ကာတာကို ရောက်ရောက်ချင်း ကမ္ဘာ့ဖလားယူမယ့်အကြောင်း စ ပြောလာပြီဖြစ်တဲ့ မက်ဆီ

ကမ္ဘာ့ဖလားမတိုင်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းခဲ့တဲ့ ယူအေအီးနဲ့ ပွဲစဉ်မှာ ၅-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းဟာ

ဒီနေ့မှာတော့ ကာတာနိုင်ငံကို ရောက် လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီခြေစမ်းပွဲမှာ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို အသင်း ဖော် အယ်လ်ဗာရက်စ် ဂိုးသွင်းနိုင်အောင်လည်း

ဖန်တီးပေးနိုင်ခဲ့တဲ့ မက်ဆီက ကာတာပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာဖို့ ရှိနေတာကြောင့် ချန်ပီယံဆုကို ရယူဖို့ ရည်မှန်းထားတဲ့ လမ်းကြောင်းတွေကို စပြီး ထုတ်ပြောလာပါတယ်။

နည်းပြစကာလိုနီရဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းဟာ ကြာသပတေးနေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၂ နာရီခွဲ မှာ ဒို ဟာမြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့

စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်နေပေမဲ့ အခွင့် အရေးတွေကို

အကောင်းဆုံး အသုံးချပြီး တစ်ဆင့်ချင်း သွားရမှာ ဖြစ်တယ်လို့ မက်ဆီက ဆိုပါတယ်။ ဒါ့အပြင် အာဂျင်တီးနားဟာ အခုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့အတွက် အရမ်းကို

ဆန္ဒထက်သန်နေတာကြောင့်အောင်မြင်မှု ရနိုင် တယ်လို့ မက်ဆီက ယုံကြည်ချက် ရှိနေပါတယ်။ ‘’ကျွန်တော်တို့မှာ အရမ်းကို စိတ်အားထက်သန်နေတဲ့ အသင်းကောင်း တစ်သင်း ရှိနေပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ တစ်ဆင့်ချင်းတော့စဉ်းစားမှာပါ။ ကမ္ဘာ့ဖလားဆိုတာ အုပ်စု အဆင့်ပွဲစဉ်တွေမှာကတည်းက မလွယ်ကူတာပါ’’ လို့

ဘလွန်းဒီအောဆုကို ၇ ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ မက်ဆီက ပြောခဲ့ပါတယ်။ အာဂျင်တီးနားဟာမက်ဆီအပါအဝင် ဒီမာရီယာ၊ ဒီပေါလ်၊ အော့တာမန်ဒီ၊

ပါရီဒက်စ်၊ အယ်လ် ဗာရက်စ်၊ ကော်ရီယာ၊ လော်တာရို မာတီနက်ဇ်စတဲ့ အဆင့်မြင့် ကစားသမား တွေကို ပိုင်ဆိုင်ထားတာကြောင့်ချန်ပီယံဆုကို

စိန်ခေါ်နိုင်စွမ်း ရှိနေတဲ့ အသင်းတစ်သင်း ဖြစ်နေတာပါ။ ဘာစီလိုနာတိုက်စစ်မှူးဟောင်း မက်ဆီရဲ့ အာဂျင်တီးနားလာ လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ဆော်ဒီအာရေဗျ နဲ့ အုပ်စု

အဖွင့်ပွဲစဉ်အဖြစ် စတင် ကစားရတော့မှာ ဖြစ်ပါတယ်။

(Zawgyi)

ကာတာကို ေရာက္ေရာက္ခ်င္း ကမာၻ႔ဖလားယူမယ့္အေၾကာင္း စ ေျပာလာၿပီျဖစ္တဲ့ မက္ဆီကမာၻ႔ဖလားမတိုင္ခင္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေျခစမ္းခဲ့တဲ့ ယူေအအီးနဲ႔ ပြဲစဥ္မွာ ၅-၀ ဂိုးနဲ႔

အႏိုင္ရၿပီးတဲ့ေနာက္ မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းဟာဒီေန႔မွာေတာ့ ကာတာႏိုင္ငံကို ေရာက္ လာခဲ့ၿပီျဖစ္ပါတယ္။ အဲဒီေျခစမ္းပြဲမွာ

ကိုယ္တိုင္ ဂိုးသြင္းႏိုင္ခဲ့သလို အသင္း ေဖာ္ အယ္လ္ဗာရက္စ္ ဂိုးသြင္းႏိုင္ေအာင္လည္း ဖန္တီးေပးႏိုင္ခဲ့တဲ့ မက္ဆီ က ကာတာၿပိဳင္ပြဲဟာ သူ႔ရဲ႕ ေနာက္ဆုံး ကမာၻ႔ဖလား ျဖစ္လာဖို႔ ရွိေနတာ

ေၾကာင့္ ခ်န္ပီယံဆုကို ရယူဖို႔ ရည္မွန္းထားတဲ့ လမ္းေၾကာင္းေတြကို စၿပီး ထုတ္ေျပာလာပါတယ္။နည္းျပစကာလိုနီရဲ႕ အာဂ်င္တီးနား လက္ေ႐ြးစင္ အသင္းဟာ

ၾကာသပေတးေန႔ နံနက္ပိုင္း ေဒသစံေတာ္ခ်ိန္ ၂ နာရီခြဲ မွာ ဒို ဟာၿမိဳ႕ကို ေရာက္ရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ စခန္းသြင္း ေလ့က်င့္မႈေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္းေတြထဲက တစ္သင္းျဖစ္ေနေပမဲ့ အခြင့္အေရးေတြကို

အေကာင္းဆုံး အသုံးခ်ၿပီး တစ္ဆင့္ခ်င္း သြားရမွာ ျဖစ္တယ္ လို႔ မက္ဆီက ဆိုပါတယ္။ ဒါ့အျပင္ အာဂ်င္တီးနားဟာ အခုၿပိဳင္ပြဲမွာ ခ်န္ပီယံ ျဖစ္ဖို႔

အတြက္အရမ္းကို ဆႏၵထက္သန္ေနတာေၾကာင့္ ေအာင္ျမင္မႈ ရႏိုင္ တယ္လို႔ မက္ဆီက ယုံၾကည္ခ်က္ ရွိေနပါတယ္။ ‘’ကြၽန္ေတာ္တို႔မွာ အရမ္း ကို စိတ္အားထက္သန္ေနတဲ့

အသင္းေကာင္း တစ္သင္း ရွိေနပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ တစ္ဆင့္ခ်င္းေတာ့ စဥ္းစားမွာပါ။ ကမာၻ႔ဖလားဆိုတာ အုပ္စု အဆင့္ပြဲစဥ္ေတြမွာကတည္းက မလြယ္ကူတာပါ’’ လို႔

ဘလြန္းဒီေအာဆုကို ၇ ႀကိမ္အထိ ရယူထားႏိုင္ခဲ့တဲ့ မက္ဆီက ေျပာခဲ့ပါတယ္။ အာဂ်င္တီးနားဟာ မက္ဆီအပါအဝင္ ဒီမာရီယာ၊ ဒီေပါလ္၊ ေအာ့တာမန္ဒီ၊ ပါရီဒက္စ္၊ အယ္လ္ ဗာရက္စ္၊ ေကာ္ရီယာ၊

ေလာ္တာ႐ို မာတီနက္ဇ္ စတဲ့ အဆင့္ျမင့္ ကစားသမား ေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္စြမ္း ရွိေနတဲ့

အသင္းတစ္သင္း ျဖစ္ေနတာပါ။ဘာစီလိုနာတိုက္စစ္မႉးေဟာင္း မက္ဆီရဲ႕ အာဂ်င္တီးနားလာ လာမယ့္ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာေတာ့ ေဆာ္ဒီအာေရဗ် နဲ႔ အုပ္စု အဖြင့္ပြဲစဥ္အျဖစ္ စတင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။