ကလေးငယ်နှစ်ဦးအတွက် သူ့လက်မှတ်ရေးထိုးထားတဲ့ ဂျာစီတွေကို နာမည်ကျော်အဆိုတော် Pink ဆီကနေတစ်ဆင့် အကြိုခရစ္စမတ်လက်ဆောင်ပေးခဲ့တဲ့ စီရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကတော့

ကလေးငယ်နှစ်ဦးရဲ့ ခရစ္စမတ်ကာလအိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင်

ကူညီပေးလိုက်ပြန်ပါပြီ။ စီရော်နယ်လ်ဒိုဟာ ကမ္ဘာတစ်ဝန်းက

ကလေးငယ်တွေကြိုက်နှစ်သက်အားပေးကြတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး

အခု နာမည်ကျော်အဆိုတော် Pink ဆီကနေတစ်ဆင့် ကလေးငယ်နှစ်ဦးအတွက်

သူကိုယ်တိုင်အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ ယူနိုက်တက်ဂျာစီတွေကို

ခရစ္စမတ်လက်ဆောင်အဖြစ် ပေးပို့ခဲ့တာဖြစ်ပါတယ်။

Pink ဟာ စီရော်နယ်လ်ဒိုဆီကနေ အမှတ်တရလက်မှတ်ရေးထိုးထားတဲ့

ယူနိုက်တက်ဂျာစီတွေကို အားနာနာနဲ့တောင်းဆိုခဲ့ရတာဖြစ်ပြီး Twitter မှာ

စီရော်နယ်လ်ဒိုကို Mention ခေါ်ပြီးတော့ ‘ခရစ္စတီယာနိုရေ .. ဒီနှစ်၊

ခရစ္စမတ်ကာလမှာ ကလေးနှစ်ယောက်ကို လိုချင်တာဝယ်ပေးဖို့

ကျွန်မကတိပေးထားပြီး သူတို့လေးတွေက ရှင့်ရဲ့ယူနိုက်တက်ဂျာစီကလွဲလို့

တခြားဘာမှမလိုချင်ဘူးလို့ ပြောခဲ့ပါတယ်။ သူတို့အနေနဲ့

သိပ်တော့မျှော်လင့်ချက်မထားရဲပေမယ့် မဖြစ်,ဖြစ်အောင်လုပ်ပေးမယ်လို့

ကျွန်မ ဆုံးဖြတ်ထားပါတယ်။ အဲဒီတော့ ယူနိုက်တက်ဂျာစီနှစ်စုံလောက်

ကျေးဇူးပြုပြီးတော့ ပိုပေးလို့ရမလားမသိဘူး ..ဒါက သူတို့ဘဝအတွက်

အပြောင်းအလဲတစ်ခုဖြစ်လာမှာမို့လို့ပါ။ ရှင်က ဒီလိုကြည်နူးစရာကောင်းတဲ့

လုပ်ရပ်တွေကို အမြဲလိုလိုလုပ်ပေးတတ်တဲ့သူဆိုတာ ကျွန်မသိထားပြီးသားပါ”လို့

ရေးသားခဲ့ပါတယ်။ Pink ရဲ့ Twitter မှာ Post တင်ပြီး မကြာခင်မှာပဲ

စီရော်နယ်လ်ဒိုက ‘ဟိုင်း ..Pink ရေ ..ကျွန်တော် ဝမ်းမြောက်ဝမ်းသာစွာနဲ့

ကူညီပေးမှာပါ။ ကျွန်တော့် လက်မှတ်ရေးထိုးထားတဲ့ ဂျာစီတွေကို

ပို့ပေးဖို့ စီစဉ်သွားမှာဖြစ်ပြီး ဒါက ဘာပြဿနာမှမရှိပါဘူး။ ကလေးတွေရဲ့ ဆန္ဒကို

အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပေးလို့ ဂုဏ်ယူပါတယ်’ဆိုပြီးတော့

အသိပေးခဲ့သလို Pink ကလည်း ကျေးဇူးတင်စကားပြန်လည်ပြောဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ လူနေမှုဘဝမှာ အမြဲတမ်း ရက်ရက်ရောရောလှူဒါန်းလေ့ရှိသူဖြစ်ပြီး,

ပြီးခဲ့တဲ့နှစ်က ပေါ်တူဂီနိုင်ငံမှာ ကိုဗစ်ရောဂါဆိုးတိုက်ဖျက်ဖို့အတွက်

ဆေးရုံတွေကို ပေါင်(၁)သန်းကျော်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်တုန်းကလည်း

ဂါဇာဒေသမှာ စာသင်ကျောင်းတွေဆောက်လုပ်နိုင်ဖို့အတွက်

သူ့ရဲ့ ဥရောပသွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို လေလံတင်ရောင်းချပြီးတော့

ရရှိခဲ့တဲ့ ပေါင်(၁.၂)သန်းကို လှူဒါန်းခဲ့ပါသေးတယ်။ ဒါတင်မက စီရော်နယ်လ်ဒိုဟာ

Save the Children၊ Unicef နဲ့ World Vision အဖွဲ့အစည်းတွေမှာ

သံတမန်အဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

zawgyi

ကေလးငယ္ႏွစ္ဦးအတြက္ သူ႔လက္မွတ္ေရးထိုးထားတဲ့ ဂ်ာစီေတြကို နာမည္ေက်ာ္အဆိုေတာ္ Pink ဆီကေနတစ္ဆင့္ အႀကိဳခရစၥမတ္လက္ေဆာင္ေပးခဲ့တဲ့ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကေတာ့

ကေလးငယ္ႏွစ္ဦးရဲ႕ ခရစၥမတ္ကာလအိပ္မက္ေတြကို အမွန္တကယ္ျဖစ္လာေအာင္

ကူညီေပးလိုက္ျပန္ပါၿပီ။ စီေရာ္နယ္လ္ဒိုဟာ ကမာၻတစ္ဝန္းက

ကေလးငယ္ေတြႀကိဳက္ႏွစ္သက္အားေပးၾကတဲ့ ေဘာလုံးသမားတစ္ေယာက္ျဖစ္ၿပီး

အခု နာမည္ေက်ာ္အဆိုေတာ္ Pink ဆီကေနတစ္ဆင့္ ကေလးငယ္ႏွစ္ဦးအတြက္

သူကိုယ္တိုင္အမွတ္တရလက္မွတ္ေရးထိုးထားတဲ့ ယူႏိုက္တက္ဂ်ာစီေတြကို

ခရစၥမတ္လက္ေဆာင္အျဖစ္ ေပးပို႔ခဲ့တာျဖစ္ပါတယ္။

Pink ဟာ စီေရာ္နယ္လ္ဒိုဆီကေန အမွတ္တရလက္မွတ္ေရးထိုးထားတဲ့

ယူႏိုက္တက္ဂ်ာစီေတြကို အားနာနာနဲ႔ေတာင္းဆိုခဲ့ရတာျဖစ္ၿပီး Twitter မွာ

စီေရာ္နယ္လ္ဒိုကို Mention ေခၚၿပီးေတာ့ ‘ခရစၥတီယာႏိုေရ .. ဒီႏွစ္၊

ခရစၥမတ္ကာလမွာ ကေလးႏွစ္ေယာက္ကို လိုခ်င္တာဝယ္ေပးဖို႔

ကြၽန္မကတိေပးထားၿပီး သူတို႔ေလးေတြက ရွင့္ရဲ႕ယူႏိုက္တက္ဂ်ာစီကလြဲလို႔

တျခားဘာမွမလိုခ်င္ဘူးလို႔ ေျပာခဲ့ပါတယ္။ သူတို႔အေနနဲ႔

သိပ္ေတာ့ေမွ်ာ္လင့္ခ်က္မထားရဲေပမယ့္ မျဖစ္,ျဖစ္ေအာင္လုပ္ေပးမယ္လို႔

ကြၽန္မ ဆုံးျဖတ္ထားပါတယ္။ အဲဒီေတာ့ ယူႏိုက္တက္ဂ်ာစီႏွစ္စုံေလာက္

ေက်းဇူးျပဳၿပီးေတာ့ ပိုေပးလို႔ရမလားမသိဘူး ..ဒါက သူတို႔ဘဝအတြက္

အေျပာင္းအလဲတစ္ခုျဖစ္လာမွာမို႔လို႔ပါ။ ရွင္က ဒီလိုၾကည္ႏူးစရာေကာင္းတဲ့

လုပ္ရပ္ေတြကို အၿမဲလိုလိုလုပ္ေပးတတ္တဲ့သူဆိုတာ ကြၽန္မသိထားၿပီးသားပါ”လို႔

ေရးသားခဲ့ပါတယ္။ Pink ရဲ႕ Twitter မွာ Post တင္ၿပီး မၾကာခင္မွာပဲ

စီေရာ္နယ္လ္ဒိုက ‘ဟိုင္း ..Pink ေရ ..ကြၽန္ေတာ္ ဝမ္းေျမာက္ဝမ္းသာစြာနဲ႔

ကူညီေပးမွာပါ။ ကြၽန္ေတာ့္ လက္မွတ္ေရးထိုးထားတဲ့ ဂ်ာစီေတြကို

ပို႔ေပးဖို႔ စီစဥ္သြားမွာျဖစ္ၿပီး ဒါက ဘာျပႆနာမွမရွိပါဘူး။ ကေလးေတြရဲ႕ ဆႏၵကို

အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားေပးလို႔ ဂုဏ္ယူပါတယ္’ဆိုၿပီးေတာ့

အသိေပးခဲ့သလို Pink ကလည္း ေက်းဇူးတင္စကားျပန္လည္ေျပာဆိုခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ လူေနမႈဘဝမွာ အၿမဲတမ္း ရက္ရက္ေရာေရာလႉဒါန္းေလ့ရွိသူျဖစ္ၿပီး,

ၿပီးခဲ့တဲ့ႏွစ္က ေပၚတူဂီႏိုင္ငံမွာ ကိုဗစ္ေရာဂါဆိုးတိုက္ဖ်က္ဖို႔အတြက္

ေဆး႐ုံေတြကို ေပါင္(၁)သန္းေက်ာ္လႉဒါန္းခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၁ ခုႏွစ္တုန္းကလည္း

ဂါဇာေဒသမွာ စာသင္ေက်ာင္းေတြေဆာက္လုပ္ႏိုင္ဖို႔အတြက္

သူ႔ရဲ႕ ဥေရာပသြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုကို ေလလံတင္ေရာင္းခ်ၿပီးေတာ့

ရရွိခဲ့တဲ့ ေပါင္(၁.၂)သန္းကို လႉဒါန္းခဲ့ပါေသးတယ္။ ဒါတင္မက စီေရာ္နယ္လ္ဒိုဟာ

Save the Children၊ Unicef နဲ႔ World Vision အဖြဲ႕အစည္းေတြမွာ

သံတမန္အျဖစ္ တာဝန္ယူထားသူလည္းျဖစ္ပါတယ္။