ကလော့ပ်ကတော့ ဒီရာသီပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို ဝေဖန်ပြောကြား
လီဗာပူးအသင်းနည်းပြ ကလော့ပ်ကတော့ ဒီရာသီပထမဆုံး
ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ဝက်စ်ဟမ်းနဲ့ပွဲက ကွင်းလယ်ဒိုင်
ခရိတ်ပေါလ်ဆင်ရဲ့ဆုံးဖြတ်ချက်တွေကို ဝေဖန်ပြောကြားလိုက်ပါတယ်။
ကလော့ပ်က “ကျွန်တော်ပြောတော့လည်း လူတွေက ဆင်ခြေပေးတယ်
ပြောဦးမယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့က ရှုံးပွဲမတွေ့ရအောင်ကောင်းတဲ့
အသင်းမဟုတ်ဘူးဆိုတာကို လက်ခံပါတယ်။ ဒီနေ့ရှုံးခဲ့ပါတယ်။ ဒါပေမယ့်
ပွဲတစ်ပွဲအခြေအနေကိုပြောမယ်ဆိုရင် ကွင်းလယ်ဒိုင်က ပုံမှန်ဆုံးဖြတ်ချက်တွေချမှတ်ဖို့လိုတယ်”
“ဒီနေ့မှာ အဓိက ကျတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးနဲ့
တချို့ အခြေအနေတွေဟာ ဒါနဲ့ ပြောင်းပြန် ဖြစ်ရမှာပါ။ သူတို့ သွင်းယူခဲ့တဲ့
ပထမဂိုးဟာ ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ပြီး ရသွားခဲ့တဲ့ ဂိုးပါ။
ဘယ်ကစားသမားလဲ ဆိုတာ ကျွန်တော် အတိအကျ မသိပေမယ့် သူ့ရဲ့
လက်မောင်းဟာ အလီဆွန်ရဲ့ လက်မောင်းကို ချိတ်ထားခဲ့တာကြောင့်
သူ ဒီဘောလုံးကို ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ? ဒီဆုံးဖြတ်ချက်ဟာ လုံး၀ အဓိပ္ပာယ် မရှိပါဘူး။”
“အလီဆွန်ရဲ့ ရှေ့မှာ ဝက်စ်ဟမ်း ကစားသမား ၂ ဦး ရှိနေပါတယ်။
ကျွန်တော်တို့ သူတို့ကို ရှင်းထုတ်လို့ မရပါဘူး။ တကယ်လို့ ဂိုးသမားက
သူတို့ကို ဖယ်ထုတ်လိုက်မယ် ဆိုရင် ပင်နယ်တီ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။
ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ? ဒါ့ကြောင့်လည်း ဂိုးသမားတွေကို ကာကွယ်ပေးထားတာပါ။”
“နောက်ဆုံးဖြတ်ချက် တစ်ခုဆိုရင်လည်း အာရွမ်ခရစ်စ်ဝဲလ်ဟာ
ဂျော်ဒန်ဟန်ဒါဆန် အပေါ် ဆိုးရွားတဲ့ challenge လုပ်ခဲ့ပါတယ်။
သူ့အနေနဲ့ ဘောလုံးကို အရင်ထိခဲ့တယ် ဆိုရင်တောင် ခန္ဓါ ကိုယ်ကိုတော့
ထိန်းချုပ်သွားရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် ၂ ခုဟာ ပွဲအပေါ်  များစွာ
လွှမ်းမိုးခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေကို ဝက်စ်ဟမ်းက လုပ်တာ မဟုတ်ပါဘူး။”
“ကျွန်တော်တို့အနေနဲ့ ဒိုင်လူကြီး ဆီကနေ ပုံမှန် ဆုံးဖြတ်ချက်ပဲ လိုအပ်ပါတယ်။
သူ့အတွက်လည်း မဟုတ် ကိုယ့်အတွက်လည်း မဟုတ်တဲ့ မျှတတဲ့
ဆုံးဖြတ်ချက်ပါ။ သူ ဒါကို မလုပ်ခဲ့ပါဘူး။” လို့ ဝေဖန်လိုက်ပါတယ်။
zawgyi