
လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ကို မစဉ်းစားတော့ကြောင်း
ဂျာဂင်ကလော့ပ်က ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ ဂွါဒီယိုလာက
အဲဒီဂျာမန်သားကို မယုံကြည်ကြောင်း ဆိုလိုက်ပါတယ်။
မန်စီးတီးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၉ မှတ်ဖြတ်
ဦးဆောင်နေတာပါ။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၃ မှာ ကစားမယ့် လိဒ်နဲ့ပွဲကျန်မှာ
အနိုင်ရမယ်ဆိုရင် လီဗာပူးဟာ မန်စီးတီးနဲ့အမှတ်ကွာဟမှုကို ၆ မှတ်အထိ
လျှော့နိုင်မှာပါ။
ဒါ့အပြင် လီဗာပူးဟာ လာမယ့်ဧပြီလမှာ မန်စီးတီးကွင်းသွားကစားရဖို့ရှိပြီး
အဲဒါဟာ သူတို့ကြားကွာဟကို လျှော့ချနိုင်မယ့်နောက်ထပ်အခွင့်အလမ်းလည်း
ဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲချင်တယ်ဆိုရင်
ပြီးပြည့်စုံလုနီးပါးဖြစ်ဖို့လိုတယ်လို့ သူ့အသင်းကို သတိပေးထားပါတယ်။
မန်စီးတီးက ၁၂ ပွဲဆက်အနိုင်ရချိန် လီဗာပူးနဲ့ချဲလ်ဆီးတို့က ခရစ္စမတ်ကာလမှာ
အမှတ်ဆုံးရှုံးခဲ့ကြလို့ ဘောလုံးဝေဖန်သူအများစုကတော့ ဂွါဒီယိုလာရဲ့အသင်းကို
တစ်ကောင်တည်းပြေးတဲ့မြင်းအဖြစ်သာ သတ်မှတ်ပါတော့တယ်။
အာဖရိကဖလားကြောင့် ဆာလာနဲ့မာနီတို့ကို လက်လွှတ်ခဲ့ရပေမယ့် လီဗာပူးဟာ
ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက်အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း ကလော့ပ်က
”မန်စီးတီးကို လိုက်မီဖို့ ကျွန်တော်တို့မှာ အခွင့်အရေးမရှိပါဘူး။
ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ကြိုးစားမှာမဟုတ်တဲ့အဓိပ္ပါယ်တော့ မဟုတ်ပါဘူး”လု့ိ
လက်စတာကိုအနိုင်ရပြီးနောက် ပြောခဲ့တာပါ။
နော်ဝစ်ချ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်ပြောခဲ့တာနဲ့ပတ်သက်လို့
မေးမြန်းတော့ ဂွါဒီယိုလာက ”ကျွန်တော် သူ့ကို မယုံကြည်ပါဘူး”လို့ ဖြေခဲ့ပါတယ်။
လီဗာပူးဟာ လက်ကျန်ပွဲအားလုံးနိုင်ခဲ့ရင် ၉၆ မှတ်အထိ ရရှိနိုင်မှာဖြစ်လို့ ဂွါဒီယိုလာက
သူ့အသင်းအနေနဲ့ ချန်ပီယံဖြစ်ချင်ရင် အဲဒီရမှတ်အထိ ရောက်ဖို့လိုတယ်လို့
မျှော်မှန်းထားပါတယ်။ ရာသီသိမ်းဖို့ ၁၅ ပွဲကျန်သေးတာကြောင့် အခုချိန်ကနေ
ရာသီကုန်ထိ လီဗာပူး ပွဲတိုင်းအနိုင်ရနိုင်တာ မဖြစ်နိုင်စရာမဟုတ်ကြောင်း
ဂွါဒီယိုလာက အခိုင်အမာဆိုခဲ့တာပါ။
ZAWGyi
ကေလာ့ပ္ေျပာတာကို မယုံတဲ့ ဂြါႀကီး..
လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုစိန္ေခၚႏိုင္ဖို႔ကို မစဥ္းစားေတာ့ေၾကာင္း
ဂ်ာဂင္ကေလာ့ပ္က ေျပာၾကားခဲ့ၿပီး ေနာက္တစ္ရက္မွာ ဂြါဒီယိုလာက
အဲဒီဂ်ာမန္သားကို မယုံၾကည္ေၾကာင္း ဆိုလိုက္ပါတယ္။
မန္စီးတီးဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၉ မွတ္ျဖတ္
ဦးေဆာင္ေနတာပါ။ ဒါေပမဲ့ ေဖေဖာ္ဝါရီ ၂၃ မွာ ကစားမယ့္ လိဒ္နဲ႔ပြဲက်န္မွာ
အႏိုင္ရမယ္ဆိုရင္ လီဗာပူးဟာ မန္စီးတီးနဲ႔အမွတ္ကြာဟမႈကို ၆ မွတ္အထိ
ေလွ်ာ့ႏိုင္မွာပါ။
ဒါ့အျပင္ လီဗာပူးဟာ လာမယ့္ဧၿပီလမွာ မန္စီးတီးကြင္းသြားကစားရဖို႔ရွိၿပီး
အဲဒါဟာ သူတို႔ၾကားကြာဟကို ေလွ်ာ့ခ်ႏိုင္မယ့္ေနာက္ထပ္အခြင့္အလမ္းလည္း
ျဖစ္ပါတယ္။ ဂြါဒီယိုလာကေတာ့ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲခ်င္တယ္ဆိုရင္
ၿပီးျပည့္စုံလုနီးပါးျဖစ္ဖို႔လိုတယ္လို႔ သူ႔အသင္းကို သတိေပးထားပါတယ္။
မန္စီးတီးက ၁၂ ပြဲဆက္အႏိုင္ရခ်ိန္ လီဗာပူးနဲ႔ခ်ဲလ္ဆီးတို႔က ခရစၥမတ္ကာလမွာ
အမွတ္ဆုံးရႈံးခဲ့ၾကလို႔ ေဘာလုံးေဝဖန္သူအမ်ားစုကေတာ့ ဂြါဒီယိုလာရဲ႕အသင္းကို
တစ္ေကာင္တည္းေျပးတဲ့ျမင္းအျဖစ္သာ သတ္မွတ္ပါေတာ့တယ္။
အာဖရိကဖလားေၾကာင့္ ဆာလာနဲ႔မာနီတို႔ကို လက္လႊတ္ခဲ့ရေပမယ့္ လီဗာပူးဟာ
ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၃ ပြဲဆက္အႏိုင္ရခဲ့တာပါ။ ဒါေပမဲ့လည္း ကေလာ့ပ္က
”မန္စီးတီးကို လိုက္မီဖို႔ ကြၽန္ေတာ္တို႔မွာ အခြင့္အေရးမရွိပါဘူး။
ဒါေပမဲ့ အဲဒါက ကြၽန္ေတာ္တို႔ႀကိဳးစားမွာမဟုတ္တဲ့အဓိပၸါယ္ေတာ့ မဟုတ္ပါဘူး”လု႔ိ
လက္စတာကိုအႏိုင္ရၿပီးေနာက္ ေျပာခဲ့တာပါ။
ေနာ္ဝစ္ခ်္နဲ႔ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္ေျပာခဲ့တာနဲ႔ပတ္သက္လို႔
ေမးျမန္းေတာ့ ဂြါဒီယိုလာက ”ကြၽန္ေတာ္ သူ႔ကို မယုံၾကည္ပါဘူး”လို႔ ေျဖခဲ့ပါတယ္။
လီဗာပူးဟာ လက္က်န္ပြဲအားလုံးႏိုင္ခဲ့ရင္ ၉၆ မွတ္အထိ ရရွိႏိုင္မွာျဖစ္လို႔ ဂြါဒီယိုလာက
သူ႔အသင္းအေနနဲ႔ ခ်န္ပီယံျဖစ္ခ်င္ရင္ အဲဒီရမွတ္အထိ ေရာက္ဖို႔လိုတယ္လို႔
ေမွ်ာ္မွန္းထားပါတယ္။ ရာသီသိမ္းဖို႔ ၁၅ ပြဲက်န္ေသးတာေၾကာင့္ အခုခ်ိန္ကေန
ရာသီကုန္ထိ လီဗာပူး ပြဲတိုင္းအႏိုင္ရႏိုင္တာ မျဖစ္ႏိုင္စရာမဟုတ္ေၾကာင္း
ဂြါဒီယိုလာက အခိုင္အမာဆိုခဲ့တာပါ။