ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဆိုးရွားဆုံးအသင်းရွေးချယ်မှုမှာ လော်တာရိုနဲ့အတူ ရော်နယ်ဒို ပါဝင်ခဲ့

ပေါ်တူဂီကြယ်ပွင့်ရော်နယ်ဒိုအတွက်တော့ ၂၀၂၂ အတွင်း

စိတ်ပျက်စရာတွေကအဆုံးကိုမသတ်နိုင်အောင်ဖြစ်နေပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှာတော့ အာဂျင်တီးနားအသင်း

ချန်ပီယံဖြစ်ခဲ့သလို Sofascore ဝက်ဆိုက်က ပြိုင်ပွဲအတွင်း

အဆိုးရွားဆုံးကစားသမား ၁၁ ဦးစာရင်းကိုချပြခဲ့ပါတယ်။

ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့အခြေစိုက် Sofascore ဝက်ဘ်ဆိုက်ဟာ

ကစားသမားတစ်ဦးချင်းစီရဲ့အချက်အလက်မှတ်တမ်းတွေအရ

အဆိုးရွားဆုံးအသင်းကို ရွေးထုတ်ပေးခဲ့တာဖြစ်တယ်။

၄-၄-၂ ကစားကွက်ကို အခြေခံခဲ့တဲ့ ဒီရွေးချယ်မှုမှာတော့

တိုက်စစ်မှူးတွေအဖြစ် ချန်ပီယံအာဂျင်တီးနားအသင်းရဲ့

လော်တာရိုမာတီနက်ဇ်နဲ့အတူ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒို

ပါဝင်လာခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက်အတော်လေးဆိုးရွားတဲ့

အနေအထားဖြစ်တယ်။ ၂၀၂၂ ထဲမှာ ရင်သွေးတစ်ယောက်ဆုံးရှုံးခဲ့ရသလို

ယူနိုက်တက်နဲ့စာချုပ်ဖျက်သိမ်းပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေထဲမှာ

တစ်ဦးတည်းသောကလပ်လက်မဲ့ကစားသမားအဖြစ်နဲ့ ကာတာကို

လာရောက်ခဲ့ရတဲ့ ရော်နယ်ဒိုအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာပါ။

လက်ရှိအချိန်မှာ အသစ်တဖန်စတင်ဖို့အတွက် အားယူနေချိန်ဖြစ်ပြီး

အခုလိုအဆိုးဆုံးအသင်းထဲပါဝင်လာတာဟာ သူ့အတွက်တော့

ဗူးလေးပေါ်ဖရုံဆင့်ဖြစ်ခဲ့ရပါတယ်။ အဆိုးရွားဆုံးအသင်းထဲမှာတော့

ဂိုးသမားအဖြစ် အက်ဒွက်မန်ဒီ(ဆီနီဂေါ)၊ ခံစစ် ၄ယောက်တန်းမှာတော့

ဆာဂျီနိုဒက်စ်(အမေရိကန်)၊ ကာမေးလ်ဂလစ်(ပိုလန်)၊

ဒီယာလို(ဆီနီဂေါ)၊ ဘီရီဇင်စကီး(ပိုလန်) တို့ပါဝင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ၄ယောက်နေရာမှာတော့

လက်ကီ(သြစတြေးလျ)၊ ဟွမ်အင်ဘွန်း(တောင်ကိုရီးယား)၊

အာဗင်း(သြစတြေးလျ)၊ ဗားဂက်စ်(ဆွစ်ဇာလန်) တို့ပါဝင်ခဲ့ပြီး

တိုက်စစ်မှာတော့ လော်တာရိုမာတီနက်ဇ်(အာဂျင်တီးနား)နဲ့

ရော်နယ်ဒို(ပေါ်တူဂီ) တို့ပါဝင်ခဲ့တာပဲဖြစ်တယ်။

zawgyi

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အဆိုး႐ြားဆုံးအသင္းေ႐ြးခ်ယ္မႈမွာ ေလာ္တာ႐ိုနဲ႔အတူ ေရာ္နယ္ဒို ပါဝင္ခဲ့

ေပၚတူဂီၾကယ္ပြင့္ေရာ္နယ္ဒိုအတြက္ေတာ့ ၂၀၂၂ အတြင္း

စိတ္ပ်က္စရာေတြကအဆုံးကိုမသတ္ႏိုင္ေအာင္ျဖစ္ေနပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အာဂ်င္တီးနားအသင္း

ခ်န္ပီယံျဖစ္ခဲ့သလို Sofascore ဝက္ဆိုက္က ၿပိဳင္ပြဲအတြင္း

အဆိုး႐ြားဆုံးကစားသမား ၁၁ ဦးစာရင္းကိုခ်ျပခဲ့ပါတယ္။

ခ႐ိုေအးရွားႏိုင္ငံ၊ ဇာဂရက္ၿမိဳ႕အေျခစိုက္ Sofascore ဝက္ဘ္ဆိုက္ဟာ

ကစားသမားတစ္ဦးခ်င္းစီရဲ႕အခ်က္အလက္မွတ္တမ္းေတြအရ

အဆိုး႐ြားဆုံးအသင္းကို ေ႐ြးထုတ္ေပးခဲ့တာျဖစ္တယ္။

၄-၄-၂ ကစားကြက္ကို အေျခခံခဲ့တဲ့ ဒီေ႐ြးခ်ယ္မႈမွာေတာ့

တိုက္စစ္မႉးေတြအျဖစ္ ခ်န္ပီယံအာဂ်င္တီးနားအသင္းရဲ႕

ေလာ္တာ႐ိုမာတီနက္ဇ္နဲ႔အတူ ေပၚတူဂီၾကယ္ပြင့္ ေရာ္နယ္ဒို

ပါဝင္လာခဲ့ပါတယ္။ ဒါဟာ ေရာ္နယ္ဒိုအတြက္အေတာ္ေလးဆိုး႐ြားတဲ့

အေနအထားျဖစ္တယ္။ ၂၀၂၂ ထဲမွာ ရင္ေသြးတစ္ေယာက္ဆုံးရႈံးခဲ့ရသလို

ယူႏိုက္တက္နဲ႔စာခ်ဳပ္ဖ်က္သိမ္းၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေတြထဲမွာ

တစ္ဦးတည္းေသာကလပ္လက္မဲ့ကစားသမားအျဖစ္နဲ႔ ကာတာကို

လာေရာက္ခဲ့ရတဲ့ ေရာ္နယ္ဒိုအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာပါ။

လက္ရွိအခ်ိန္မွာ အသစ္တဖန္စတင္ဖို႔အတြက္ အားယူေနခ်ိန္ျဖစ္ၿပီး

အခုလိုအဆိုးဆုံးအသင္းထဲပါဝင္လာတာဟာ သူ႔အတြက္ေတာ့

ဗူးေလးေပၚဖ႐ုံဆင့္ျဖစ္ခဲ့ရပါတယ္။ အဆိုး႐ြားဆုံးအသင္းထဲမွာေတာ့

ဂိုးသမားအျဖစ္ အက္ဒြက္မန္ဒီ(ဆီနီေဂါ)၊ ခံစစ္ ၄ေယာက္တန္းမွာေတာ့

ဆာဂ်ီႏိုဒက္စ္(အေမရိကန္)၊ ကာေမးလ္ဂလစ္(ပိုလန္)၊

ဒီယာလို(ဆီနီေဂါ)၊ ဘီရီဇင္စကီး(ပိုလန္) တို႔ပါဝင္ခဲ့ပါတယ္။

ကြင္းလယ္ကစားသမား ၄ေယာက္ေနရာမွာေတာ့

လက္ကီ(ၾသစေၾတးလ်)၊ ဟြမ္အင္ဘြန္း(ေတာင္ကိုရီးယား)၊

အာဗင္း(ၾသစေၾတးလ်)၊ ဗားဂက္စ္(ဆြစ္ဇာလန္) တို႔ပါဝင္ခဲ့ၿပီး

တိုက္စစ္မွာေတာ့ ေလာ္တာ႐ိုမာတီနက္ဇ္(အာဂ်င္တီးနား)နဲ႔

ေရာ္နယ္ဒို(ေပၚတူဂီ) တို႔ပါဝင္ခဲ့တာပဲျဖစ္တယ္။