
အပြောင်းအရွှေ့မာစတာတစ်ယောက်ဖြစ်တဲ့ အီတလီနာမည်ကျော်ဂျာနယ်လစ်





ရိုမာနိုက ကာတာအုပ်စုဟာ ယူနိုက်တက်ကိုအမှန်တကယ်စိတ်ဝင်စားနေတာ
ဖြစ်တယ်လို့ အသိပေးလာပါတယ်။ ဂလေဇာတွေဟာ နိုဝင်ဘာလအတွင်းမှာ





“ဗျူဟာမြောက် အခြားရွေးချယ်စရာများ” ကို ရှာဖွေနေခြင်းကို
ကြေညာခြင်းနဲ့အတူ အသင်းကိုအရောင်းစာရင်းတင်ခဲ့ပြီး မတ်လကုန်
နောက်ဆုံးထားကာ ဝယ်လက်ရှာဖွေသွားမှာဖြစ်တယ်။





အစောပိုင်းမှာတော့ Ineos ပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်
တစ်ယောက်သာ အိုးလ်ထရက်ဖို့ဒ်ကိုလေလံဆွဲခြင်းကိုလူသိရှင်ကြား





ကြေညာတဲ့ တစ်ယောက်တည်းသောသူအဖြစ်ရှိနေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဥရောပလုပ်ငန်းစုတွေ၊ အမေရိကန်အကျိုးတူ
ရင်းနှီးမြုပ်နှံသူတွေနဲ့ ရေနံကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းအုပ်စုတွေက





စိတ်ဝင်စားမှုပြလာကြတာဖြစ်တယ်။ ကိုယ်ပိုင် Youtube ချန်နယ်ကတစ်ဆင့်
ရိုမာနိုက “ကာတာရင်းနှီးမြုပ်နှံသူတွေဘက်က စိတ်ဝင်စားမှုရှိတယ်ဆိုတာ





အမှန်ပါပဲ။ သူတို့က ဒီလုပ်ငန်းစဉ်မှာကြားခံထားပြီး ဂလေဇာမိသားစုဆီကို
ဂရုတစိုက်ချဉ်းကပ် စူးစမ်းနေကြတယ်။ လက်ရှိမှာတော့
အကဲဖြတ်တုန်းရှိပါသေးတယ်” လို့ အသိပေးခဲ့ပါတယ်။





Sky Sports ရဲ့အဆိုအရ ယူနိုက်တက်အသင်းအရောင်းအဝယ်ကို
ကိုင်တွယ်ထားတဲ့ Raine Group ဟာ ကာတာရင်းနှီးမြုပ်နှံသူတွေဘက်ကို





အဆက်အသွယ်လုပ်ထားတယ်လို့သိရပါတယ်။ အသင်းပိုင်ရှင်
အပြောင်းအလဲမှာပြဿနာတစ်ရပ်ဖြစ်နေတာကတော့ ဂလေဇာမိသားစုရဲ့
လိုချင်ရမက်ဇောပါပဲ။ နယူးယော့စတော့အိတ်ချိန်းမှာ ယူနိုက်တက်အသင်းရဲ့





တန်ဖိုးက ပေါင် ၃.၂ ဘီလီယံသာတန်ကြေးရှိပေမဲ့ ဂလေဇာတွေဘက်က
အားကစားအသင်းတစ်သင်းအတွက်ကမ္ဘာ့စံချိန်တင်ကြေးအဖြစ်





ပေါင် ၆ ဘီလီယံအထိ အလိုရှိနေတာဖြစ်တယ်။ သတင်းတွေအရတော့
ကာတာတော်ဝင်မိသားစုနဲ့အဆက်အသွယ်ရှိတဲ့လုပ်ငန်းစုဘက်ကလည်း
ယူနိုက်တက်ကို လက်လွှဲယူမယ့်အစီအစဉ်မှာ လိုတာထက်ပိုပေးဖို့ဆန္ဒမရှိဘူးလို့ သိရပါတယ်။





zawgyi
ကာတာေတာ္ဝင္မိသားစုနဲ႔ခ်ိတ္ဆက္ထားတဲ့ ပုဂၢလိကရင္းႏွီးျမဳပ္ႏွံသူေတြက ယူႏိုက္တက္ကိုတကယ္စိတ္ဝင္စားေနတယ္လို႔ ႐ိုမာႏို အသိေပးလာ





အေျပာင္းအေ႐ႊ႕မာစတာတစ္ေယာက္ျဖစ္တဲ့ အီတလီနာမည္ေက်ာ္ဂ်ာနယ္လစ္
႐ိုမာႏိုက ကာတာအုပ္စုဟာ ယူႏိုက္တက္ကိုအမွန္တကယ္စိတ္ဝင္စားေနတာ
ျဖစ္တယ္လို႔ အသိေပးလာပါတယ္။ ဂေလဇာေတြဟာ ႏိုဝင္ဘာလအတြင္းမွာ





“ဗ်ဴဟာေျမာက္ အျခားေ႐ြးခ်ယ္စရာမ်ား” ကို ရွာေဖြေနျခင္းကို
ေၾကညာျခင္းနဲ႔အတူ အသင္းကိုအေရာင္းစာရင္းတင္ခဲ့ၿပီး မတ္လကုန္





ေနာက္ဆုံးထားကာ ဝယ္လက္ရွာေဖြသြားမွာျဖစ္တယ္။
အေစာပိုင္းမွာေတာ့ Ineos ပိုင္ရွင္ျဖစ္တဲ့ ဆာဂ်င္မ္ရက္ကလစ္ဖ္
တစ္ေယာက္သာ အိုးလ္ထရက္ဖို႔ဒ္ကိုေလလံဆြဲျခင္းကိုလူသိရွင္ၾကား





ေၾကညာတဲ့ တစ္ေယာက္တည္းေသာသူအျဖစ္ရွိေနခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ဥေရာပလုပ္ငန္းစုေတြ၊ အေမရိကန္အက်ိဳးတူ





ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႔ ေရနံႂကြယ္ဝတဲ့ အေရွ႕အလယ္ပိုင္းအုပ္စုေတြက
စိတ္ဝင္စားမႈျပလာၾကတာျဖစ္တယ္။ ကိုယ္ပိုင္ Youtube ခ်န္နယ္ကတစ္ဆင့္
႐ိုမာႏိုက “ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဘက္က စိတ္ဝင္စားမႈရွိတယ္ဆိုတာ





အမွန္ပါပဲ။ သူတို႔က ဒီလုပ္ငန္းစဥ္မွာၾကားခံထားၿပီး ဂေလဇာမိသားစုဆီကို
ဂ႐ုတစိုက္ခ်ဥ္းကပ္ စူးစမ္းေနၾကတယ္။ လက္ရွိမွာေတာ့





အကဲျဖတ္တုန္းရွိပါေသးတယ္” လို႔ အသိေပးခဲ့ပါတယ္။
Sky Sports ရဲ႕အဆိုအရ ယူႏိုက္တက္အသင္းအေရာင္းအဝယ္ကို
ကိုင္တြယ္ထားတဲ့ Raine Group ဟာ ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဘက္ကို





အဆက္အသြယ္လုပ္ထားတယ္လို႔သိရပါတယ္။ အသင္းပိုင္ရွင္
အေျပာင္းအလဲမွာျပႆနာတစ္ရပ္ျဖစ္ေနတာကေတာ့ ဂေလဇာမိသားစုရဲ႕





လိုခ်င္ရမက္ေဇာပါပဲ။ နယူးေယာ့စေတာ့အိတ္ခ်ိန္းမွာ ယူႏိုက္တက္အသင္းရဲ႕
တန္ဖိုးက ေပါင္ ၃.၂ ဘီလီယံသာတန္ေၾကးရွိေပမဲ့ ဂေလဇာေတြဘက္က
အားကစားအသင္းတစ္သင္းအတြက္ကမာၻ႔စံခ်ိန္တင္ေၾကးအျဖစ္





ေပါင္ ၆ ဘီလီယံအထိ အလိုရွိေနတာျဖစ္တယ္။ သတင္းေတြအရေတာ့
ကာတာေတာ္ဝင္မိသားစုနဲ႔အဆက္အသြယ္ရွိတဲ့လုပ္ငန္းစုဘက္ကလည္း





ယူႏိုက္တက္ကို လက္လႊဲယူမယ့္အစီအစဥ္မွာ လိုတာထက္ပိုေပးဖို႔ဆႏၵမရွိဘူးလို႔ သိရပါတယ္။