ကလေးပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ ယမန်နေ့ညက မိုလီနက်စ်မှာ

အီတလီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက်
ကွင်းထဲမှာရှိတဲ့ ကလေးပရိသတ် ၂၀၀၀ ရဲ့
လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေကြောင့်
အင်္ဂလန်အသင်းအနေနဲ့ အိမ်ကွင်းမှာ တံခါးပိတ်

ကစားမယ့် ပြစ်ဒဏ်ချမှတ်ခံထားရလို့
ဒီပွဲမှာ ကလေးပရိသတ် ၂၀၀၀ ပဲ
ဝင်ရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး
ကွင်းလယ်ဒိုင်လူကြီး ပိုလန်နိုင်ငံသား
မာစီနီယက်က ပွဲသိမ်းခရာမှုတ်ခဲ့ပြီးနောက်

အင်္ဂလန်ဆယ်ကျော်သက် ပရိသတ်တွေက
ကိုယ့်အသင်းကို လှောင်ပြောင်အော်ဟစ်ခဲ့တာပါ။
ကလေးပရိသတ်တွေဟာ ဒီပွဲအတွက်
ကြိုတင်စိတ်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး
အနည်းဆုံး တစ်ဂိုးလောက်တော့

သွင်းနိုင်မယ်လို့ မျှော်လင့်ထားတာဖြစ်ပေမယ့်
အခုလို ဂိုးမရှိသရေကျသွားလို့
စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်အသင်းကို
ပြန်ပြီး လှောင်ပြောင်အော်ဟစ်ခဲ့တာဖြစ်ပါတယ်။
ကျောင်းသားလေးတွေဖြစ်တဲ့ ကလေးပရိသတ်

၂၀၀၀ စလုံး လှောင်ပြောင်အော်ဟစ်ခဲ့တာ
မဟုတ်ပေမယ့် အဲဒီအသံကိုတော့
ထင်ထင်ရှားရှားကြားခဲ့ရပါတယ်။
အဲဒီနောက် လူမှုမီဒီယာမှာ
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပရိသတ်တွေက

အသီးသီး မှတ်ချက်ရေးသားခဲ့ကြပါတယ်။
”မူလတန်းကလေးတွေကတောင်
အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်ကို
လှောင်ပြောင်နေလိုက်ကြတာ”
”ကလေးတွေကတောင် လှောင်ပြောင်တယ်ဆိုတော့

စဉ်းစားသာကြည့်လိုက်ပါတော့ဗျာ”
”ကလေးတွေက လှောင်ပြောင်သတဲ့။
အင်္ဂလန်အတွက်တော့ နောက်ထပ်ကျဆုံးမှုပါပဲ”
”ကျောင်းသား၊ ကျောင်းသူတွေကတောင်
လှောင်ပြောင်တယ်ဆိုတော့ ကိုယ်

ဘယ်လောက်ဆိုးမှန်း သိလောက်မှာပါ”လို့
ပရိသတ်တွေက ရေးသားခဲ့ပါတယ်။
အင်္ဂလန်ဟာ အဲဒီပွဲမှာ အသာစီးကနေ
ကစားနိုင်ခဲ့ပေမယ့် ယူရို ၂၀၂၀ ဗိုလ်လုပွဲရှုံးကြွေး
ပြန်မဆပ်နိုင်ခဲ့ဘဲ အခုချိန်အထိ

နေးရှင်းလိဂ်မှာ နိုင်ပွဲပျောက်နေဆဲဖြစ်ပါတယ်။

Zawgyi

ကေလးပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ အဂၤလန္

အဂၤလန္အသင္းဟာ ယမန္ေန႔ညက မိုလီနက္စ္မွာ
အီတလီအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္
ကြင္းထဲမွာရွိတဲ့ ကေလးပရိသတ္ ၂၀၀၀ ရဲ႕
ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္ေတြေၾကာင့္

အဂၤလန္အသင္းအေနနဲ႔ အိမ္ကြင္းမွာ တံခါးပိတ္
ကစားမယ့္ ျပစ္ဒဏ္ခ်မွတ္ခံထားရလို႔
ဒီပြဲမွာ ကေလးပရိသတ္ ၂၀၀၀ ပဲ
၀င္ေရာက္ၾကည့္ရႈခဲ့တာျဖစ္ၿပီး
ကြင္းလယ္ဒိုင္လူႀကီး ပိုလန္ႏိုင္ငံသား

မာစီနီယက္က ပြဲသိမ္းခရာမႈတ္ခဲ့ၿပီးေနာက္
အဂၤလန္ဆယ္ေက်ာ္သက္ ပရိသတ္ေတြက
ကိုယ့္အသင္းကို ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့တာပါ။
ကေလးပရိသတ္ေတြဟာ ဒီပြဲအတြက္
ႀကိဳတင္စိတ္လႈပ္ရွားခဲ့ၾကတာျဖစ္ၿပီး

အနည္းဆုံး တစ္ဂိုးေလာက္ေတာ့
သြင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတာျဖစ္ေပမယ့္
အခုလို ဂိုးမရွိသေရက်သြားလို႔
စိတ္ပ်က္လက္ပ်က္နဲ႔ ကိုယ့္အသင္းကို
ျပန္ၿပီး ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့တာျဖစ္ပါတယ္။

ေက်ာင္းသားေလးေတြျဖစ္တဲ့ ကေလးပရိသတ္
၂၀၀၀ စလံုး ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့တာ
မဟုတ္ေပမယ့္ အဲဒီအသံကိုေတာ့
ထင္ထင္ရွားရွားၾကားခဲ့ရပါတယ္။
အဲဒီေနာက္ လူမႈမီဒီယာမွာ

ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ ပရိသတ္ေတြက
အသီးသီး မွတ္ခ်က္ေရးသားခဲ့ၾကပါတယ္။
”မူလတန္းကေလးေတြကေတာင္
အဂၤလန္အသင္းရဲ႕စြမ္းေဆာင္ရည္ကို
ေလွာင္ေျပာင္ေနလိုက္ၾကတာ”

”ကေလးေတြကေတာင္ ေလွာင္ေျပာင္တယ္ဆိုေတာ့
စဥ္းစားသာၾကည့္လိုက္ပါေတာ့ဗ်ာ”
”ကေလးေတြက ေလွာင္ေျပာင္သတဲ့။
အဂၤလန္အတြက္ေတာ့ ေနာက္ထပ္က်ဆုံးမႈပါပဲ”
”ေက်ာင္းသား၊ ေက်ာင္းသူေတြကေတာင္

ေလွာင္ေျပာင္တယ္ဆိုေတာ့ ကိုယ္
ဘယ္ေလာက္ဆိုးမွန္း သိေလာက္မွာပါ”လို႔
ပရိသတ္ေတြက ေရးသားခဲ့ပါတယ္။
အဂၤလန္ဟာ အဲဒီပြဲမွာ အသာစီးကေန
ကစားႏိုင္ခဲ့ေပမယ့္ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲရံႈးေႂကြး

ျပန္မဆပ္ႏိုင္ခဲ့ဘဲ အခုခ်ိန္အထိ
ေနးရွင္းလိဂ္မွာ ႏိုင္ပြဲေပ်ာက္ေနဆဲျဖစ္ပါတယ္။