ကာတာတက္ကသိုလ်ဝန်းထဲမှာ စောင့်ဆိုင်းနေတဲ့ ဂျာနယ်လစ် ၄၀၀ လောက်ကိုမျက်လှည့်ပြခဲ့တဲ့ မက်ဆီ

သောကြာနေ့အတွင်းပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားအသင်း လေ့ကျင့်ရေးအစီအစဉ်စတင်မှုမှာ မက်ဆီမပါဝင်ခဲ့တဲ့နောက် စိုးရိမ်ပူပန်မှုတွေမြင့်တက်ခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့သတင်းထောက်တွေဟာ အာဂျင်တီးနားအသင်း လေ့ကျင့်ရေးအခြေစိုက်ရာ ကာတာတက္ကသိုလ်ထဲမှာ လာရောက်စုဝေးခဲ့ကြတဲ့အချိန်မှာတော့ GOAT ကြီးက gym

ခန်းမထဲမှာအထူးလေ့ကျင့်ရေးတွေပြုလုပ်နေခဲ့ပြီး အသင်းလိုက်လုပ်ဆောင်ချက်တွေမှာမပါဝင်ခဲ့ပါဘူး။ ယူအေအီးနဲ့ခြေစမ်းပွဲစဉ်အပြီးမှာ မက်ဆီရဲ့ဒဏ်ရာအခြေအနေနဲ့

ပတ်သတ်လို့မျိုးစုံထင်ကြေးပေးခဲ့ကြပြီး သူ့အနေအထားကအနည်းငယ်တောင်အမှားအယွင်းမခံတဲ့ပုံစံလို့ယူဆနေကြပါတယ်။ ဒီလိုအချိန်မှာ အသင်းလိုက်လေ့ကျင့်ရေးထဲမပါဝင်ခဲ့တာကြောင့်

မီဒီယာတွေအားလုံးထိတ်လန့်ခဲ့ကြတာဖြစ်တယ်။ နောက်ပိုင်းမှာတော့ အာဂျင်တီးနားသတင်းစာ Olé က ပီအက်စ်ဂျီစူပါစတားဟာ gym ခန်းမထဲရှိနေပြီး

နောက်တော့မှ အသင်းဖော်တွေနဲ့ပူးပေါင်းသွားတာမျိုး ဖြစ်တယ်လို့ရှင်းလင်းခဲ့ပါတယ်။ စကာလိုနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာတက္ကသိုလ်မှာအခြေစိုက်ထဲ့တာဖြစ်ပြီး

ကစားသမား ၁၄ဦး၊ ဂိုးသမား ၃ဦးနဲ့အတူလေ့ကျင့်ရေးတွေ စတင်ခဲ့တာဖြစ်တယ်။ လော်တာရိုမာတီနက်ဇ်၊ ပါပူဂိုမက်ဇ်နဲ့ ဒိုင်ဘာလာတို့ ဒဏ်ရာပြဿနာရှိနေပြီး မက်ဆီအတွက်

အကောင်းဆုံးအဖြေရှာနိုင်လိမ့်မယ်လို့ စကာလိုနီကယူဆထားပါတယ်။ အင်္ဂလန်ရဲ့ထာဝရသွင်းဂိုးအများဆုံး ဝိန်းရွန်နေးကလည်း မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ

ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ “၂၀၁၈ နဲ့မတူတော့သလို သူတို့မှာ မက်ဆီ၊ လော်တာရို၊ ပါရီဒက်စ်၊ ဒီပေါလ်နဲ့ ဒီမာရီယာတို့ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်မှာ

ကိုပါအမေရိကချန်ပီယံဖြစ်ခဲ့တာက သူတို့ကိုယုံကြည်မှု တိုးစေမှာဖြစ်သလို ရာသီဥတုကလည်း သူတို့နဲ့အံကိုက်ပါပဲ” လို့ The Times သတင်းစာကိုပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ကာတာတကၠသိုလ္ဝန္းထဲမွာ ေစာင့္ဆိုင္းေနတဲ့ ဂ်ာနယ္လစ္ ၄၀၀ ေလာက္ကိုမ်က္လွည့္ျပခဲ့တဲ့ မက္ဆီ

ေသာၾကာေန႔အတြင္းျပဳလုပ္ခဲ့တဲ့ အာဂ်င္တီးနားအသင္းေလ့က်င့္ေရးအစီအစဥ္စတင္မႈမွာ မက္ဆီမပါဝင္ခဲ့တဲ့ေနာက္ စိုးရိမ္ပူပန္မႈေတြျမင့္တက္ခဲ့ၾကပါတယ္။ ရာနဲ႔ခ်ီတဲ့သတင္းေထာက္ေတြဟာ

အာဂ်င္တီးနားအသင္းေလ့က်င့္ေရးအေျခစိုက္ရာ ကာတာတကၠသိုလ္ထဲမွာလာေရာက္စုေဝးခဲ့ၾကတဲ့အခ်ိန္မွာေတာ့ GOAT ႀကီးက gym ခန္းမထဲမွာအထူးေလ့က်င့္ေရးေတြျပဳလုပ္ေနခဲ့ၿပီး

အသင္းလိုက္လုပ္ေဆာင္ခ်က္ေတြမွာမပါဝင္ခဲ့ပါဘူး။ ယူေအအီးနဲ႔ေျခစမ္းပြဲစဥ္အၿပီးမွာ မက္ဆီရဲ႕ဒဏ္ရာအေျခအေနနဲ႔ပတ္သတ္လို႔မ်ိဳးစုံထင္ေၾကးေပးခဲ့ၾကၿပီး

သူ႔အေနအထားကအနည္းငယ္ေတာင္အမွားအယြင္းမခံတဲ့ပုံစံလို႔ယူဆေနၾကပါတယ္။ ဒီလိုအခ်ိန္မွာ အသင္းလိုက္ေလ့က်င့္ေရးထဲမပါဝင္ခဲ့တာေၾကာင့္

မီဒီယာေတြအားလုံးထိတ္လန႔္ခဲ့ၾကတာျဖစ္တယ္။ ေနာက္ပိုင္းမွာေတာ့ အာဂ်င္တီးနားသတင္းစာ Olé က ပီအက္စ္ဂ်ီစူပါစတားဟာ gym ခန္းမထဲရွိေနၿပီး ေနာက္ေတာ့မွအသင္းေဖာ္ေတြနဲ႔

ပူးေပါင္းသြားတာမ်ိဳးျဖစ္တယ္လို႔ရွင္းလင္းခဲ့ပါတယ္။ စကာလိုနီအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကာတာတကၠသိုလ္မွာအေျခစိုက္ထဲ့တာျဖစ္ၿပီး ကစားသမား ၁၄ဦး၊ ဂိုးသမား ၃ဦးနဲ႔

အတူေလ့က်င့္ေရးေတြစတင္ခဲ့တာျဖစ္တယ္။ ေလာ္တာ႐ိုမာတီနက္ဇ္၊ ပါပူဂိုမက္ဇ္နဲ႔ ဒိုင္ဘာလာတို႔ ဒဏ္ရာျပႆနာရွိေနၿပီး မက္ဆီအတြက္အေကာင္းဆုံးအေျဖရွာႏိုင္လိမ့္မယ္လို႔ စကာလိုနီကယူဆထားပါတယ္။

အဂၤလန္ရဲ႕ထာဝရသြင္းဂိုးအမ်ားဆုံး ဝိန္း႐ြန္ေနးကလည္း မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းဟာဗိုလ္စြဲဖို႔အတြက္ေရပန္းအစားဆုံးျဖစ္တယ္လို႔ ဆိုထားပါတယ္။ “၂၀၁၈ နဲ႔မတူေတာ့သလို

သူတို႔မွာ မက္ဆီ၊ ေလာ္တာ႐ို၊ ပါရီဒက္စ္၊ ဒီေပါလ္နဲ႔ ဒီမာရီယာတို႔ရွိေနတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ကိုပါအေမရိကခ်န္ပီယံျဖစ္ခဲ့တာက သူတို႔ကိုယုံၾကည္မႈတိုးေစမွာျဖစ္သလို ရာသီဥတုကလည္း

သူတို႔နဲ႔အံကိုက္ပါပဲ” လို႔ The Times သတင္းစာကိုေျပာဆိုသြားခဲ့ပါတယ္။