ကာတာကို အိမ်ရှင်ဖြစ်ခွင့်ပေးခဲ့တာ မှားတယ်လို့ ဘလတ္တာကြီး ဝန်ခံပြီ

ကာတာနိုင်ငံကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရွေးချယ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အမှားတစ်ခုဖြစ်ခဲ့တယ်လို့ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။

ကာတာကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာ ဘလတ္တာဟာ ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူ နေခဲ့သူဖြစ်ပြီး လိင်တူချစ်တင်းနှောမှုကို ရာဇဝတ်မှုအဖြစ်

သတ်မှတ်ထားတဲ့ကာ တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတာကြောင့် ဝေဖန်ခံ နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ‘’အဲဒီနိုင်ငံလေးက သေးသေးလေးပါ။

ဘောလုံးနဲ့ ကမ္ဘာ့ဖလားဆိုတာက အဲဒီ ပင်လယ်ကွေ့ နိုင်ငံလေးအတွက်တော့ ကြီးမား လွန်းနေတယ်’’ ဘလတ္တာက ဆွစ်ဇာလန် သတင်းစာတစ်စောင်ကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားသမိုင်းကြောင်းရဲ့ ၉၂ နှစ်တာ ကာလအတွင်းမှာ ကာ တာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပင်လယ်ကွေ့နိုင်ငံငယ်လေးမှာ ပထမဦးဆုံး လက်ခံကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီ

း ဆောင်းရာသီမှာ ပထမဆုံး ကျင်းပတဲ့ ပြိုင်ပွဲလည်း ဖြစ်နေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး အားကစားကွင်းတွေ တည် ဆောက်တဲ့နေရာမှာ

ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံတဲ့ လူ့အခွင့် အရေး မညီမျှမှုတွေကြောင့် ဖီဖာဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကစပြီး အိမ်ရှင် ဖြစ်ခွင့်အတွက် ရွေးချယ်တဲ့

စံနှုန်းတွေကို ချိန်ညှိပြုပြင်ပြောင်းလဲမှုတွေ လုပ် ခဲ့တယ်လို့ ဘလတ္တာက ပြောဆိုခဲ့ပါသေးတယ်။ ‘’အဲဒီကတည်းကစပြီး လူမှုရပ်ဝန်းဆိုင်ရာ အကြောင်းအရာတွေ၊

လူ့အခွင့်အရေး ကိစ္စတွေကိုလည်း ထည့်တွက်ခဲ့တာပါ’’ လို့ ဘလတ္တာက ပြောပါတယ်။ ကာတာနိုင်ငံကို အိမ်ရှင် ဖြစ်ခွင့်အတွက် ရွေးချယ်ခဲ့ရာမှာ အကျင့်ပျက်

ခြစားမှုတွေ ရှိခဲ့တာ ထင်ရှားတဲ့ အတွက် ဘလတ္တာဟာ ၂၀၁၅ ခုနှစ်မှာ ဖီဖာဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားတာ ခံခဲ့ရပါတယ်။ သူနဲ့အတူ ဥရောပ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ

ပလာတီနီလည်း အလားတူ ပါဝင်ခဲ့ပြီး ရာထူးကနေ ဖယ်ရှားတာ ခံခဲ့ရပါတယ်။ အဲဒီနောက် ဒီ နှစ်ယောက်ကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခဲ့ပေမဲ့

သိသာထင်ရှားတဲ့ သက်သေပြနိုင်တာမျိုး မရှိတာကြောင့် အရေးယူခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။

(Zawgyi)

ကာတာကို အိမ္ရွင္ျဖစ္ခြင့္ေပးခဲ့တာ မွားတယ္လို႔ ဘလတၱာႀကီး ဝန္ခံၿပီ

ကာတာႏိုင္ငံကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ ေ႐ြးခ်ယ္ေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္ဟာ အမွားတစ္ခုျဖစ္ခဲ့တယ္လို႔ ဖီဖာဥကၠ႒ေဟာင္း ဆပ္ဘလတၱာက

ထုတ္ေျပာလိုက္ၿပီ ျဖစ္ပါတယ္။ ကာတာကို အိမ္ရွင္အျဖစ္ ေ႐ြးခ်ယ္ခဲ့တဲ့ ၂၀၁၀ ျပည့္ႏွစ္မွာ ဘလတၱာဟာ ဖီဖာဥကၠ႒အျဖစ္ တာဝန္ယူ ေနခဲ့သူျဖစ္ၿပီး

လိင္တူ ခ်စ္တင္းေနွာမွုကုိ ရာဇဝတ္မႈအျဖစ္ သတ္မွတ္ထားတဲ့ကာ တာဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြလည္း ရွိေနတာေၾကာင့္ ေဝဖန္ခံ ေနရတဲ့ ႏိုင္ငံျဖစ္ပါတယ္။

‘’အဲဒီႏိုင္ငံေလးက ေသးေသးေလးပါ။ ေဘာလုံးနဲ႔ ကမာၻ႔ဖလားဆိုတာက အဲဒီ ပင္လယ္ေကြ႕ ႏိုင္ငံေလးအတြက္ေတာ့ ႀကီးမား လြန္းေနတယ္’’

ဘလတၱာက ဆြစ္ဇာလန္ သတင္းစာတစ္ေစာင္ကို ေျပာၾကား ခဲ့ပါတယ္။ ကမာၻ႔ဖလားသမိုင္းေၾကာင္းရဲ႕ ၉၂ ႏွစ္တာ ကာလအတြင္းမွာ

ကာ တာကမာၻ႔ဖလားၿပိဳင္ပြဲဟာ ပင္လယ္ေကြ႕ႏိုင္ငံငယ္ေလးမွာ ပထမဦးဆုံး လက္ ခံက်င္းပတဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ေဆာင္းရာသီမွာ ပထမဆုံး က်င္းပတဲ့ ၿပိဳင္ပြဲလည္း ျဖစ္ေနပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး အားကစားကြင္းေတြ တည္ ေဆာက္တဲ့ေနရာမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ ဆက္ဆံတဲ့ လူ႔အခြင့္ အေရး

မညီမွ်မႈေတြေၾကာင့္ ဖီဖာဟာ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္းကစၿပီး အိမ္ရွင္ ျဖစ္ခြင့္အတြက္ ေ႐ြးခ်ယ္တဲ့ စံႏႈန္းေတြကို ခ်ိန္ညႇိျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ ခဲ့တယ္လို႔

ဘလတၱာက ေျပာဆိုခဲ့ပါေသးတယ္။ ‘’အဲဒီကတည္းကစၿပီး လူမႈရပ္ဝန္းဆိုင္ရာ အေၾကာင္းအရာေတြ၊ လူ႔အခြင့္အေရး ကိစၥေတြကိုလည္း ထည့္တြက္ခဲ့တာပါ’’ လို႔

ဘလတၱာက ေျပာပါတယ္။ ကာတာႏိုင္ငံကို အိမ္ရွင္ ျဖစ္ခြင့္အတြက္ ေ႐ြးခ်ယ္ခဲ့ရာမွာ အက်င့္ပ်က္ ျခစားမႈေတြ ရွိခဲ့တာ ထင္ရွားတဲ့ အတြက္ ဘလတၱာဟာ ၂၀၁၅ ခုႏွစ္မွာ

ဖီဖာဥကၠ႒ရာထူးကေန ဖယ္ရွားတာ ခံခဲ့ရပါတယ္။ သူနဲ႔အတူ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ပလာတီနီလည္း အလားတူ ပါဝင္ခဲ့ၿပီး ရာထူးကေန ဖယ္ရွားတာ ခံခဲ့ရပါတယ္။

အဲဒီေနာက္ ဒီ ႏွစ္ေယာက္ကို အက်င့္ပ်က္ျခစားမႈနဲ႔ စြဲခ်က္တင္ခဲ့ေပမဲ့ သိသာထင္ရွားတဲ့ သက္ေသျပႏိုင္တာမ်ိဳး မရွိတာေၾကာင့္ အေရးယူခဲ့တာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။