ကာတာနိုင်ငံဆီ သွားမယ့်လေယာဉ်ပေါ်ကို အဲရစ်ဆင် စီးနင်းလိုက်ပါခွင့် ရမှာလား

မန်ယူကွင်းလယ်လူ အဲရစ်ဆင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဒိန်းမတ် လက်ရွေးစင်အသင်း ပဏာမ လူစာရင်းမှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ရှိနေပြီး နှလုံးအမောဖောက်တဲ့ ရောဂါ အခံရှိထားသလို နှလုံးကျန်းမာရေးအတွက် စက်ကိရိယာ အကူအညီယူနေရသူဖြစ်ပေမဲ့

ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်ကတော့ အဲရစ်ဆင်ကို ပဏာမ လူစာရင်းထဲမှာ ထည့်သွင်း ထားလိုက်ပါတယ်။ မန်ယူနဲ့အတူ ပြသနေတဲ့ ခြေစွမ်းတွေကို

ထည့်တွက်ခဲ့ တာကြောင့်ဖြစ်ပြီး အဆင်ပြေနိုင်တဲ့ အခြေအနေမျိုးရှိတယ်ဆိုရင်တော့ ဒိန်း မတ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အပြီးသတ် လူစာရင်းမှာ

မန်ယူကွင်းလယ်လူကို တွေ့မြင်ရဖို့ ရှိနေပြီဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲစဉ် ကို နိုဝင်ဘာ ၂၂ ရက်နေ့ရောက်ရင် တူနီးရှားနဲ့

ကစားရမှာ ဖြစ်ပါတယ်။ အပြီးသတ် လူစာရင်းကိုတော့ နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဆီကို ပေးပို့ရမှာ

ဖြစ်သလို ပြိုင်ပွဲမစခင် ၆ ရက် အကြာမှ အပြီးသတ် ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲရစ်ဆင်နဲ့ ကျန်းမာရေး အခြေ အနေကြောင့် ယတိပြတ် ပြောလို့ရနိုင်တာမျိုး မရှိပေမဲ့

ဘာမဆို ဖြစ်လာနိုင် တယ်လို့ ဒိန်းမတ်လက်ရွေးစင်နည်းပြ ကက်စပါက ဆိုပါတယ်။ ‘’ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါက ဖြေရှင်းလို့ မရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။

ဒါပေမဲ့ သင့်တင့်လျောက်ပတ်အောင်တော့ လုပ်ရမှာပေါ့။ ကျွန်တော်တို့ရဲ့ ကစား သမားတွေအားလုံး ကလပ်အသင်းတွေနဲ့အတူ ကစားဖို့က ၂ ပွဲ ကျန်နေသေးတယ်။

အရာအားလုံးက လွယ်လွယ်ကူကူနဲ့ ပြောင်းလဲသွားနိုင်တာမျိုးပါ။ လက်ရွေးစင်အသင်း နောက်ဆုံး လစ်လပ် ၅ နေရာအတွက် ပြိုင်ဆိုင်နေရတဲ့ ကစားသမားတွေက ၁၂ ယောက်၊ ၁၃ ယောက်လောက် ရှိနေတယ်’’ လို့

ကက်စ်ပါက ဘီဘီစီကို ပြောဆိုသွားခဲ့ပါတယ်။ ဒိန်းမတ်လက်ရွေးစင်အသင်း နဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်တစ်ကြိမ် ပြန်ပြီး ကစားခွင့်ရချင် တယ်လို့

အဲရစ်ဆင်က ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ထုတ်ပြောထားပြီး လက်ရှိမန်ယူ အသင်းနဲ့အတူ အံဝင်နေတဲ့ ခြေစွမ်းက ကာတာနိုင်ငံဆီကို အရောက်လှမ်းနိုင် မလားဆိုတာကတော့

လာမယ့် သီတင်းပတ်အတွင်းမှာ တိကျတဲ့ အဖြေ ထုတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

(Zawgyi)

ကာတာႏိုင္ငံဆီ သြားမယ့္ေလယာဥ္ေပၚကို အဲရစ္ဆင္ စီးနင္းလိုက္ပါခြင့္ ရမွာလား

မန္ယူကြင္းလယ္လူ အဲရစ္ဆင္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ ဒိန္းမတ္ လက္ေ႐ြးစင္အသင္း ပဏာမ လူစာရင္းမွာ ပါဝင္လာခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ရွိေနၿပီး ႏွလုံးအေမာေဖာက္တဲ့ ေရာဂါ အခံရွိထားသလို ႏွလုံး က်န္းမာေရးအတြက္ စက္ကိရိယာ အကူအညီယူေနရသူျဖစ္ေပမဲ့ ဒိန္းမတ္ ေဘာလုံး

အဖြဲ႕ခ်ဳပ္ကေတာ့ အဲရစ္ဆင္ကို ပဏာမ လူစာရင္းထဲမွာ ထည့္သြင္း ထားလိုက္ပါတယ္။ မန္ယူနဲ႔အတူ ျပသေနတဲ့ ေျခစြမ္းေတြကို ထည့္တြက္ခဲ့ တာေၾကာင့္ျဖစ္ၿပီး

အဆင္ေျပႏိုင္တဲ့ အေျခအေနမ်ိဳးရွိတယ္ဆိုရင္ေတာ့ ဒိန္း မတ္ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အၿပီးသတ္ လူစာရင္းမွာ မန္ယူကြင္းလယ္လူကို ေတြ႕ျမင္ရဖို႔ ရွိေနၿပီျဖစ္ပါတယ္။

ဒိန္းမတ္ဟာ ကမာၻ႔ဖလား အုပ္စု အဖြင့္ပြဲစဥ္ ကို ႏိုဝင္ဘာ ၂၂ ရက္ေန႔ေရာက္ရင္ တူနီးရွားနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ အၿပီးသတ္ လူစာရင္းကိုေတာ့ ႏိုဝင္ဘာ ၁၃ ရက္

ေနာက္ဆုံးထားၿပီး ကမာၻ႔ ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ) ဆီကို ေပးပို႔ရမွာ ျဖစ္သလို ၿပိဳင္ပြဲမစခင္ ၆ ရက္ အၾကာမွ အၿပီးသတ္ ေပးပို႔ရမွာ ျဖစ္ပါတယ္။

အဲရစ္ဆင္နဲ႔ က်န္းမာေရး အေျခ အေနေၾကာင့္ ယတိျပတ္ ေျပာလို႔ရႏိုင္တာမ်ိဳး မရွိေပမဲ့ ဘာမဆို ျဖစ္လာႏိုင္ တယ္လို႔ ဒိန္းမတ္လက္ေ႐ြးစင္နည္းျပ ကက္စပါက ဆိုပါတယ္။

‘’ဘာမဆို ျဖစ္လာႏိုင္ပါတယ္။ ဒါက ေျဖရွင္းလို႔ မရတဲ့ ကိစၥမ်ိဳးမွ မဟုတ္တာ။ ဒါေပမဲ့ သင့္တင့္ေလ်ာက္ပတ္ေအာင္ေတာ့ လုပ္ရမွာေပါ့။ ကြၽန္ေတာ္တို႔ရဲ႕ ကစား

သမားေတြအားလုံး ကလပ္အသင္းေတြနဲ႔အတူ ကစားဖို႔က ၂ ပြဲ က်န္ေနေသး တယ္။ အရာအားလုံးက လြယ္လြယ္ကူကူနဲ႔ ေျပာင္းလဲသြားႏိုင္တာမ်ိဳးပါ။ လက္ေ႐ြးစင္အသင္း

ေနာက္ဆုံး လစ္လပ္ ၅ ေနရာအတြက္ ၿပိဳင္ဆိုင္ေနရတဲ့ ကစားသမားေတြက ၁၂ ေယာက္၊ ၁၃ ေယာက္ေလာက္ ရွိေနတယ္’’ လို႔ ကက္စ္ပါက ဘီဘီစီကို ေျပာဆိုသြားခဲ့ပါတယ္။

ဒိန္းမတ္လက္ေ႐ြးစင္အသင္း နဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေနာက္တစ္ႀကိမ္ ျပန္ၿပီး ကစားခြင့္ရခ်င္ တယ္လို႔ အဲရစ္ဆင္က ၿပီးခဲ့တဲ့ ဇန္နဝါရီလမွ ထုတ္ေျပာထားၿပီး

လက္ရွိမန္ယူ အသင္းနဲ႔အတူ အံဝင္ေနတဲ့ ေျခစြမ္းက ကာတာႏိုင္ငံဆီကို အေရာက္လွမ္းႏိုင္ မလားဆိုတာကေတာ့ လာမယ့္ သီတင္းပတ္အတြင္းမွာ တိက်တဲ့ အေျဖ ထုတ္ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။