





၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ ကာတာဟာ သူတို့နိုင်ငံ လက်ရွေးစင်အသင်းကို ထဲထဲဝင်ဝင် အာပေးဖို့အတွက် မတူညီတဲ့ နိုင်ငံခြား တိုင်းပြည်တွေကနေပြီး ပရိသတ် ၁၅၀၀ ကို
အခကြေးငွေနဲ့ ငှားရမ်းခေါ်ယူခဲ့ တယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ရေးသား ဖော်ပြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကာတာဟာ အုပ်စုအဆင့် အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့





ပထမဆုံး အသင်းဖြစ်ခဲ့ပြီး ဒီပြိုင်ပွဲကြီးမှာ ဆက်ရှိဖို့အတွက် အုပ် စုနောက်ဆုံး ပွဲစဉ်တစ်ပွဲပဲ ကျန်ပါတော့တယ်။ ကစားပြီးသွားခဲ့တဲ့ ပွဲစဉ် ၂ ပွဲ မှာဆိုရင် ကာတာအသင်းရဲ့ နိုင်ငံတော်အလံ အရောင် ရှပ်အင်္ကျီတွေကို
ဝတ်ဆင်ထားတဲ့ ပရိသတ် အစုအဖွဲ့ တစ်ခုဟာ စူးရှကျယ်လောင်တဲ့ အော်ဟစ်သံတွေ၊ အားမာန်အပြည့်နဲ့ တခဲနက် အားပေးမှုတွေကို စဉ်ဆက်မပြတ် လုပ် ခဲ့ကြတာကို ရုပ်သံမှတ်တမ်းတွေအရရော၊ ဓာတ်ပုံ
မှတ်တမ်းတွေအရပါ တွေ့ ခဲ့ရပြီး The Sun က အဲဒီသတင်းဓာတ်ပုံတွေကို ပြန်လည် ဖော်ပြခဲ့တာကို လည်း တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီပရိသတ်တွေဟာ ကာတာ နိုင်ငံသား ပရိသတ် စစ်စစ်တွေ မဟုတ်ဘဲ





မတူညီတဲ့ နိုင်ငံရပ်ခြား ဒေသတွေကနေပြီး အခကြေးငွေနဲ့ ငှားရမ်းထားတာဖြစ်ပြီး ပွဲကို ပိုပြီး ကြွကြွရွရွ ရှိအောင် ဖန်တီး ဖို့ ကြိုးစားတာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် သတင်းစာ New York Times
သတင်းစာကလည်း ရေးသား ဖော်ပြပါတယ်။ အဲဒီပရိသတ်တွေဟာ ဆိုရင် ကာတာအသင်း ကစားတဲ့ပွဲတွေမှာ နေရာကောင်းကို ယူထားပြီး အ သင်းကို တခဲနက် အားပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။





အဲဒီကစား သမား ၁၅၀၀ ရဲ့ ကိုယ်ရေးရာဇဝင်တွေနဲ့ ပတ်သက်ပြီး ကာတာကိုရောက်နေတဲ့ သတင်းသမားတွေရဲ့ စုံစမ်းသိရှိမှုအရ လက်ဘနွန်၊ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဆီးရီးယားနိုင်ငံတွေဆီက
ပရိသတ်တွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီ နိုင်ငံရပ်ခြားက ပရိသတ်တွေဟာဆိုရင် အောက်တိုဘာ လ အလယ်လောက်ကတည်းက ကာတာကို ရောက်ရှိ တည်း ခို နေထိုင်နေတာဖြစ်ပြီး





သူတို့အတွက် နေရာထိုင်ခင်း၊ သွားရေးလာရေးနဲ့ ပွဲကြည့်ခွင့်လက်မှတ်တွေကို စီစဉ်ပေးထားပြီးသားဖြစ်တယ်လို့ New York Times က ရေးသား ဖော်ပြခဲ့ပါတယ်။





(Zawgyi)
ကာတာကို အားေပးဖို႔အတြက္ ႏိုင္ငံျခား ပရိသတ္ ၁၅၀၀ ကို ေငြေပးၿပီး ေခၚခဲ့တယ္လို႔ သတင္းထြက္
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အိမ္ရွင္အသင္းျဖစ္တဲ့ ကာတာဟာ သူတို႔ႏိုင္ငံ လက္ေ႐ြးစင္အသင္းကို ထဲထဲဝင္ဝင္ အာေပးဖို႔အတြက္ မတူညီတဲ့ ႏိုင္ငံျခား တိုင္းျပည္ေတြကေနၿပီး ပရိသတ္ ၁၅၀၀ ကို





အခေၾကးေငြနဲ႔ ငွားရမ္းေခၚယူခဲ့ တယ္လို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေရးသား ေဖာ္ျပပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့ ကာတာဟာ အုပ္စုအဆင့္ အဖြင့္ပြဲစဥ္ ၂ ပြဲဆက္တိုက္
ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံး အသင္းျဖစ္ခဲ့ၿပီး ဒီၿပိဳင္ပြဲႀကီးမွာ ဆက္ရွိဖို႔အတြက္ အုပ္ စုေနာက္ဆုံး ပြဲစဥ္တစ္ပြဲပဲ က်န္ပါေတာ့တယ္။ ကစားၿပီးသြားခဲ့တဲ့ ပြဲစဥ္ ၂ ပြဲ မွာဆိုရင္ ကာတာအသင္းရဲ႕ ႏိုင္ငံေတာ္အလံ





အေရာင္ ရွပ္အက်ႌေတြကို ဝတ္ ဆင္ထားတဲ့ ပရိသတ္ အစုအဖြဲ႕ တစ္ခုဟာ စူးရွက်ယ္ေလာင္တဲ့ ေအာ္ဟစ္ သံေတြ၊ အားမာန္အျပည့္နဲ႔ တခဲနက္ အားေပးမႈေတြကို စဥ္ဆက္မျပတ္ လုပ္ ခဲ့ၾကတာကို ႐ုပ္သံမွတ္တမ္းေတြအရေရာ၊
ဓာတ္ပုံ မွတ္တမ္းေတြအရပါ ေတြ႕ ခဲ့ရၿပီး The Sun က အဲဒီသတင္းဓာတ္ပုံေတြကို ျပန္လည္ ေဖာ္ျပခဲ့တာကို လည္း ေတြ႕ရပါတယ္။ ဒါ့အျပင္ အဲဒီပရိသတ္ေတြဟာ ကာတာ ႏိုင္ငံသား ပရိသတ္
စစ္စစ္ေတြ မဟုတ္ဘဲ မတူညီတဲ့ ႏိုင္ငံရပ္ျခား ေဒသေတြကေနၿပီး အခေၾကးေငြနဲ႔ ငွားရမ္းထားတာျဖစ္ၿပီး ပြဲကို ပိုၿပီး ႂကြႂကြ႐ြ႐ြ ရွိေအာင္ ဖန္တီး ဖို႔ ႀကိဳးစားတာျဖစ္တယ္လို႔ အေမရိကန္ အေျခစိုက္





သတင္းစာ New York Times သတင္းစာကလည္း ေရးသား ေဖာ္ျပပါတယ္။ အဲဒီပရိသတ္ေတြဟာ ဆိုရင္ ကာတာအသင္း ကစားတဲ့ပြဲေတြမွာ ေနရာေကာင္းကို ယူထားၿပီး အ သင္းကို
တခဲနက္ အားေပးေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ အဲဒီကစား သမား ၁၅၀၀ ရဲ႕ ကိုယ္ေရးရာဇဝင္ေတြနဲ႔ ပတ္သက္ၿပီး ကာတာကိုေရာက္ေနတဲ့ သတင္းသမားေတြရဲ႕ စုံစမ္းသိရွိမႈအရ





လက္ဘႏြန္၊ အီဂ်စ္၊ အယ္ဂ်ီးရီးယား၊ ဆီးရီးယားႏိုင္ငံေတြဆီက ပရိသတ္ေတြ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။ အဲဒီ ႏိုင္ငံရပ္ျခားက ပရိသတ္ေတြဟာဆိုရင္ ေအာက္တိုဘာ လ အလယ္ေလာက္ကတည္းက
ကာတာကို ေရာက္ရွိ တည္း ခို ေနထိုင္ေနတာျဖစ္ၿပီး သူတို႔အတြက္ ေနရာထိုင္ခင္း၊ သြားေရးလာေရးနဲ႔ ပြဲၾကည့္ခြင့္လက္မွတ္ေတြကို စီစဥ္ေပးထားၿပီးသားျဖစ္တယ္လို႔ New York Times က
ေရးသား ေဖာ္ျပခဲ့ပါတယ္။




