ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲလာရောက်အားပေးနေတဲ့ ဝေးလ်ပရိသတ်တစ်ဦး 6သဆုံး
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်အသင်းကို ကာတာနိုင်ငံအထိလိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။ ကယ်ဗင်ဒေးဗီးစ်ဆိုသူဟာ သူ့ရဲ့သားနဲ့အတူ
ကာတာကိုသွားရောက်ခဲ့ပြီးနောက်6-သဆုံးခဲ့တာဖြစ်တယ်လို့ ဝေးလ်ဘောလုံးအဖွဲ့ချုပ် (FAW) ကအတည်ပြုပေးခဲ့ပြီး ကျန်တဲ့မိသားစုဝင်တွေကိုအသိပေးထားခဲ့ပါတယ်။
“ကံမကောင်းစွာနဲ့ပဲ မနေ့က ကာတာနိုင်ငံမှာတံတိုင်းနီတစ်ခုဆုံးရှုံးခဲ့ရပါတယ်။ ကျန်တဲ့မိသားစုဝင်တွေနဲ့ ဒိုဟာမှာရှိနေတဲ့ သူ့ရဲ့သားဖြစ်သူအတွက် အလွန်ဝမ်းနည်းကြောင်းပေးပို့ချင်ပါတယ်။
အေးချမ်းစွာအနားယူနိုင်ပါစေ” လို့ ဝေးလ်ထောက်ခံသူများအဖွဲ့ Fan Embassy Wales ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဝေးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကိုယ်ပိုင်ထုတ်ပြန်ချက်မှာတော့ “ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဘက်က
အားလုံးအတွက်အလေးအနက်ထားဝမ်းနည်းပါတယ်။ ကျွန်တော်တို့ရဲ့အတွေးတွေဟာ ကယ်ဗင်ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူထပ်တူဝမ်းနည်းမိပါတယ်။ ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဘက်က
တတ်နိုင်သမျှကူညီပေးဖို့အတွက် သူ့မိသားစုဝင်တွေကိုဆက်သွယ်ထားပါတယ်” လို့ပါရှိခဲ့ပါတယ်။ ဝေးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်အရာရှိချုပ်နိုရယ်မိုနေးက “ထောက်ခံအားပေးသူ
ကွယ်လွန်သွားတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ကြေကွဲမှုတွေဟာ သူ့ရဲ့မိသားစုထံကိုသွားပြီး တတ်နိုင်သလောက်ကူညီဖေးမဖို့အတွက် ရှိနေပါတယ်” လို့ တွစ်တာကနေရေးသားခဲ့ပါတယ်။
ဝေးလ်နိုင်ငံ ပမ်ဘရုတ်ရှိုင်းယားနယ်သားဖြစ်တဲ့ အသက် ၆၂နှစ်အရွယ် ကယ်ဗင်ဒေးဗီးစ်ဟာ သားဖြစ်သူအပါအဝင် သူငယ်ချင်းတွေနဲ့အတူ ဒိုဟာမှာရှိစဉ်အတွင်း6-သဆုံးခဲ့တာဖြစ်တယ်။
(Zawgyi)