ကာတာကမ္ဘာ့ဖလားဟာ နိုင်ငံရေးပြောဆိုဖို့အတွက် စင်မြင့်တစ်ခုမဟုတ်ဘူးလို့ ဟယ်ရီကိန်း သတိပေးခံရ

ဖီဖာဘက်က ဘာပဲပြောပြော One Love လက်ပတ်ကိုဝတ်ဆင်မယ်လို့ သတင်းထွက်လာခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုင်ငံရေးပြောဆိုဖို့နေရာမဟုတ်ဘူးလို့ ဟယ်ရီကိန်း သတိပေးခံလိုက်ရပါပြီ။

ဒီနှစ်အစောပိုင်းမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းခေါင်းဆောင်တွေဟာ သက်တံ့ရောင် One Love လက်ပတ်တွေဝတ်ဆင်မယ် လို့သတင်းတွေထွက်လာခဲ့ပါတယ်။

ဒါဟာ LGBTQ အသိုက်အဝန်းအတွက် စည်းလုံးညီညွတ်မှု၊ ကာတာရဲ့လိင်တူဆက်ဆံမှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်း၊ နိုင်ငံအတွင်းလူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေဖို့ရည်ရွယ်ခဲ့တာပါ။

ယူအီးအက်ဖ်အေကော်မတီဘက်က အင်္ဂလန်နဲ့ ဝေးလ် အပါအဝင် နိုင်ငံအချို့လက်ပတ်တွေဝတ်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီး ဖီဖာထံကို အကြောင်းကြားစာရေးသားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပွဲစီစဉ် သူတွေဘက်က အကြောင်းမပြန်သေးပေမဲ့ ဟယ်ရီကိန်းကတော့ ဘာပဲဖြစ်ဖြစ် ဝတ်ဆင်မယ်လို့ သတင်းထွက်နေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်က အခုလို အခိုင်အမာပြောဆိုခဲ့တဲ့နောက် အရှေ့အလယ်ပိုင်းမှာ အငြင်းပွားဖွယ်ရာတွေရှိနေပြီး မလုပ်ဖို့ သတိပေးခံလိုက်ရပါပြီ။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အမွေအနှစ်ဆိုင်ရာ အဓိပတိကော်မတီရဲ့ အမှုဆောင်အရာရှိချုပ် နက်ဆာအယ်လ်ခါတာက “ဒီအားကစားပြိုင်ပွဲဟာ လူတွေလာရောက်ပျော်ရွှင်ချင်တဲ့ နေရာတစ်ခုပါ။

နိုင်ငံရေး ပြောဆိုချက်တွေကို စင်မြင့်တစ်ခုအဖြစ်ပြောင်းလဲလိုက်တာက အားကစားအတွက် သင့်တော်မယ် မထင်ပါဘူး” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

LGBTQ ပရိသတ်တွေ ကိုတော့ ပြိုင်ပွဲမှာကြိုဆိုသွားမှာဖြစ်တယ်လို့ အယ်လ်ခါတာကဆိုခဲ့ကြောင်း Sky Sports Football ကဖော်ပြခဲ့ပါတယ်။

(Zawgyi)

ကာတာကမာၻ႔ဖလားဟာ ႏိုင္ငံေရးေျပာဆိုဖို႔အတြက္ စင္ျမင့္တစ္ခုမဟုတ္ဘူးလို႔ ဟယ္ရီကိန္း သတိေပးခံရ

ဖီဖာဘက္က ဘာပဲေျပာေျပာ #One Love လက္ပတ္ကိုဝတ္ဆင္မယ္လို႔ သတင္းထြက္လာခဲ့ၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ႏိုင္ငံေရးေျပာဆိုဖို႔ေနရာမဟုတ္ဘူးလို႔ ဟယ္ရီကိန္း သတိေပးခံလိုက္ရပါၿပီ။

ဒီႏွစ္အေစာပိုင္းမွာေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အသင္းေခါင္းေဆာင္ေတြဟာ သက္တံ့ေရာင္ One Love လက္ပတ္ေတြဝတ္ဆင္မယ္ လို႔သတင္းေတြထြက္လာခဲ့ပါတယ္။

ဒါဟာ LGBTQ အသိုက္အဝန္းအတြက္ စည္းလုံးညီၫြတ္မႈ၊ ကာတာရဲ႕လိင္တူဆက္ဆံမႈေတြနဲ႔ ရာဇဝတ္မႈက်ဴးလြန္ျခင္း၊ ႏိုင္ငံအတြင္းလူ႔အခြင့္အေရးဆိုင္ရာ ျပႆနာေတြကိုရင္ဆိုင္ရာမွာ အေထာက္အကူျဖစ္ေစဖို႔ရည္႐ြယ္ခဲ့တာပါ။

ယူအီးအက္ဖ္ေအေကာ္မတီဘက္က အဂၤလန္နဲ႔ ေဝးလ္ အပါအဝင္ ႏိုင္ငံအခ်ိဳ႕လက္ပတ္ေတြဝတ္ဆင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ပတ္သတ္ၿပီး ဖီဖာထံကို အေၾကာင္းၾကားစာေရးသားခဲ့ပါတယ္။

ကမာၻ႔ဖလားပြဲစီစဥ္ သူေတြဘက္က အေၾကာင္းမျပန္ေသးေပမဲ့ ဟယ္ရီကိန္းကေတာ့ ဘာပဲျဖစ္ျဖစ္ ဝတ္ဆင္မယ္လို႔ သတင္းထြက္ေနပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္က အခုလို အခိုင္အမာေျပာဆိုခဲ့တဲ့ေနာက္ အေရွ႕အလယ္ပိုင္းမွာ အျငင္းပြားဖြယ္ရာေတြရွိေနၿပီး မလုပ္ဖို႔ သတိေပးခံလိုက္ရပါၿပီ။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲ အေမြအႏွစ္ဆိုင္ရာ အဓိပတိေကာ္မတီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ နက္ဆာအယ္လ္ခါတာက “ဒီအားကစားၿပိဳင္ပြဲဟာ လူေတြလာေရာက္ေပ်ာ္႐ႊင္ခ်င္တဲ့ ေနရာတစ္ခုပါ။

ႏိုင္ငံေရး ေျပာဆိုခ်က္ေတြကို စင္ျမင့္တစ္ခုအျဖစ္ေျပာင္းလဲလိုက္တာက အားကစားအတြက္ သင့္ေတာ္မယ္ မထင္ပါဘူး” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ LGBTQ ပရိသတ္ေတြ ကိုေတာ့ ၿပိဳင္ပြဲမွာႀကိဳဆိုသြားမွာျဖစ္တယ္လို႔ အယ္လ္ခါတာကဆိုခဲ့ေၾကာင္း Sky Sports Football ကေဖာ္ျပခဲ့ပါတယ္။