ကလပ်အသင်းတွေ အပြိုင်ခေါ်ယူချင်နေပေမယ့် မန်ယူကိုပဲ ရောက်ဖို့နီးစပ်တဲ့ ရေးဗားပလိတ်တိုက်စစ်မှူး

မန်ယူအသင်းဟာ အာဂျင်တီးနားကလပ်ရေးဗားပလိတ်အသင်းက

အသက် ၂၁ နှစ်သာရှိသေးတဲ့တိုက်စစ်မှူး ဂျူလီယန်အယ်လ်

ဗာရက်ဇ် ကိုခေါ်ယူဖို့နီးစပ်နေပြီလို့ သိရပါတယ်။ သူဟာ ရေးဗားပလိတ်အတွက်

၂၀၂၁ ထဲမှာလိဂ်ပွဲပေါင်း ၂၁ ပွဲသာကစားရသေးပေမယ့် ၁၈ ဂိုးသွင်းကာ

၇ ဂိုးဖန်တီးနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ခြေစွမ်းကြောင့် အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ

ရွေးချယ်ခံခဲ့ရသလို ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်တန်းကလပ်တွေကလည်း

ခေါ်ယူဖို့စိတ်ဝင်တစားစောင့်ကြည့်လာကြပါတယ်။

ဒီအထဲမှာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ အေစီမီလန်၊

ဖီအိုရင်တီးနားနဲ့ လေဗာကူဆင် တို့ပါဝင်ခဲ့ကြပြီး ဘာစီလိုနာဆိုရင်လည်း

ဘဏ္ဍာရေးအကျပ်အတည်းတွေ့နေလို့သာ ခေါ်ယူဖို့စီစဥ်ထားမှုကနေ

နောက်ဆုတ်ခဲ့တာပါ။ အာဂျင်တီးနားသတင်းစာတစ်စောင်ဖြစ်တဲ့ Ole ရဲ့ဖော်ပြချက်အရ

သူ့ကိုမကြာသေးခင် မန်ယူ၊ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုတို့က

ဆက်သွယ်ကမ်းလှမ်းခဲ့ကြသေးတာပါ။ သူ့ရဲ့စာချုပ်ပါတန်ကြေးကလည်း

ယူရိုသန်း ၂၀ သာဖြစ်လို့ ဥရောပထိပ်တန်းကလပ်တွေအတွက်

ဘာမှမဖြစ်လောက်တဲ့ပမာဏပါ။ ဒါပေမယ့် အာဂျင်တီးနားကယုံကြည်စိတ်ချရတဲ့

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆီဘတ်စတီယန်ဆာရာ ရဲ့အဆိုအရ မန်ယူအသင်းကသာ

အယ်လ်ဗာရက်ဇ် ကိုခေါ်ယူဖို့ပြီးခဲ့ရက်ပိုင်းကတည်းက

အရှိန်မြှင့်ကြိုးပမ်းလာခဲ့တာကြောင့် ကစားသမားအတွက်တွေ့ဆုံဆွေးနွေးမှုတွေက

လာမယ့်သီတင်းပတ်အနည်းငယ်အတွင်းမှာတင်ဖြစ်နိုင်ပြီး မန်ယူကိုဘဲ

ရောက်ဖို့နီးစပ်နေတယ်လို့ သိခဲ့ရတာပါ။

မန်ယူအသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ စီရော်နယ်ဒိုဟာအသက် ၃၆ နှစ်ရှိပြီဖြစ်သလို

ကာဗာနီကလည်းအနာဂတ် မသေချာတော့ဘဲ ဘာစီလိုနာဆီပြောင်းဖို့ရှိနေတာကြောင့်

တိုက်စစ်မှူးတစ်ဦးခေါ်ယူရေးဟာမန်ယူအတွက်ဦးစားပေးကိစ္စရပ်

ဖြစ်လာခဲ့ပါတယ်။ ရေးဗားပလိတ်ဘက်ကတော့ အယ်လ်ဗာရက်ဇ်ကို

အသင်းမှာဆက်ထိန်းဖို့ကြိုးစားမှာဖြစ်ပေမယ့် စာချုပ်တန်ကြေးအတိုင်း

ကမ်းလှမ်းလာရင်တော့ လက်လွှတ်ရနိုင်တယ်လို့ ဝန်ခံထားပါတယ်။

zawgyi

ကလပ္အသင္းေတြ အၿပိဳင္ေခၚယူခ်င္ေနေပမယ့္ မန္ယူကိုပဲ ေရာက္ဖို႔နီးစပ္တဲ့ ေရးဗားပလိတ္တိုက္စစ္မႉး

မန္ယူအသင္းဟာ အာဂ်င္တီးနားကလပ္ေရးဗားပလိတ္အသင္းက

အသက္ ၂၁ ႏွစ္သာရွိေသးတဲ့တိုက္စစ္မႉး ဂ်ဴလီယန္အယ္လ္

ဗာရက္ဇ္ ကိုေခၚယူဖို႔နီးစပ္ေနၿပီလို႔ သိရပါတယ္။ သူဟာ ေရးဗားပလိတ္အတြက္

၂၀၂၁ ထဲမွာလိဂ္ပြဲေပါင္း ၂၁ ပြဲသာကစားရေသးေပမယ့္ ၁၈ ဂိုးသြင္းကာ

၇ ဂိုးဖန္တီးႏိုင္ခဲ့သူျဖစ္ပါတယ္။ သူ႔ေျခစြမ္းေၾကာင့္ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ

ေ႐ြးခ်ယ္ခံခဲ့ရသလို ကမာၻ႔ေဘာလုံးေလာကရဲ႕ထိပ္တန္းကလပ္ေတြကလည္း

ေခၚယူဖို႔စိတ္ဝင္တစားေစာင့္ၾကည့္လာၾကပါတယ္။

ဒီအထဲမွာ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္၊ အင္တာမီလန္၊ ေအစီမီလန္၊

ဖီအိုရင္တီးနားနဲ႔ ေလဗာကူဆင္ တို႔ပါဝင္ခဲ့ၾကၿပီး ဘာစီလိုနာဆိုရင္လည္း

ဘ႑ာေရးအက်ပ္အတည္းေတြ႕ေနလို႔သာ ေခၚယူဖို႔စီစဥ္ထားမႈကေန

ေနာက္ဆုတ္ခဲ့တာပါ။ အာဂ်င္တီးနားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Ole ရဲ႕ေဖာ္ျပခ်က္အရ

သူ႔ကိုမၾကာေသးခင္ မန္ယူ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ အက္သလက္တီကိုတို႔က

ဆက္သြယ္ကမ္းလွမ္းခဲ့ၾကေသးတာပါ။ သူ႔ရဲ႕စာခ်ဳပ္ပါတန္ေၾကးကလည္း

ယူ႐ိုသန္း ၂၀ သာျဖစ္လို႔ ဥေရာပထိပ္တန္းကလပ္ေတြအတြက္

ဘာမွမျဖစ္ေလာက္တဲ့ပမာဏပါ။ ဒါေပမယ့္ အာဂ်င္တီးနားကယုံၾကည္စိတ္ခ်ရတဲ့

ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဆီဘတ္စတီယန္ဆာရာ ရဲ႕အဆိုအရ မန္ယူအသင္းကသာ

အယ္လ္ဗာရက္ဇ္ ကိုေခၚယူဖို႔ၿပီးခဲ့ရက္ပိုင္းကတည္းက

အရွိန္ျမႇင့္ႀကိဳးပမ္းလာခဲ့တာေၾကာင့္ ကစားသမားအတြက္ေတြ႕ဆုံေဆြးေႏြးမႈေတြက

လာမယ့္သီတင္းပတ္အနည္းငယ္အတြင္းမွာတင္ျဖစ္ႏိုင္ၿပီး မန္ယူကိုဘဲ

ေရာက္ဖို႔နီးစပ္ေနတယ္လို႔ သိခဲ့ရတာပါ။

မန္ယူအသင္းရဲ႕အဓိကတိုက္စစ္မႉးျဖစ္တဲ့ စီေရာ္နယ္ဒိုဟာအသက္ ၃၆ ႏွစ္ရွိၿပီျဖစ္သလို

ကာဗာနီကလည္းအနာဂတ္ မေသခ်ာေတာ့ဘဲ ဘာစီလိုနာဆီေျပာင္းဖို႔ရွိေနတာေၾကာင့္

တိုက္စစ္မႉးတစ္ဦးေခၚယူေရးဟာမန္ယူအတြက္ဦးစားေပးကိစၥရပ္

ျဖစ္လာခဲ့ပါတယ္။ ေရးဗားပလိတ္ဘက္ကေတာ့ အယ္လ္ဗာရက္ဇ္ကို

အသင္းမွာဆက္ထိန္းဖို႔ႀကိဳးစားမွာျဖစ္ေပမယ့္ စာခ်ဳပ္တန္ေၾကးအတိုင္း

ကမ္းလွမ္းလာရင္ေတာ့ လက္လႊတ္ရႏိုင္တယ္လို႔ ဝန္ခံထားပါတယ္။