





အာဆင်နယ်နောက်ခံလူဘန်ဝှိုက်ဟာ လက်ထောက်နည်းပြစတိဗ်
ဟော်လန်နဲ့ပြဿနာတက်ပြီးနောက် အင်္ဂလန်အသင်းလူစာရင်းက





နှုတ်ထွက်သွားခဲ့တာဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ဘန်ဝှိုက်ဟာ ကိုယ်ရေးကိုယ်တာ
ကိစ္စကြောင့်အိမ်ပြန်သွားခဲ့တာဖြစ်တယ်လို့ အသိပေးထားတာဖြစ်တယ်။





Daily Star သတင်းစာရဲ့ဖော်ပြချက်အရတော့ ဘန်ဝှိုက်ဟာ
လက်ထောက်နည်းပြစတိဗ်ဟော်လန်နဲ့ပြဿနာမတက်ခင်ကတည်းက





အင်္ဂလန်အသင်းလေ့ကျင့်ရေးမှာ စိတ်ပျက်စရာတွေကြုံခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မတိုင်မှာ ဘန်ဝှိုက်နဲ့ ဟော်လန်တို့ကြား
အချေအတင်ဖြစ်ခဲ့ပြီး လက်ထောက်နည်းပြဟာ ကစားသမားရဲ့





အမြင်နဲ့ပတ်သတ်လို့ဒေါသထွက်ခဲ့ပါတယ်။ ဘန်ဝှိုက်ဟာ လိုင်ယွန်နဲ့
ခြေစမ်းခရီးစဉ်အဖြစ် ဒူဘိုင်းကိုသွားရောက်ခဲ့တဲ့ အာဆင်နယ်အသင်း





လူစာရင်းမှာလည်းမပါဝင်ခဲ့ပါဘူး။ လိုင်ယွန်နဲ့ပွဲအပြီးမှာတော့
အာဆင်နယ်နည်းပြအာတီတာက ကမ္ဘာ့ဖလားကြယ်ပွင့်တွေရဲ့
စိတ်ပိုင်းဆိုင်ရာကိုအကဲဖြတ်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။





“ပထမဆုံးအနေနဲ့ ပြိုင်ပွဲအပြီးမှာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့
ရုပ်ပိုင်းဆိုင်ရာတွေကို အကဲဖြတ်သွားမှာပါ။ တစ်ချို့သော





ကစားသမားတွေဟာ ရလဒ်အတွက်စိတ်ပျက်နေကြတုန်းပါပဲ။
သူတို့နဲ့အတူပြန်လည်စတင်ဖို့အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း
တတ်နိုင်သမျှပြန်ရအောင်ကြိုးစားသွားမှာပါ” လို့ အသိပေးခဲ့တာဖြစ်တယ်။





zawgyi





ကာတာခရီးစဥ္မွာ လက္ေထာက္နည္းျပစတိဗ္ေဟာ္လန္နဲ႔ကြိဳင္တက္ၿပီး ဘန္ဝႈိက္အိမ္ျပန္ခဲ့ရတာျဖစ္တယ္လို႔ သတင္းထြက္လာ
အာဆင္နယ္ေနာက္ခံလူဘန္ဝႈိက္ဟာ လက္ေထာက္နည္းျပစတိဗ္
ေဟာ္လန္နဲ႔ျပႆနာတက္ၿပီးေနာက္ အဂၤလန္အသင္းလူစာရင္းက





ႏႈတ္ထြက္သြားခဲ့တာျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္ကေတာ့ ဘန္ဝႈိက္ဟာ ကိုယ္ေရးကိုယ္တာ





ကိစၥေၾကာင့္အိမ္ျပန္သြားခဲ့တာျဖစ္တယ္လို႔ အသိေပးထားတာျဖစ္တယ္။
Daily Star သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ ဘန္ဝႈိက္ဟာ
လက္ေထာက္နည္းျပစတိဗ္ေဟာ္လန္နဲ႔ျပႆနာမတက္ခင္ကတည္းက





အဂၤလန္အသင္းေလ့က်င့္ေရးမွာ စိတ္ပ်က္စရာေတြႀကဳံခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မတိုင္မွာ ဘန္ဝႈိက္နဲ႔ ေဟာ္လန္တို႔ၾကား





အေခ်အတင္ျဖစ္ခဲ့ၿပီး လက္ေထာက္နည္းျပဟာ ကစားသမားရဲ႕
အျမင္နဲ႔ပတ္သတ္လို႔ေဒါသထြက္ခဲ့ပါတယ္။ ဘန္ဝႈိက္ဟာ လိုင္ယြန္နဲ႔
ေျခစမ္းခရီးစဥ္အျဖစ္ ဒူဘိုင္းကိုသြားေရာက္ခဲ့တဲ့ အာဆင္နယ္အသင္း





လူစာရင္းမွာလည္းမပါဝင္ခဲ့ပါဘူး။ လိုင္ယြန္နဲ႔ပြဲအၿပီးမွာေတာ့
အာဆင္နယ္နည္းျပအာတီတာက ကမာၻ႔ဖလားၾကယ္ပြင့္ေတြရဲ႕





စိတ္ပိုင္းဆိုင္ရာကိုအကဲျဖတ္သြားမွာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။
“ပထမဆုံးအေနနဲ႔ ၿပိဳင္ပြဲအၿပီးမွာ သူတို႔ရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔
႐ုပ္ပိုင္းဆိုင္ရာေတြကို အကဲျဖတ္သြားမွာပါ။ တစ္ခ်ိဳ႕ေသာ





ကစားသမားေတြဟာ ရလဒ္အတြက္စိတ္ပ်က္ေနၾကတုန္းပါပဲ။
သူတို႔နဲ႔အတူျပန္လည္စတင္ဖို႔အတြက္ လုပ္႐ိုးလုပ္စဥ္အတိုင္း





တတ္ႏိုင္သမွ်ျပန္ရေအာင္ႀကိဳးစားသြားမွာပါ” လို႔ အသိေပးခဲ့တာျဖစ္တယ္။