ကလော့ပ်ကို ၁၀ ပွဲလောက်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ ဆပ်တန်ပြော

မန်စီးတီးနဲ့ပွဲစဉ်မှာ အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ဟာ ၁၀ ပွဲလောက်အထိကို ပွဲပယ်ခံရသင့်တယ်လို့ ဘောလုံးရေးရာ ဝေဖန်သူတစ်ဦးဖြစ်တဲ့ ခရစ္စဆပ်တန်က ပြောဆိုလိုက်ပါတယ်။

အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး ဆာလက်ရှ်အပေါ် ဘာနာဒိုဆေးလ်ဗားက ပြစ်ဒဏ်ကျူးလွန်တာကို ပြစ်ဒဏ်မပေးခဲ့တဲ့ စည်းကြပ်ဒိုင် ဂရေးဘီဝစ်ကို ဒေါသတကြီး ကြိမ်းမောင်းပြစ်တင်ခဲ့တဲ့ ကလော့ပ်ဟာ ပွဲပြီးခါနီးမှာ အနီကတ် နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ပွဲအပြီးမှာတော့ သူ့ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဂျာမန်သားနည်းပြက ပြန်တောင်းပန်ထားတာတော့ ရှိပါတယ်။

‘’အဲဒီအခြေ အနေမျိုးမှာ ဆတ်ခဲနဲ ဖြစ်သွားခဲ့တာပါ။ အဲဒီအတွက် ကျွန်တော် ဂုဏ်ယူနေ တာမျိုး မရှိပါဘူး။

ကျွန်တော်က အနီကတ်နဲ့ ထိုက်တန်ပါတယ်။ ဒီအခြေ အနေအပေါ် ကျွန်တော် ရှုမြင်ခဲ့ပုံက ပုံမကျခဲ့ပါဘူး’’ လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က တော့ ကလော့ပ်ကို စွဲချက်တင်ထားပြီဖြစ်ပါတယ်။ ဒါပေမဲ့ အပြီးသတ် ဆုံး ဖြတ်ချက် ချမှတ်တာမျိုး မရှိသေးသလို ကလော့ပ်ဟာလည်း လာမယ့် သော ကြာနေ့အထိ အယူခံဝင်ခွင့် ရှိနေပါသေးတယ်။

ကွင်းထဲမှာ ဒီလို ဖြစ်ရပ်မျိုး တွေ ရှိနေတဲ့အတွက် ဒိုင်လူကြီးတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပြီး လီဗာပူးနည်းပြကို ၁၀ ပွဲလောက်အထိ ပြစ်ဒဏ်ပေးသင့်တယ်လို့ ဆပ်တန်က ပြောကြားခဲ့ပါတယ်။

‘’အဲဒီကတည်းက ကလော့ပ်ဟာ သူမှား တယ်ဆိုတာကို သိပြီးသားပါ။ သူလုပ်နိုင်တာကလည်း ဒါပဲရှိတာပဲလေ။

ဒါပေမဲ့ ဒိုင်တွေအပေါ်မှာ အခုလိုမျိုး ပြုမူဆက်ဆံနေတာတွေကို တားဆီး ချင်တယ်ဆိုရင် ဒီလိုအဖြစ်တွေကို ဟန့်တားဖို့အတွက် အက်ဖ်အေက သေ ချာအောင် လုပ်ပေးရမယ့် တာဝန်ရှိတယ်။

ဝက်စ်ဟမ်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ကလော့ပ်က ကြီးကြပ်ခွင့်ရဦးမယ်တဲ့။ အဲဒါလည်း မှားတယ်။ သူက အနည်း ဆုံး ၃ ပွဲလောက် အပယ်ခံရမှာ။ ၆ ပွဲလောက်လည်း ဖြစ်သင့်တယ်။ ၁၀ ပွဲ အထိတောင် ဖြစ်သင့်တာပါ’’ လို့ ဘလက်ဘန်း ကစားသမားဟောင်း ဆပ် တန်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ကေလာ့ပ္ကို ၁၀ ပြဲေလာက္အထိ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္သင့္တယ္လို႔ ဆပ္တန္ေျပာ
====================
မန္စီးတီးနဲ႔ပြဲစဥ္မွာ အနီကတ္ျပၿပီး ထုတ္ပယ္ခံခဲ့ရတဲ့ လီဗာပူးနည္းျပ ဂ်ာဂင္ ကေလာ့ပ္ဟာ ၁၀ ပြဲေလာက္အထိကို ပြဲပယ္ခံရသင့္တယ္လို႔ ေဘာလုံးေရးရာ ေဝဖန္သူတစ္ဦးျဖစ္တဲ့ ခရစၥဆပ္တန္က ေျပာဆိုလိုက္ပါတယ္။

အဲဒီပြဲစဥ္မွာ တိုက္စစ္မႉး ဆာလက္ရွ္အေပၚ ဘာနာဒိုေဆးလ္ဗားက ျပစ္ဒဏ္က်ဴးလြန္တာကို ျပစ္ဒဏ္မေပးခဲ့တဲ့ စည္းၾကပ္ဒိုင္ ဂေရးဘီဝစ္ကို ေဒါသတႀကီး ႀကိမ္းေမာင္းျပစ္တင္ခဲ့တဲ့ ကေလာ့ပ္ဟာ ပြဲၿပီးခါနီးမွာ အနီကတ္ နဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။ ပြဲအၿပီးမွာေတာ့ သူ႔ရဲ႕ အျပဳအမူနဲ႔ပတ္သက္ၿပီး ဂ်ာမန္သားနည္းျပက ျပန္ေတာင္းပန္ထားတာေတာ့ ရွိပါတယ္။

‘’အဲဒီအေျခ အေနမ်ိဳးမွာ ဆတ္ခဲနဲ ျဖစ္သြားခဲ့တာပါ။ အဲဒီအတြက္ ကြၽန္ေတာ္ ဂုဏ္ယူေန တာမ်ိဳး မရွိပါဘူး။ ကြၽန္ေတာ္က အနီကတ္နဲ႔ ထိုက္တန္ပါတယ္။

ဒီအေျခ အေနအေပၚ ကြၽန္ေတာ္ ရႈျမင္ခဲ့ပုံက ပုံမက်ခဲ့ပါဘူး’’ လို႔ ကေလာ့ပ္က ေျပာဆို ခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေတာ့ ကေလာ့ပ္ကို စြဲခ်က္တင္ထားၿပီျဖစ္ပါတယ္။

ဒါေပမဲ့ အၿပီးသတ္ ဆုံး ျဖတ္ခ်က္ ခ်မွတ္တာမ်ိဳး မရွိေသးသလို ကေလာ့ပ္ဟာလည္း လာမယ့္ ေသာ ၾကာေန႔အထိ အယူခံဝင္ခြင့္ ရွိေနပါေသးတယ္။

ကြင္းထဲမွာ ဒီလို ျဖစ္ရပ္မ်ိဳး ေတြ ရွိေနတဲ့အတြက္ ဒိုင္လူႀကီးေတြကို အကာအကြယ္ေပးဖို႔ လိုအပ္ေနၿပီ ျဖစ္ၿပီး လီဗာပူးနည္းျပကို ၁၀ ပြဲေလာက္အထိ ျပစ္ဒဏ္ေပးသင့္တယ္လို႔ ဆပ္တန္က ေျပာၾကားခဲ့ပါတယ္။

‘’အဲဒီကတည္းက ကေလာ့ပ္ဟာ သူမွား တယ္ဆိုတာကို သိၿပီးသားပါ။ သူလုပ္ႏိုင္တာကလည္း ဒါပဲရွိတာပဲေလ။ ဒါေပမဲ့ ဒိုင္ေတြအေပၚမွာ အခုလိုမ်ိဳး ျပဳမူဆက္ဆံေနတာေတြကို တားဆီး ခ်င္တယ္ဆိုရင္ ဒီလိုအျဖစ္ေတြကို ဟန႔္တားဖို႔အတြက္ အက္ဖ္ေအက ေသ ခ်ာေအာင္ လုပ္ေပးရမယ့္ တာဝန္ရွိတယ္။

ဝက္စ္ဟမ္းနဲ႔ ကစားမယ့္ပြဲစဥ္မွာ ကေလာ့ပ္က ႀကီးၾကပ္ခြင့္ရဦးမယ္တဲ့။ အဲဒါလည္း မွားတယ္။ သူက အနည္း ဆုံး ၃ ပြဲေလာက္ အပယ္ခံရမွာ။ ၆ ပြဲေလာက္လည္း ျဖစ္သင့္တယ္။ ၁၀ ပြဲ အထိေတာင္ ျဖစ္သင့္တာပါ’’ လို႔ ဘလက္ဘန္း ကစားသမားေဟာင္း ဆပ္ တန္က ေျပာဆိုသြားခဲ့ပါတယ္။