ကာကာရဲ့ဒဏ္ဍာရီထဲမှာ မက်ဆီကိုထားရစ်ခဲ့ပြီး ရော်နယ်ဒို ပါဝင်လာ

ဘရာဇီးဂန္ထဝင်ကစားသမား ကာကာဟာ သမိုင်းတစ်လျှောက်

သူ့ရဲ့အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာမှာ သူ့ရဲ့
ရီးရဲလ်အသင်းဖော်ဟောင်း စီရော်နယ်ဒို ပါဝင်လာပေမယ့်
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတော့ ပါဝင်လာခြင်းမရှိဘဲ
တိုက်စစ်မှာ စီရော်နယ်ဒိုနဲ့အတူ ဘရာဇီးဂန္ထဝင်ကြီးတွေဖြစ်တဲ့
ရော်နယ်ဒို(ဒိုကြီး)နဲ့ ရော်နယ်ဒင်ဟိုတို့ ပါဝင်လာပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ စီရော်နယ်ဒိုနဲ့ မက်ဆီ
ဘယ်သူ ပိုကောင်းလဲဆိုတဲ့ Debate က အခုချိန်အထိ
ဖန်တွေကြား အပြိုင်ဖြစ်နေဆဲဖြစ်ပြီး ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဘရာဇီးနဲ့အတူ ချန်ပီယံဖြစ်ခဲ့တဲ့ ကာကာက အဲဒီ Debate မှာ
ပါဝင်လာခြင်းမရှိပေမယ့် သူ့ရဲ့အကောင်းဆုံးအသင်းရွေးချယ်မှုကတော့

ပြောစရာတွေဖြစ်ပေါ်စေခဲ့ပါတယ်။
တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ ကာကာက
”ကျွန်တော်ကတော့ တိုက်စစ် ၃ယောက်မှာ ရော်နယ်ဒို ၃ယောက်ကို ထားချင်ပါတယ်။
ပထမဆုံး ဘယ်တောင်ပံမှာ စီရော်နယ်ဒိုပေါ့။
ကျွန်တော်ဟာ စီရော်နယ်ဒိုဆီကနေ အများကြီး

သင်ယူလေ့လာခဲ့ပြီး ဒါတွေက ကျွန်တော့်ရဲ့ကစားသမား
ဘဝမှာ အကူအညီအများကြီးဖြစ်ခဲ့ပါတယ်။
သူဟာ လက်ရှိအချိန် ကမ္ဘာ့အကောင်းဆုံးကစားသမား
တစ်ဦးဖြစ်ပြီး ထူးရှယ်ကစားသမားလည်းဖြစ်ပါတယ်။
အထောင်တိုက်စစ်နေရာမှာတော့ ဘရာဇီးရော်နယ်ဒိုပါ။

သူက ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး
တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကစားပုံကလည်း ဘယ်သူနဲ့မတူ မတူပါဘူး။
သူ့ရဲ့မြန်နှုန်းမြင့်ကစားဟန်တွေ၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေ၊
အဆုံးသတ်စွမ်းရည်နဲ့ ရွေ့လျားမှုတွေက သိပ်ကောင်းပါတယ်။
ညာတောင်ပံမှာတော့ ရော်နယ်ဒင်ဟိုကို ရွေးချင်ပါတယ်။

ကျွန်တော်ဟာ မက်ဆီနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပေမယ့်
ကျွန်တော့်ရဲ့အသင်းမှာ ရော်နယ်ဒင်ဟိုကိုပဲ ရွေးချယ်ချင်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
ကာကာရဲ့အကောင်းဆုံးအသင်းက ၄-၃-၃ ပုံစံအပေါ်
အခြေခံရွေးချယ်ထားတာဖြစ်ပြီး ဂိုးသမားအဖြစ်
ဘရာဇီးလက်ရွေးစင်ဟောင်း ဒီဒါ၊ နောက်ခံလူတွေအဖြစ်

ကာဖူး၊ နက်စတာ၊ မာလ်ဒီနီနဲ့ ကားလို့စ်၊
ကွင်းလယ်လူတွေအဖြစ် အင်နီယေစတာ၊ ပီယာလိုနဲ့
ဇီဒန်းတို့ကို ရွေးချယ်ထားပါတယ်။

Zawgyi

ကာကာရဲ႕ဒ႑ာရီထဲမွာ မက္ဆီကိုထားရစ္ခဲ့ၿပီး ေရာ္နယ္ဒို ပါ၀င္လာ
ဘရာဇီးဂႏၳ၀င္ကစားသမား ကာကာဟာ သမုိင္းတစ္ေလွ်ာက္
သူ႕ရဲ႕အေကာင္းဆုံးအသင္းကို ေရြးခ်ယ္ခဲ့ရာမွာ သူ႕ရဲ႕
ရီးရဲလ္အသင္းေဖာ္ေဟာင္း စီေရာ္နယ္ဒို ပါ၀င္လာေပမယ့္

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီေတာ့ ပါ၀င္လာျခင္းမရွိဘဲ
တိုက္စစ္မွာ စီေရာ္နယ္ဒိုနဲ႔အတူ ဘရာဇီးဂႏၳ၀င္ႀကီးေတြျဖစ္တဲ့
ေရာ္နယ္ဒို(ဒိုႀကီး)နဲ႔ ေရာ္နယ္ဒင္ဟိုတို႔ ပါ၀င္လာပါတယ္။
ကမၻာ့ေဘာလုံးေလာကမွာ စီေရာ္နယ္ဒိုနဲ႔ မက္ဆီ
ဘယ္သူ ပိုေကာင္းလဲဆိုတဲ့ Debate က အခုခ်ိန္အထိ

ဖန္ေတြၾကား အၿပိဳင္ျဖစ္ေနဆဲျဖစ္ၿပီး ၂၀၀၂ ကမၻာ့ဖလားၿပိဳင္ပဲြမွာ
ဘရာဇီးနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့တဲ့ ကာကာက အဲဲဒီ Debate မွာ
ပါ၀င္လာျခင္းမရွိေပမယ့္ သူ႕ရဲ႕အေကာင္းဆုံးအသင္းေရြးခ်ယ္မႈကေတာ့
ေျပာစရာေတြျဖစ္ေပၚေစခဲ့ပါတယ္။
တုိက္စစ္ပိုင္းနဲ႔ပတ္သက္လို႔ ကာကာက

”ကၽြန္ေတာ္ကေတာ့ တုိက္စစ္ ၃ေယာက္မွာ ေရာ္နယ္ဒို ၃ေယာက္ကို ထားခ်င္ပါတယ္။
ပထမဆုံး ဘယ္ေတာင္ပံမွာ စီေရာ္နယ္ဒိုေပါ့။
ကၽြန္ေတာ္ဟာ စီေရာ္နယ္ဒိုဆီကေန အမ်ားႀကီး
သင္ယူေလ့လာခဲ့ၿပီး ဒါေတြက ကၽြန္ေတာ့္ရဲ႕ကစားသမား
ဘ၀မွာ အကူအညီအမ်ားႀကီးျဖစ္ခဲ့ပါတယ္။

သူဟာ လက္ရွိအခ်ိန္ ကမၻာ့အေကာင္းဆုံးကစားသမား
တစ္ဦးျဖစ္ၿပီး ထူးရွယ္ကစားသမားလည္းျဖစ္ပါတယ္။
အေထာင္တုိက္စစ္ေနရာမွာေတာ့ ဘရာဇီးေရာ္နယ္ဒိုပါ။
သူက ကမၻာ့ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး
တုိက္စစ္မွဴးတစ္ဦးျဖစ္ၿပီး ကစားပုံကလည္း ဘယ္သူနဲ႔မတူ မတူပါဘူး။

သူ႕ရဲ႕ျမန္ႏႈန္းျမင့္ကစားဟန္ေတြ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြ၊
အဆုံးသတ္စြမ္းရည္နဲ႔ ေရြ႕လ်ားမႈေတြက သိပ္ေကာင္းပါတယ္။
ညာေတာင္ပံမွာေတာ့ ေရာ္နယ္ဒင္ဟိုကို ေရြးခ်င္ပါတယ္။
ကၽြန္ေတာ္ဟာ မက္ဆီနဲ႔ ထိပ္တုိက္ရင္ဆုိင္ခဲ့ဖူးေပမယ့္
ကၽြန္ေတာ့္ရဲ႕အသင္းမွာ ေရာ္နယ္ဒင္ဟိုကိုပဲ ေရြးခ်ယ္ခ်င္ပါတယ္”လုိ႔ ရွင္းျပခဲ့ပါတယ္။

ကာကာရဲ႕အေကာင္းဆုံးအသင္းက ၄-၃-၃ ပုံစံအေပၚ
အေျခခံေရြးခ်ယ္ထားတာျဖစ္ၿပီး ဂိုးသမားအျဖစ္
ဘရာဇီးလက္ေရြးစင္ေဟာင္း ဒီဒါ၊ ေနာက္ခံလူေတြအျဖစ္
ကာဖူး၊ နက္စတာ၊ မာလ္ဒီနီနဲ႔ ကားလို႔စ္၊
ကြင္းလယ္လူေတြအျဖစ္ အင္နီေယစတာ၊ ပီယာလိုနဲ႔

ဇီဒန္းတုိ႔ကို ေရြးခ်ယ္ထားပါတယ္။