ကလော့ပ်နဲ့နည်းပြအဖွဲ့ဝင် ၃ ဦး လိုက်ပါနိုင်ခြင်းမရှိတဲ့ ချဲလ်ဆီးနဲ့ပွဲ

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်ဟာ ကိုဗစ်ဖြစ်နေတာကြောင့်

တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ကစားရမယ့်အဝေးကွင်းပွဲကို

လိုက်ပါကြီးကြပ်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

သူဟာလက်ရှိမှာ ရောဂါနဲ့ပတ်သက်တဲ့လက္ခဏာရှိနေပေမယ့်

ပြင်းထန်ခြင်းမရှိဘဲပုံမှန်အတိုင်းသာရှိနေပါတယ်။

ဒါပေမယ့်သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်လို့ ချဲလ်ဆီးနဲ့ပွဲကိုလက်ထောက်ဖြစ်တဲ့

ပက်ပင်လိန်ဒါ ကသာတာဝန်ယူရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ

ပြီးခဲ့တဲ့သောကြာနေ့က တစ်သင်းလုံးကိုဆေးစစ်ခဲ့ပြီးနောက်

ကိုဗစ်ဖြစ်သူ ၃ ယောက်တွေ့ခဲ့ပြီးဖြစ်တယ်လို့ ကလော့ပ်ကအတည်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့်နောက်ဆုံး ၂၄ နာရီအတွင်းဆေးစစ်မှုမှာတော့

ကလော့ပ်အပါအဝင်နည်းပြအဖွဲ့ဝင် ၃ ဦးမှာ ကိုဗစ်ပေါ့စတစ်ဖြစ်ကြောင်း

သံသယတွေတွေ့ရှိခဲ့ရတာပါ။အခုလိုမျိုးကိုဗစ်ဖြစ်နေတဲ့ ကစားသမားအချို့ရော

ပေါ့စတစ်သံသယအဖြစ်သတ်မှတ်ခံထားရတဲ့ ကလော့ပ်နဲ့နည်းပြအဖွဲ့ဝင် ၃ ဦးပါ

လိုက်ပါနိုင်ခြင်းမရှိပေမယ့် လီဗာပူးဘက်ကတော့ ချဲလ်ဆီးနဲ့ပွဲကို

ရွှေ့ပေးဖို့တောင်းဆိုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

သောကြာနေ့ကအတည်ပြုခဲ့တဲ့ ကိုဗစ်ဖြစ်နေသူ ၃ ဦးရဲ့အမည်ကိုတော့

လီဗာပူးဘက်က ထုတ်ပြန်ချင်းတော့မရှိသေးပါဘူး။

အင်္ဂလန်မှာ ကိုဗစ်ပျံနှံမှုတွေပိုမိုများပြားလာမှုနဲ့အတူ ပရီးမီးယားလိဂ်ကိုလည်း

ထိခိုက်လာနေလို့ ပြီးခဲ့တဲ့ ၃ ပတ်အတွင်းမှာ ရွှေ့ခဲ့ရတဲ့ပွဲပေါင်း ၁၈ ပွဲအထိရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ပွဲကိုလည်း လိဒ်အသင်းမှာ

ကိုဗစ်ဖြစ်သူတွေများနေပြီး ကစားသမား ၁၄ ယောက်အထိစာရင်းတင်နိုင်ခြင်းမရှိလို့

ရွှေ့ဆိုင်းခဲ့ရပြီးဖြစ်ပါတယ်။ ကလော့ပ်ဟာ ကိုဗစ်ဖြစ်မှာကြောက်တဲ့သူဖြစ်ပြီး

ကစားသမားတွေကို ကာကွယ်ဆေးထိုးဖို့တိုက်တွန်းသလို

ဆေးမထိုးထားတဲ့ကစားသမားကိုလည်း လီဗာပူးက

ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ပြောထားတာပါ။

zawgyi

ကေလာ့ပ္နဲ႔နည္းျပအဖြဲ႕ဝင္ ၃ ဦး လိုက္ပါႏိုင္ျခင္းမရွိတဲ့ ခ်ဲလ္ဆီးနဲ႔ပြဲ

ကိုဗစ္ျဖစ္ေနလို႔ အေရးပါတဲ့ခ်ဲလ္ဆီးနဲ႔ပြဲကို ႀကီးၾကပ္ႏိုင္ေတာ့မွာမဟုတ္တဲ့ ကေလာ့ပ္

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္ဟာ ကိုဗစ္ျဖစ္ေနတာေၾကာင့္

တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးနဲ႔ကစားရမယ့္အေဝးကြင္းပြဲကို

လိုက္ပါႀကီးၾကပ္ႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ သိရပါတယ္။

သူဟာလက္ရွိမွာ ေရာဂါနဲ႔ပတ္သက္တဲ့လကၡဏာရွိေနေပမယ့္

ျပင္းထန္ျခင္းမရွိဘဲပုံမွန္အတိုင္းသာရွိေနပါတယ္။

ဒါေပမယ့္သီးသန႔္ခြဲျခားေနထိုင္ရမွာျဖစ္လို႔ ခ်ဲလ္ဆီးနဲ႔ပြဲကိုလက္ေထာက္ျဖစ္တဲ့

ပက္ပင္လိန္ဒါ ကသာတာဝန္ယူရမွာျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ

ၿပီးခဲ့တဲ့ေသာၾကာေန႔က တစ္သင္းလုံးကိုေဆးစစ္ခဲ့ၿပီးေနာက္

ကိုဗစ္ျဖစ္သူ ၃ ေယာက္ေတြ႕ခဲ့ၿပီးျဖစ္တယ္လို႔ ကေလာ့ပ္ကအတည္ျပဳခဲ့ပါေသးတယ္။

ဒါေပမယ့္ေနာက္ဆုံး ၂၄ နာရီအတြင္းေဆးစစ္မႈမွာေတာ့

ကေလာ့ပ္အပါအဝင္နည္းျပအဖြဲ႕ဝင္ ၃ ဦးမွာ ကိုဗစ္ေပါ့စတစ္ျဖစ္ေၾကာင္း

သံသယေတြေတြ႕ရွိခဲ့ရတာပါ။အခုလိုမ်ိဳးကိုဗစ္ျဖစ္ေနတဲ့ ကစားသမားအခ်ိဳ႕ေရာ

ေပါ့စတစ္သံသယအျဖစ္သတ္မွတ္ခံထားရတဲ့ ကေလာ့ပ္နဲ႔နည္းျပအဖြဲ႕ဝင္ ၃ ဦးပါ

လိုက္ပါႏိုင္ျခင္းမရွိေပမယ့္ လီဗာပူးဘက္ကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲကို

ေ႐ႊ႕ေပးဖို႔ေတာင္းဆိုသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ေသာၾကာေန႔ကအတည္ျပဳခဲ့တဲ့ ကိုဗစ္ျဖစ္ေနသူ ၃ ဦးရဲ႕အမည္ကိုေတာ့

လီဗာပူးဘက္က ထုတ္ျပန္ခ်င္းေတာ့မရွိေသးပါဘူး။

အဂၤလန္မွာ ကိုဗစ္ပ်ံႏွံမႈေတြပိုမိုမ်ားျပားလာမႈနဲ႔အတူ ပရီးမီးယားလိဂ္ကိုလည္း

ထိခိုက္လာေနလို႔ ၿပီးခဲ့တဲ့ ၃ ပတ္အတြင္းမွာ ေ႐ႊ႕ခဲ့ရတဲ့ပြဲေပါင္း ၁၈ ပြဲအထိရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့လီဗာပူးနဲ႔ လိဒ္ယူႏိုက္တက္တို႔ရဲ႕ပြဲကိုလည္း လိဒ္အသင္းမွာ

ကိုဗစ္ျဖစ္သူေတြမ်ားေနၿပီး ကစားသမား ၁၄ ေယာက္အထိစာရင္းတင္ႏိုင္ျခင္းမရွိလို႔

ေ႐ႊ႕ဆိုင္းခဲ့ရၿပီးျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ကိုဗစ္ျဖစ္မွာေၾကာက္တဲ့သူျဖစ္ၿပီး

ကစားသမားေတြကို ကာကြယ္ေဆးထိုးဖို႔တိုက္တြန္းသလို

ေဆးမထိုးထားတဲ့ကစားသမားကိုလည္း လီဗာပူးက

ေခၚယူသြားမွာမဟုတ္ဘူးလို႔ ေျပာထားတာပါ။