ကာစီနိုကိစ္စကို ဆောက်ဂိတ်ဖုံးကွယ်ပေးခဲ့ပြီး အင်္ဂလန်အတွက်အရွေးခံရလို့ မငိုတတ်တဲ့အဖေတောင်မျက်ရည်ကျခဲ့တယ်လို့ မက်ဒီဆင် ဖွင့်ဟ

လက်စတာကွင်းလယ်လူ မက်ဒီဆင်ဟာ အီရန်နဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့မျှော်လင့်နေပါတယ်။

အခွင့်အရေးရတဲ့အချိန်မှာ အခိုက်အတန့်ကောင်းတွေဖန်တီးချင်နေပြီး အပြီးသတ်လူစာရင်းမှာ သူပါတယ်လို့သိခဲ့ရတဲ့အချိန်မှာ မငိုတတ်တဲ့အဖေတောင်မျက်ရည်ကျခဲ့တယ်လို့

မက်ဒီဆင်ကဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဒီဆင်ဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့အံဝင်ခွင်ကျဖြစ်ဖို့အတွက်ရုန်းကန်နေရပါတယ်။

လက်စတာကြယ်ပွင့်ဟာ ၂၀၁၉ နိုဝင်ဘာလအတွင်း ဆားဘီယားနဲ့ပွဲမှာ အင်္ဂလန်အတွက် ၃၄မိနစ် ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ဆောက်ဂိတ်ရဲ့အသင်းမှာပထမဆုံးအကြိမ်

ပြန်ကစားခွင့်ရဖို့ကြိုးစားရမှာဖြစ်တယ်။ မက်ဒီဆင်ဟာ အင်္ဂလန်ကစားသမားအဖြစ်ရွေးချယ်ခံရချိန်အတွင်းမှာ ဖျားနေတယ်လို့အကြောင်းပြချက်ပေးခဲ့ပြီး ကာစီနိုဝိုင်းကိုသွားရောက်ခဲ့တဲ့နောက်

အသင်းလူစာရင်းကနေထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ “ရင့်ကျက်လာနိုင်ရမယ်လို့ယူဆသလို မင်း ဒီလိုမေးတာနဲ့ပတ်သတ်ပြီး ငါဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ကာစီနိုကိစ္စကို

ဆောက်ဂိတ်ကဖုံးကွယ်ပေးခဲ့တဲ့အတွက် လူတိုင်းကဒါကိုမေ့သွားကြပါတယ်။ အဲ့ဒီအချိန်တုန်းက ဒီဖြစ်ရပ်ဟာ ဆောက်ဂိတ်အတွက်ကြီးကြီးမားမားမဟုတ်ခဲ့ပါဘူး။

တချို့အရာတွေကရယ်စရာတောင်ဖြစ်သွားပါတယ်။ လူတိုင်းက ကျွန်တော်နဲ့ပတ်သတ်ရင်ဒီကိစ္စကိုထည့်ပြီးဆင်ခြေပေးတတ်ကြပါတယ်။ ပြဿနာမဟုတ်ဘူးလို့ထင်ပါတယ်။

အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လောက်ပါပဲ” လို့ မက်ဒီဆင်က ဆိုခဲ့ပါတယ်။ ကာတာသွားမယ့်လူစာရင်းထဲပါဝင်ခဲ့ချိန်နဲ့ပတ်သတ်လို့ သူက “မငိုတတ်တဲ့အဖေတောင် မျက်ရည်ကျခဲ့တယ်။

နှစ်အတော်ကြာအထိ သူငိုတာကျွန်တော်မမြင်ခဲ့ဖူးပါဘူး။ ဝမ်းသာပြီးမျက်ရည်ကျတာပါ။ မင်းရဲ့မိသားစုနဲ့ မိဘတွေဆိုရင်လည်း ဒီလမ်းပဲလျှောက်ကြမှာပဲလေ။

အရင်နှစ်တွေတုန်းက စိတ်ပျက်မှုတွေဟာ မိသားစုထဲကိုပျံ့နှံ့ခဲ့တာတွေရှိပါတယ်။ အခုတော့ ဆန့်ကျင်ဘက်အနေနဲ့ပျော်ရွှင်နေကြပါပြီ။ လူစာရင်းကြေညာပြီးတဲ့နောက်

သူတို့ကိုတွေ့ချင်လွန်းလို့ ကိုဗင်ထရီအထိပြန်ခဲ့ပါတယ်” လို့ ဖွင့်ဟသွားပါတယ်။

(Zawgyi)

ကာစီႏိုကိစၥကို ေဆာက္ဂိတ္ဖုံးကြယ္ေပးခဲ့ၿပီး အဂၤလန္အတြက္အေ႐ြးခံရလို႔ မငိုတတ္တဲ့အေဖေတာင္မ်က္ရည္က်ခဲ့တယ္လို႔ မက္ဒီဆင္ ဖြင့္ဟ

လက္စတာကြင္းလယ္လူမက္ဒီဆင္ဟာ အီရန္နဲ႔ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ အဂၤလန္အသင္းအတြက္ပါဝင္ကစားခြင့္ရဖို႔ေမွ်ာ္လင့္ေနပါတယ္။ အခြင့္အေရးရတဲ့အခ်ိန္မွာ

အခိုက္အတန႔္ေကာင္းေတြဖန္တီးခ်င္ေနၿပီး အၿပီးသတ္လူစာရင္းမွာသူပါတယ္လို႔သိခဲ့ရတဲ့အခ်ိန္မွာ မငိုတတ္တဲ့အေဖေတာင္မ်က္ရည္က်ခဲ့တယ္လို႔ မက္ဒီဆင္ကဖြင့္ဟခဲ့ပါတယ္။

လက္ရွိမွာေတာ့ မက္ဒီဆင္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ၿပိဳင္ပြဲနဲ႔အံဝင္ခြင္က်ျဖစ္ဖို႔အတြက္႐ုန္းကန္ေနရပါတယ္။ လက္စတာၾကယ္ပြင့္ဟာ ၂၀၁၉ ႏိုဝင္ဘာလအတြင္း

ဆားဘီယားနဲ႔ပြဲမွာ အဂၤလန္အတြက္ ၃၄မိနစ္ ပါဝင္ကစားခဲ့ၿပီးေနာက္ပိုင္း ေဆာက္ဂိတ္ရဲ႕အသင္းမွာပထမဆုံးအႀကိမ္ျပန္ကစားခြင့္ရဖို႔ႀကိဳးစားရမွာျဖစ္တယ္။ မက္ဒီဆင္ဟာ

အဂၤလန္ကစားသမားအျဖစ္ေ႐ြးခ်ယ္ခံရစဥ္အတြင္း ဖ်ားေနတယ္လို႔အေၾကာင္းျပခ်က္ေပးခဲ့ၿပီး ကာစီႏိုဝိုင္းကိုသြားေရာက္ခဲ့တဲ့ေနာက္ အသင္းလူစာရင္းကေနထုတ္ပယ္ခံခဲ့ရဖူးပါတယ္။

“ရင့္က်က္လာႏိုင္ရမယ္လို႔ယူဆသလို မင္း ဒီလိုေမးတာနဲ႔ပတ္သတ္ၿပီး ငါဝမ္းသာပါတယ္။ ကြၽန္ေတာ့္ရဲ႕ ကာစီႏိုကိစၥကို ေဆာက္ဂိတ္ကဖုံးကြယ္ေပးခဲ့တဲ့အတြက္ လူတိုင္းကဒါကိုေမ့သြားၾကပါတယ္။

အဲ့ဒီအခ်ိန္တုန္းက ဒီျဖစ္ရပ္ဟာ ေဆာက္ဂိတ္အတြက္ႀကီးႀကီးမားမားမဟုတ္ခဲ့ပါဘူး။ တခ်ိဳ႕အရာေတြကရယ္စရာေတာင္ျဖစ္သြားပါတယ္။ လူတိုင္းက

ကြၽန္ေတာ္နဲ႔ပတ္သတ္ရင္ဒီကိစၥကိုထည့္ၿပီးဆင္ေျခေပးတတ္ၾကပါတယ္။ ျပႆနာမဟုတ္ဘူးလို႔ထင္ပါတယ္။ အိပ္ယာဝင္ပုံျပင္တစ္ပုဒ္ေလာက္ပါပဲ” လို႔ မက္ဒီဆင္က ဆိုခဲ့ပါတယ္။

ကာတာသြားမယ့္လူစာရင္းထဲပါဝင္ခဲ့ခ်ိန္နဲ႔ပတ္သတ္လို႔ သူက “မငိုတတ္တဲ့အေဖေတာင္ မ်က္ရည္က်ခဲ့တယ္။ ႏွစ္အေတာ္ၾကာအထိ သူငိုတာကြၽန္ေတာ္မျမင္ခဲ့ဖူးပါဘူး။ ဝမ္းသာၿပီးမ်က္ရည္က်တာပါ။

မင္းရဲ႕မိသားစုနဲ႔ မိဘေတြဆိုရင္လည္း ဒီလမ္းပဲေလွ်ာက္ၾကမွာပဲေလ။ အရင္ႏွစ္ေတြတုန္းက စိတ္ပ်က္မႈေတြဟာ မိသားစုထဲကိုပ်ံ႕ႏွံ႔ခဲ့တာေတြရွိပါတယ္။

အခုေတာ့ ဆန႔္က်င္ဘက္အေနနဲ႔ေပ်ာ္႐ႊင္ေနၾကပါၿပီ။ လူစာရင္းေၾကညာၿပီးတဲ့ေနာက္ သူတို႔ကိုေတြ႕ခ်င္လြန္းလို႔ ကိုဗင္ထရီအထိျပန္ခဲ့ပါတယ္” လို႔ ဖြင့္ဟသြားပါတယ္။