
နယူးကာဆယ်ပရိသတ်တွေက ကာရာဘောင်းဖလားဗိုလ်လုပွဲကိုင်တွယ်မယ့်





ကွင်းလယ်ဒိုင်ဟာ ယူနိုက်တက်အသင်းထောက်ခံသူလို့စွပ်စွဲခဲ့ပေမဲ့
သူတို့ပြောသလိုအတိအကျတော့မှန်ကန်ခဲ့ခြင်းမရှိဘူးလို့ sportbible က





ဖော်ပြလိုက်ပါတယ်။ အက်ဒီဟိုဝီရဲ့အသင်းဟာ ၁၉၅၅ ခုနှစ်အတွင်း
အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးဆုဖလား
တစ်လုံးအတွက် ယူနိုက်တက်နဲ့အကြိတ်အနယ်လုရဖို့ရှိနေတာဖြစ်တယ်။





ငှက်ကျားတွေဟာ ယူနိုက်တက်နဲ့နောက်ဆုံးအကြိမ်ဗိုလ်လုပွဲအဖြစ်
၁၉၉၉ ခုနှစ်မှာတွေ့ဆုံထားတာဖြစ်ပြီး လက်ရှိမှာလည်း ချန်ပီယံလိဂ်





ဝင်ခွင့်ပြိုင်ဘက်တွေအဖြစ် ရပ်တည်နေကြတာပါ။ ကာဆယ်ပရိသတ်တွေဟာ
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ သူတို့အသင်းရဲ့တကျော့ပြန်ဗိုလ်လုပွဲစဉ်
တစ်ပွဲအတွက်ပျော်ရွှင်ရမှာဖြစ်ပေမဲ့ ဒေးဗစ်ကုတ်ကို ကွင်းလယ်ဒိုင်အဖြစ်





ကြေညာခဲ့တဲ့နောက် အနည်းငယ်စိုးရိမ်စိတ်ဝင်လာကြပါတယ်။
ဒေးဗစ်ကုတ်ဟာ သရဲနီထောက်ခံသူဆိုတာကို သက်သေပြဖို့အတွက်





ကာဆယ်ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတစ်ပုံကို
စတင်ဖြန့်ကျက်ခဲ့ပြီး ဒိုင်လူကြီးရဲ့ Facebook ပရိုဖိုင်ဟာ
အိုးလ်ထရက်ဖို့ဒ်မှာဖြစ်တယ်လို့ဖော်ပြလာကြတာဖြစ်တယ်။





ဒါပေမဲ့ ESPN ဂျာနယ်လစ် ဒါလီဂျွန်ဆင်ရဲ့အဆိုအရတော့ ကာဆယ်
ပရိသတ်တွေဖန်တီးထားတဲ့ပုံရိပ်က အတုဖြစ်တယ်လို့ သိရပါတယ်။





ဒေးဗစ်ကုတ်ရဲ့ပုံရိပ်ဟာ အနီရောင်ထိုင်ခုံတွေပါတဲ့ ဝင်ဘလေ
ကွင်းသစ်ဖြစ်သလို နယူးကာဆယ်ပရိသတ်တွေဟာ သူတို့ရဲ့
အမျိုးသားအားကစားကွင်းလို့သိလိုက်ရတဲ့အတွက် စိတ်ရှုပ်သွားတာမျိုး





ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကာဆယ်ပရိသတ်တွေဟာ
ဒေးဗစ်ကုတ်ကို အိုးလ်ထရက်ဖို့ဒ်နဲ့စပ်ဆက်မှုမရှိတဲ့တိုင်အောင်





အခြားသောအကြောင်းအရာတွေနဲ့ဘက်လိုက်နိုင်တဲ့ သက်သေတွေကို
ဆွဲထုတ်နေကြဆဲဖြစ်တယ်။ မန်ချက်စတာ CFA ဖွံ့ဖြိုးမှုအတွက်
အလုပ်လုပ်ဖူးတဲ့ သူ့ရဲ့မှတ်တမ်းတွေနဲ့ ယူနိုက်တက်ကို ဆိုးလ်ရှားကိုင်တွယ်စဉ်





ဝက်စ်ဘရွန်းနဲ့ပွဲက ပင်နယ်တီလွဲမှားဆုံးဖြတ်ချက်တွေကို ထောက်ပြ
နေကြပါတယ်။ ဒါ့အပြင် အသက် ၄၀အရွယ် ကွင်းလယ်ဒိုင်ဟာ





ပြီးခဲ့တဲ့ရာသီချဲလ်ဆီးနဲ့ပွဲစဉ်မှာ နယူးကာဆယ်ကို ပင်နယ်တီပေးဖို့
ပျက်ကွက်ခဲ့တာတွေစတဲ့ လုံလောက်တဲ့သက်သေတွေကို
ရှာဖွေဖော်ထုတ်ထားကြတာဖြစ်တယ်။နောက်ဆုံးအနေနဲ့တော့





အက်ဖ်အေဖလားပွဲစဉ်မှာ လီဗာပူးကွင်းလယ်လူ ဖာဘင်ဟိုကို
အနီကတ်နဲ့ထုတ်ပယ်ဖို့ပျက်ကွက်ခဲ့တဲ့ ဒေးဗစ်ကုတ်ရဲ့နိမ့်ကျတဲ့





စွမ်းဆောင်ရည်တွေကို လက်ညှိုးထိုးပြခဲ့ကြပါတယ်။
zawgyi
ကာဆယ္ပရိသတ္ေတြစြပ္စြဲသလို ကာရာေဘာင္းဖလားဗိုလ္လုပြဲကိုင္တြယ္မယ့္ ဒိုင္လူႀကီးရဲ႕ Facebook ပ႐ိုဖိုင္မွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းပုံမရွိခဲ့





နယူးကာဆယ္ပရိသတ္ေတြက ကာရာေဘာင္းဖလားဗိုလ္လုပြဲကိုင္တြယ္မယ့္
ကြင္းလယ္ဒိုင္ဟာ ယူႏိုက္တက္အသင္းေထာက္ခံသူလို႔စြပ္စြဲခဲ့ေပမဲ့





သူတို႔ေျပာသလိုအတိအက်ေတာ့မွန္ကန္ခဲ့ျခင္းမရွိဘူးလို႔ sportbible က
ေဖာ္ျပလိုက္ပါတယ္။ အက္ဒီဟိုဝီရဲ႕အသင္းဟာ ၁၉၅၅ ခုႏွစ္အတြင္း
အက္ဖ္ေအဖလားခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးဆုဖလား





တစ္လုံးအတြက္ ယူႏိုက္တက္နဲ႔အႀကိတ္အနယ္လုရဖို႔ရွိေနတာျဖစ္တယ္။
ငွက္က်ားေတြဟာ ယူႏိုက္တက္နဲ႔ေနာက္ဆုံးအႀကိမ္ဗိုလ္လုပြဲအျဖစ္





၁၉၉၉ ခုႏွစ္မွာေတြ႕ဆုံထားတာျဖစ္ၿပီး လက္ရွိမွာလည္း ခ်န္ပီယံလိဂ္
ဝင္ခြင့္ၿပိဳင္ဘက္ေတြအျဖစ္ ရပ္တည္ေနၾကတာပါ။ ကာဆယ္ပရိသတ္ေတြဟာ
ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာ သူတို႔အသင္းရဲ႕တေက်ာ့ျပန္ဗိုလ္လုပြဲစဥ္





တစ္ပြဲအတြက္ေပ်ာ္႐ႊင္ရမွာျဖစ္ေပမဲ့ ေဒးဗစ္ကုတ္ကို ကြင္းလယ္ဒိုင္အျဖစ္
ေၾကညာခဲ့တဲ့ေနာက္ အနည္းငယ္စိုးရိမ္စိတ္ဝင္လာၾကပါတယ္။





ေဒးဗစ္ကုတ္ဟာ သရဲနီေထာက္ခံသူဆိုတာကို သက္ေသျပဖို႔အတြက္
ကာဆယ္ပရိသတ္ေတြဟာ ဆိုရွယ္မီဒီယာေပၚမွာ ဓာတ္ပုံတစ္ပုံကို
စတင္ျဖန႔္က်က္ခဲ့ၿပီး ဒိုင္လူႀကီးရဲ႕ Facebook ပ႐ိုဖိုင္ဟာ





အိုးလ္ထရက္ဖို႔ဒ္မွာျဖစ္တယ္လို႔ေဖာ္ျပလာၾကတာျဖစ္တယ္။
ဒါေပမဲ့ ESPN ဂ်ာနယ္လစ္ ဒါလီဂြၽန္ဆင္ရဲ႕အဆိုအရေတာ့ ကာဆယ္





ပရိသတ္ေတြဖန္တီးထားတဲ့ပုံရိပ္က အတုျဖစ္တယ္လို႔ သိရပါတယ္။
ေဒးဗစ္ကုတ္ရဲ႕ပုံရိပ္ဟာ အနီေရာင္ထိုင္ခုံေတြပါတဲ့ ဝင္ဘေလ
ကြင္းသစ္ျဖစ္သလို နယူးကာဆယ္ပရိသတ္ေတြဟာ သူတို႔ရဲ႕





အမ်ိဳးသားအားကစားကြင္းလို႔သိလိုက္ရတဲ့အတြက္ စိတ္ရႈပ္သြားတာမ်ိဳး
ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ကာဆယ္ပရိသတ္ေတြဟာ





ေဒးဗစ္ကုတ္ကို အိုးလ္ထရက္ဖို႔ဒ္နဲ႔စပ္ဆက္မႈမရွိတဲ့တိုင္ေအာင္
အျခားေသာအေၾကာင္းအရာေတြနဲ႔ဘက္လိုက္ႏိုင္တဲ့ သက္ေသေတြကို
ဆြဲထုတ္ေနၾကဆဲျဖစ္တယ္။ မန္ခ်က္စတာ CFA ဖြံ႕ၿဖိဳးမႈအတြက္





အလုပ္လုပ္ဖူးတဲ့ သူ႔ရဲ႕မွတ္တမ္းေတြနဲ႔ ယူႏိုက္တက္ကို ဆိုးလ္ရွားကိုင္တြယ္စဥ္
ဝက္စ္ဘ႐ြန္းနဲ႔ပြဲက ပင္နယ္တီလြဲမွားဆုံးျဖတ္ခ်က္ေတြကို ေထာက္ျပ





ေနၾကပါတယ္။ ဒါ့အျပင္ အသက္ ၄၀အ႐ြယ္ ကြင္းလယ္ဒိုင္ဟာ
ၿပီးခဲ့တဲ့ရာသီခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ နယူးကာဆယ္ကို ပင္နယ္တီေပးဖို႔
ပ်က္ကြက္ခဲ့တာေတြစတဲ့ လုံေလာက္တဲ့သက္ေသေတြကို





ရွာေဖြေဖာ္ထုတ္ထားၾကတာျဖစ္တယ္။ေနာက္ဆုံးအေနနဲ႔ေတာ့
အက္ဖ္ေအဖလားပြဲစဥ္မွာ လီဗာပူးကြင္းလယ္လူ ဖာဘင္ဟိုကို





အနီကတ္နဲ႔ထုတ္ပယ္ဖို႔ပ်က္ကြက္ခဲ့တဲ့ ေဒးဗစ္ကုတ္ရဲ႕နိမ့္က်တဲ့
စြမ္းေဆာင္ရည္ေတြကို လက္ညႇိဳးထိုးျပခဲ့ၾကပါတယ္။