ရှိ အာဂျင်တီးနားအသင်း ကစားနေပုံကို ကျွန်တော်တို့ ခိုက်နေတာဖြစ်ပြီး

မက်ဆီတို့က အကောင်းဆုံး အသင်းပဲ’’ လို့ ကာလာရာပြည်နယ် ကနေပြီး လာရောက်ကြည့်ရှုတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းတစ် ယောက်က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတစ်ခုဖြစ်တဲ့ ယူအေအီးကနေပြီး ကာတာဆီကို ခရီးနှင်လာတဲ့ စား သောက်ဆိုင်ပိုင်ရှင် ပရိသတ် တစ်ယောက်ကတော့ ‘’ပြင်သစ်ကိုပဲ အားပေး မှာပါ။ ဘာဖြစ်လို့လဲဆိုတော့

သူတို့က လက်ရှိချန်ပီယံလေ။ နောက်ပြီး အမ် ဘာပီပေါ့။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက သူလုပ်ပြခဲ့သလိုမျိုး အခုလည်း ပဲ လုပ်ပြနိုင်ဦးမယ်လို့ ထင်ပါတယ်’’ လို့ ပြောဆိုသွားခဲ့ပါတယ်။

တတိယ တစ်ယောက်ကတော့ နေမာပါဝင်နေတဲ့ ဘရာဇီးရဲ့ စုဖွဲ့မှုကို ကြိုက်ပြီး ဆမ် ဘာတွေပဲ ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

(Zawgyi)

ကာတာေရာက္ ပရိသတ္ေတြေျပာေနတဲ့ ကမာၻ႔ဖလားခ်န္ပီယံ

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ အျငင္းပြားစရာေတြ အမ်ားႀကီး ရွိေန ေပမဲ့လည္း အခ်ိန္တန္လာၿပီဆိုေတာ့ ေဘာလုံးခ်စ္တဲ့ ပရိသတ္ေတြဟာ အသည္းေကာင္းလို႔

ပြဲေတာင္းလာတဲ့အတြက္ ကာတာကို ဆိုက္ဆိုက္ၿမိဳက္ ၿမိဳက္ ေရာက္လာၾကၿပီျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ ကိုယ့္ရဲ႕ ႏိုင္ငံလက္ေ႐ြးစင္ အသင္းကို လိုက္ပါအားေပးတဲ့

ပရိသတ္ေတြ ရွိၾကသလို တခ်ိဳ႕ကေတာ့ ေဘာ လုံးပြဲ ၾကည့္ေနရရင္ကိုပဲ ေက်နပ္ေနတဲ့အတြက္ ပြဲၾကည့္ပရိသတ္ သက္သက္ လာလုပ္တဲ့ပရိသတ္ေတြလည္း ဒုနဲ႔ေဒးပါ။

အိမ္ရွင္ႏိုင္ငံဆီကို အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ ေရာက္လာၾကတဲ့ ပရိသတ္ေတြမွာလည္း ခ်န္ပီယံျဖစ္မယ့္ အသင္း နဲ႔ ပတ္သက္ၿပီး ထင္ျမင္ယူဆခ်က္က အမ်ိဳးမ်ိဳး ရွိၾကပါတယ္။

ဒါေပမဲ့ အမ်ားစု ကေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မႉး ၃ ေယာက္ျဖစ္တဲ့ မက္ဆီ၊ အမ္ဘာပီ၊ ေနမာတို႔ဟာ ဒီၿပိဳင္ပြဲရဲ႕ အဓိက ဇာတ္ေကာင္ေတြ ျဖစ္လာလိမ့္ မယ္လို႔ ေျပာဆိုေနၾကပါတယ္။

ပဲရစ္မွာ တစ္သင္းတည္း အတူကစားၿပီး အတြဲ အဖက္မိလြန္းတဲ့ ဂိုးေတြ သြင္းခဲ့ၾကေပမဲ့ လက္ရွိမွာေတာ့ ဒီကစားသမား ၃ ေယာက္ဟာ ၿပိဳင္ဘက္ေတြအျဖစ္ ျပန္လည္ ရင္ဆိုင္ၾကရေတာ့မွာပါ။

ေနာက္ ၿပီး အဲဒီ ကစားသမား ၃ ေယာက္စလုံး ကိုယ္စားျပဳတဲ့ အာဂ်င္တီးနား၊ ဘရာ ဇီးနဲ႔ လက္ရွိခ်န္ပီယံ ျပင္သစ္တို႔ဟာဆိုရင္လည္း ဒီၿပိဳင္ပြဲႀကီးမွာ ဗိုလ္စြဲဖို႔ ေရ ပန္းအစားဆုံး အသင္းေတြ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ ဒီကစားသမားေတြနဲ႔ ပတ္သက္ၿပီး မတူကြဲျပားတဲ့ အျမင္မ်ိဳးေတြ ရွိေနတဲ့ ပရိသတ္ေတြရဲ႕ ရန္ခုန္ သံေတြဟာလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ‘’မက္ဆီက အေကာင္း ဆုံးပါ။

လက္ရွိ အာဂ်င္တီးနားအသင္း ကစားေနပုံကို ကြၽန္ေတာ္တို႔ ခိုက္ေန တာျဖစ္ၿပီး မက္ဆီတို႔က အေကာင္းဆုံး အသင္းပဲ’’ လို႔ ကာလာရာျပည္နယ္ ကေနၿပီး လာေရာက္ၾကည့္ရႈတဲ့

ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း ဝန္ထမ္း တစ္ ေယာက္က AFP သတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္း ေဒသ ႏိုင္ငံတစ္ခုျဖစ္တဲ့ ယူေအအီးကေနၿပီး ကာတာဆီကို ခရီးႏွင္လာတဲ့ စား

ေသာက္ဆိုင္ပိုင္ရွင္ ပရိသတ္ တစ္ေယာက္ကေတာ့ ‘’ျပင္သစ္ကိုပဲ အားေပး မွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က လက္ရွိခ်န္ပီယံေလ။ ေနာက္ၿပီး အမ္ ဘာပီေပါ့။ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက

သူလုပ္ျပခဲ့သလိုမ်ိဳး အခုလည္း ပဲ လုပ္ျပႏိုင္ဦးမယ္လို႔ ထင္ပါတယ္’’ လို႔ ေျပာဆိုသြားခဲ့ပါတယ္။ တတိယ တစ္ေယာက္ကေတာ့ ေနမာပါဝင္ေနတဲ့ ဘရာဇီးရဲ႕ စုဖြဲ႕မႈကို

ႀကိဳက္ၿပီး ဆမ္ ဘာေတြပဲ ခ်န္ပီယံျဖစ္သြားလိမ့္မယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။